(၁၁)
မောင်ထိန်လင်း(မြို့သာ) ……………. ဓါတ်
သာကီအလင်း(၁.၉.၂၀၁၆)
မင်းလေးက ပထ၀ီ
ကိုယ့်ရဲ့ တည်နေရာ….
သီတတေဇော ချိုမြစေတယ်
ဥဏှတေဇော ရွှင်ပြစေတယ်….
ငါ့သွေးသားထဲ စီးဆင်းနေတဲ့ အချစ်တွေက
ချစ်ခြင်းဖွဲ့အရည်….
ဒက်ဒက်မြည်တိုင်း၊ လှုပ်ရှားတိုင်း၊ အသက်ရှူလိုက်တိုင်း ၀ါယော
စက္ကန့်မလပ်ခြင်းသဘောပါတယ်….
အာကာသ
ပွင့်ထွက်ခြင်း၊ဖွင့်ထွက်ခြင်းမက ကျယ်ပြန့်နက်ရှိုင်းခြင်းပါတယ်….
ပြုခြင်း၊ဖြစ်ခြင်း၊ရှိခြင်းတွေက ကံ…
စိတ်အကြံတိုင်း မင်း…
ပူပြင်းလည်း လွမ်း
အေးလည်း လွမ်း
ရာသီအချိန်မီလွမ်း…
စမ်းရေ အပန်းပြေစေသလို
အာဟာရ ညီမျှစေဖို့လိုတယ်ဆို…
ဒါကြောင့် မင်းက ဘဝပါလို့။ ။
မောင်ထိန်လင်း(မြို့သာ)
အာကာသ ပွင့်ထွက်ခြင်း၊ဖွင့်ထွက်ခြင်းမက ကျယ်ပြန့်နက်ရှိုင်းတယ်
LikeLiked by 1 person