စာနယ်ဇင်းကဗျာများ(၁၀)

(၁၀)

မောင်ထိန်လင်း(မြို့သာ) ……………….. အာဇာနည်ဗိမာန်ပုထိုး

မန္တလေးနေ့စဉ်(၁၉.၇.၂၀၁၆)

 

အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့…..။

မိုးဖွဲဖွဲ သည်းနေ၊ မသည်းနေ

သေနတ်ဖောက်သံ ပျံစေ၊ မပျံစေ

ဥသြဆွဲသံ မှန်စေ၊ မမှန်စေ

အလံ တိုင်ဝက် သက်စေ၊ မသက်စေ

ရထား ကား အထွေထွေ ရပ်စေ၊ မရပ်စေ

ဖျက်စီးလို့မရတဲ့ နှလုံးသားထက်က ပုထိုး

လပြည့်နေ့မှာ ရှိခိုးကြမယ်။

ဇူလှိုင်လ ၁၉ရက်

စနေနေ့မနက် ၁၀နာရီ ၃၇မိနစ်

တိုင်းပြည်ချစ်တဲ့သူတွေအတွက်

ဘ၀တွေ သစ်ပြကြမယ်။
သန္ဓေ၊ တောထွက်၊ ဓမ္မစက် မြင့်မြတ်တဲ့ ၀ါဆိုလပြည့်မှာ

မစားဘဲ စွန့်သွားရှာတဲ့ စွန့်စားသူတွေအတွက်

သင်္ကန်းကပ် ကုသိုလ်ပြု

သာဓုခေါ်ဖို့ အမျှဝေ

အဖေတို့၊ အဘိုးတို့ ငြိမ်းချမ်းကြပါစေ

မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းရပါစေ။

အာဇာနည် ဗိမာန်ပုထိုးမှာ

ရှိခိုးရင်း တောင်းဆုခြွေ၊

သန္နိဋ္ဌာန်ချစို့ မသွေ။
မောင်ထိန်လင်း(မြို့သာ)

၁-၇-၂၀၁၆ ည ၈း၄၀ နာရီ

3 thoughts on “စာနယ်ဇင်းကဗျာများ(၁၀)

Leave a reply to nwetnandarphoo Cancel reply