စာနယ်ဇင်းကဗျာများ(၅)

(၅)

မောင်ထိန်လင်း(မြို့သာ)…… အသက်ကလေးရယ်… ရှည်စေလို

စံတော်ချိန်သတင်းစာ(၅.၅.၂၀၁၆)

အလွမ်းပြေဖို့
ကြိုးစား ဖြေလျော့တုန်း
ဗြုန်းစားကြီး ကျီးအာ
သတင်းဆိုးဝင်လာပါလေရော
….ခွဲခွာခြင်း…တဲ့
အပေါင်းအသင်းနဲ့ ကောင်
မယောင်ရာဆီလူး
သောကနတ်ပူးစေတယ်၊
ကျန်ခဲ့တာ သံယောဇဉ်
ချန်ခဲ့တာ နွယ်ရှင်ပင်
တစ်စင်
တစ်ငင်
တစ်မျှင် လျော့ပါး
ကြားလေ အသွေး
ဝေးသွားမလား´အတွေး
တချို့ ငေးတောင် မကြည့်ဖူးဘူး၊
….စစ်မှာတမူ
နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ…
ဗျာပါအတွေး
ခဏလေး ရပ်
မန္တလေး အိပ်မက်
အဖေရယ် အမေရယ်
သားနဲ့သမီး ဆက်မက်ကြရအောင်
အတွေးဖောင်ဖွဲ့ကြမယ်…ကဲ။

စာနယ်ဇင်းကဗျာများ(၄)

(၄)

မောင်ထိန်လင်း(မြို့သာ)-  ရွှေမန္တလေး… ကျုပ်တို့ရွှေမန္တလေး

ရတနာပုံသတင်းစာ(၂.၅.၂၀၁၆)

 

မန္တလေး…..

မန္တလေး…..

အဝေးက ချစ်၊ အဝေးက လွမ်းနေတုန်းက

အတွေးထဲမှာ

သနပ်ခါးရနံ့ သင်းသင်း

ရွှေခြေချင်း ယဉ်

စက်ဘီးကလေး ကလင် ကလင်နဲ့

ပြုံးရွှင်ချိုမြ ဖော်ရွေကြတယ်ပေါ့။

ပထမဆုံးတစ်ခေါက်

အဖေနဲ့ရောက်တုန်းက

ရထားပေါက်က အဆင်း

အတင်းခေါ်ကျွေးတဲ့ ထမင်းဆိုင်

အပြိုင်အဆိုင်မြည်းခိုင်းတဲ့ ထိုးမုန့်တန်း

အိုး… တိုး… အန်း… တမ်း

တိုးဝှေ့သွားခဲ့ရတယ်။

ရွာ စာအုပ်ဆိုင်ထက်

နံ့သာဆီလောက်ကွာတဲ့ နဂါးစာပေ

အဖေနဲ့ဝင်မွှေတော့

စာပေချစ်သူတွေ

တချို့က ရွေး၊ တချို့က မေး

တချို့က ကိုင်၊ တချို့က ထိုင်

တချို့က စမ်း၊ တချို့က မြန်း

ခုဆို အဲဒီအလွမ်းပန်းချီကားလေး

ဆေးသားတောက်ပနေသေးလား။

အဝေးနေရာကနေ

မင်းရင်ခွင်ထဲ တိုးဝင်လာတဲ့သူကို

ဘာနဲ့ကြိုနေမလဲ မန္တလေး

ငယ်ငယ်ကချစ်ရတဲ့ ငယ်ချစ်ရေ

အသစ်တွေ မော်ဒန်တွေ

ခေတ်ရေစီးကြောင်းအလိုက်

တိုက်တွေ တာတွေ

ရုပ်အသွင်ဘယ်လိုပြောင်းပြောင်း

မဟောင်းနိုင်တဲ့ယဉ်ကျေးမှု အနုပညာတွေနဲ့

မင်းဟာ လှနေမယ်လို့ ယုံကြည်ပါတယ်

အပြုံးနဲ့ ကြိုပါ… မန်း။

 

 

စာနယ်ဇင်းကဗျာ(၃)

(၃)

မောင်ထိန်လင်း(မြို့သာ)-  မန္တလေးရယ်၊ ငါရယ်၊ နန်းတော်ကြီးရယ်

စံတော်ချိန်သတင်းစာ(၂၈.၄.၂၀၁၆)

အသက်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့
တချို့က ဘုရားခြေတော်ရာရှိတဲ့ မန်းချောင်းနဲ့ မန်းတောင်ရိပ်လို့
ကြိတ်မှိတ်ငြင်းခုန်ပေမယ့်
ငါ့အတွက်ကတော့ မန္တလေးတောင်တော်အရိပ်
အေးငြိမ့်ချင်တယ်
သူက အညာရဲ့ အိုအေစစ်၊ ငါ့ရဲ့ အချစ်ဖြစ်တယ်။

စခန်းမဝေးတဲ့ မန္တလေးဆိုတာ
စာမှာ၊ ကဗျာမှာ၊ သီချင်းမှာ၊ လူတကာရဲ့ နှုတ်ဖျား
ခရားရေလွှတ်တတွတ်တွတ်ရွတ်နေပေမယ့် မပြည့်စုံ
မန်းတောင်ကြီး ငုံ ပြောတောင် မလေးနက်
ပါဠိအဋ္ဌကထာအောက်ထက်ညှိလည်း
ပီတိမရွှန်း မဖိတ်
ငါက မန္တလေးသားသိပ်ဖြစ်ချင်ခဲ့တယ်။

ရွှေမှန်ကင်းက ထင်းဖြစ်ခဲ့တယ်ဆိုပေမယ့်
ရွှေမြန်မာတို့ရဲ့ ဂုဏ်သတင်း
လေပြေညှင်းတဲ့ တော်ဝင်ပန်း
ဒါက တော်ဝင်နန်းတော်၊
မျှော်မှန်းတွေးကြည့်ရုံနဲ့ ကြက်သီးထ
ရာဇဋ္ဌာနေ၊ နေပြည်တော် တံဆိပ်
နှလုံးသားမှာ ခပ်နှိပ်ထားတယ်။

မြန်မာဆိုတာ ကျွန်သဘောက်သားမဟုတ်ဘူးတဲ့။

စာနယ်ဇင်းကဗျာများ(၂)

 – ပတ်​လမ်း​ပေါ်တွင်​ ကမ္ဘာလုံးဝန်းရခြင်းအ​ကြောင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

မျက်​လုံး​တွေ
အချင်းချင်း ဆုံတဲ့အခါ ကြည်​နူးရ
နှုတ်​ခမ်း​တွေ
အချင်းချင်း ဆုံတဲ့အခါ ရွှင်​ပြရ
နား​တွေ
အချင်းချင်း ဆုံတဲ့အခါ ချမ်း​မြေ့ရ
လည်​​တွေ
အချင်းချင်း ဆုံတဲ့အခါ ၀မ်းသာရ
ရင်​ဘတ်​​တွေ
အချင်းချင်း ဆုံတဲ့အခါ နားလည်​ရ
လက်​​တွေ
အချင်းချင်း ဆုံ၊ ချုပ်​ချယ်​စိုးမိုး​နေရင်
ခြေ​တွေ
အချင်းချင်း ရှုပ်​၊ လမ်းမ​တွေ့​တော့ဘူး။
ကမ္ဘာ
လုံးဝန်းလာတယ်​။

စာနယ်ဇင်းကဗျာများ

မောင်ထိန်လင်း(မြို့သာ) – စစ် 

(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆

ဖြစ်နိုင်ရင် ရေတောင် စစ်မသောက်ချင်ဘူးတဲ့
ဂျပန့်ခေတ် လူဖြစ်ရတဲ့သူတွေကပြောတယ်
လူပုံမပေါက်တော့ လူလို့ကို ကျိန်ပြောရတယ်တဲ့
လူမမြင်ဘူးတော့ လူကြည့်ချင်ကြသတ့ဲ
ကောင်းကင်.. ..ကျွဲကြီးတွေ
မြေပြင်…..ဘောင်းဘီဝတ် ဘီလူးတွေ
မြင် မြင်သမျှ ….သုသာန်
အသံမှန်သမျှ နားစွင့်လန့်နိုး
လေတိုးသံလား?
လေးသံလား?
ကျီးလန့်စာ စားခဲ့ရသတဲ့။

မငြိမ်းသေးဘူး
မာယာပြာဖုံးထားသလိုမျိုး

မငြိမ်းသေးဘူး
အတ္တဖွဲမီးလိုမျိုး

မငြိမ်းသေးဘူး
လောဘအတွင်း လှိုက်သလိုမျိုး

မငြိမ်းသေးဘူး
သံလြင္ခက္မပ် ံတတ္သလိုမ်ဳိ း

မငြိမ်းသေးဘူး
နှုတ်ခမ်းလျှာသိမ်း ရမ္မက်လိမ်းသလိုမျိုး

မငြိမ်းသေးဘူး
ပုထုဇန္နနဲ့
အနုသယမပြတ်သလိုမျိုး

မငြိမ်းသေးဘူး
ပါးကွက်သားတွေ မေတ္တာ မပွားတတ်သလိုမျိုး

မငြိမ်းသေးဘူး.. ..
မငြိမ်းသေးဘူး.. …
Homeostasis နဲ့ လူတွေဖြစ်နေသမျှ
စစ်က မျိုးရိုးလိုက်နေဦးမယ်။

*ပုထုဇန္န= အနိမ့်ဆုံးဖြစ်သော သောတာပန်မဖြစ်သေးသော ပုထုဇဉ်ဘ၀။
*အနုသယ= အနုသယကိလေသာ= အတွင်းထဲပုန်းနေတတ်သော ကိလေသာ။
*Homeostasis = ကိုယ်ခန္ဓာအတွင်းရှိ ချိန်ညှိပေးသော စနစ်။

အသည်းငယ်တဲ့မိုး

 မောင်ထိန်လင်း(မြို့သာ)

        အသည်းငယ်တဲ့ မိုး

 

                 

 

 

မှော်ဝင်တဲ့ကဗျာဆရာ

တစ်                                   

ကမ္ဘာကြီးရဲ့အသက်ရှူသံဟာ ကဗျာ…ကဗျာနဲ့ကင်းတာဘယ်အရာမှမရှိ…။

အဆုံးမရှိသောစီးဆင်းချင်းဖြင့်အမှန်တရားကို ပွေ့ဖက်နိုင်ခဲ့ပြီ။ ပူပင်သောကတွေများပြားလွန်းလှတဲ့ လောကကြီးကိုနှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် နားလည်တက်ခဲ့ပြီ။ ထာဝရရှင်သန်ချင်းတို့ဖြင့်ကြည်နူးဆွတ်

ပျံ့ဖွယ်ကောင်းသော နေရာကိုရှာဖွေတွေ့ရှိခဲ့ပြီ။

နှစ်

နားလည်မှု + အမှန်တရား + ရှင်သန်ခြင်း = ကဗျာ

အမှန်တရား ရှင်သန်ခြင်း နားလည်မှု့၊ ရှင်သန်ခြင်း အမှန်တရား နားလည်မှုတို့ဟာ သုံးနားညီတဲ့တြိဂံတစ်ခု…။

ဘယ်အနားမှ ဖြတ်ပစ်လို့မရ။

ဘဝရဲ့ရှင်သန်ခြင်း၊ ဘဝရဲ့ အမှန်တရား၊ ဘဝရဲ့နားလည်မှုတို့ဖြင့် ကမ္ဘာကြီး သက်တော်ရာကျော်ရှည်ခဲ့ပြီ။ နားလည်မှုတွေလွဲလို့မရ ၊ ရှင်သန်ခွင့်တွေ သေဆုံးလို့မဖြစ် ၊ အမှန်တရားတွေ အပျောက်အကွယ် မခံနိုင် ။ ကြီးမြတ်တဲ့ နှလုံးသားရဲ့ဝိညာဉ် ၊

ခမ်းနားလှတဲ့ အိမ်မက်ရဲ့နန်းတော်။ ကဗျာနဲ့တသွေးတည်းတသားတည်း။ သူ့အသွေးအသားဟာလည်း ကဗျာ၊ ကဗျာနှင့် ကဗျာဆရာရဲ့ ပဲ့တင်သံတို့ကို မခွဲခြားစကောင်း ။

သူ့နှလုံးခုန်သံဟာ ကဗျာ…

ကဗျာကိုပုံပြီး ယုံကြည်ခဲ့တယ်…။

ကဗျာဟာ လူတိုင်းနဲ့ တည့်ပါတယ်။

သုံး

ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)က ကဗျာတွေကို ရေးသည် ဖွဲ့သည်။

၁၉၉၄ ခုနှစ်ကရေးတဲ့ ကဗျာတွေပါသလို ၂၀၁၁ ခုနှစ်ထဲမှာ ရေးဖွဲ့သော ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ကဗျာတွေကိုလည်း ဖတ်ရသည်။ ၁၉၉၄ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်အထိ ဆယ့်ရှစ်နှစ်လုံးလုံးကဗျာတွေရေးဖွဲ့ခဲ့သည်။ စိတ်ကူးပုံရိပ်လွှာ ရင်ခုန်သံ လှိုင်းလေကြားထဲမှာ ကူးခတ်ခဲ့ရသည်။ အပြောကျယ်တဲ့ ပင်လယ်ထဲမှာ ရွက်လွှင့်သွားခဲ့ရတာမဟုတ်၊ လက်ပစ်ကူးခတ်ခဲ့ရတာ။

ခုတော့ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ) ကဗျာကျောက်ဖျာကို တွေ့ရှိသွားခဲ့ပြီ။ ကဗျာနှင့် ဆက်ထားသော သူ့အသက်သည် ဘယ်တော့မှ မသေတော့။ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)ဟာ

ကဗျာတွေ ရေးခဲ့တယ်။ ယခုလည်း ရေးနေဆဲ… နောက်လည်း ရေးနေဦးမယ်။

ကဗျာဆရာဖြစ်ဖို့ ဒုလ္လဘတရားဖြစ်သလို ကဗျာတစ်ပုဒ်ရဖို့လည်း ဒုလ္လဘတရားတစ်ခုပါပဲ။ ခေတ်ကြီးက မြန်နှုန်းမြင့်မြင့်နဲ့ ရွေ့လျားနေခဲ့တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သားရေးသမီးရေး စတဲ့ အရေးတွေနဲ့ မအားလပ်ရအောင် အချိန်ဇယားပြည့် လူးလာခေါက်တုံ့ ပြေးလွှားနေရဆဲ။ အတ္တလွန်ကဲသော ရူပရုပ်တရားပေါ်တွင် သောင်တင်လာခဲ့ကြတယ်။ စိတ္တဇနာမ်တွေအတွက် အချိန်မပေးနိုင်ကြတော့။

စိတ်ကူးပုံရိပ်တွေနဲ့ လျှပ်ကူးထားသော အိပ်မက်တွေ မိုးခေါင်ပါးလျလာခဲ့တယ်။ တစ်ခါတစ်ရံမှသာ အမောဖောက် ရောက်လာတတ်ကြသည်။

ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ) က ကဗျာအတွက် အချိန်တွေ တော်တော်ပေးထားတယ်။ တွေးတွေးဆဆ နက်နက်နဲနဲလည်း ရှိတယ်။ မောင်ထိန်လင်း(မြို့သာ)ကို ကျွန်တော် မတွေ့မမြင်ဖူးပါဘူး။

ကဗျာကလေးတွေကို ဖတ်ရတယ်။ ဒီလိုနဲ့ ကဗျာဆရာကို တွေ့ရှိသွားခဲ့ရတာပါပဲ။

ခေတ်ရဲ့ တိုက်စားခြင်းကို လူတွေသာမက ကဗျာတွေလည်း တိုက်စားခံကြရတယ်။ ကဗျာတွေမှာ တွေ့နိုင်တယ်။ ဒါပေမယ့် ကဗျာဆရာကတော့ ကဗျာတွေရေးပြီး ငြိမ်ချမ်းစွာ လွတ်မြောက်နေခဲ့တယ်။

လေး

ကဗျာဆရာရဲ့ ကဗျာမှာ ရုပ်တရားကို တွေ့ရှိရသလို နာမ်တရားကိုလည်း တွေ့ရှိရမည်။

အလင်းကို တွေ့နိုင်သလို အမှောင်ကိုလည်း တွေ့ရှိရမည်။

အဖြစ်ကို တွေ့ရှိနိုင်သလို အပျက်ကိုလည်း တွေ့ရှိရမည်။
အချစ်ကို တွေ့ရှိနိုင်သလို အမုန်းကိုလည်း တွေ့ရှိရမည်။

ရုပ်ရှင်ကြီးမပြသေးခင်း ကောင်းနိုးရာ အခန်းစဉ်လေးတွေကို နမူနာထိုး ပြသတင်ဆက်သလို…။ ကဗျာဆရာရဲ့ နှလုံးခုန်သံအချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ကဗျာဆိုတာ မဖတ်သေးဘဲထားရင် စကားလုံးတွေပဲ ဖြစ်တယ်။ ဖတ်ကြည့် ခံစားကြည့်လိုက်မှ ကူးလူးဆက်ဆံ ထိမှန်သွားတယ်။ အဲဒီအချိန်အခါမှသာ ကဗျာမြောက်သွားတယ်။ ကဗျာအရာရောက်သွားတယ်…။ ခံစားကြည့် ဖတ်ကြည့်ပါဦး…။

ပန်းငုံပန်းသစ်

ဖူးပုရစ်လည်း

နေ့သစ်တေးချို သူဆိုပြီ…။

(မှော်ဝင်အနမ်း)

နွားရေစာခက်

လူလည်းငတ်လိမ့်

မိုးမိန့်မချ

မိုးမကျလျှင်။

(ရွာ့ဒုက္ခ)

ရော်ရွက်ရီဝါ၊ မဲခြောက်လာ၍

လေသွေ့အတိုက်၊ ဝေ့ဝိုက်ရုံဖြင့်

နန်းဆင့်ဘုံမှ၊ ကြွေကျရှာသည်

အနစ္စမည်သား။

(အနစ္စ)

ရည်မှန်းချက်နှင့် အခြေအနေဟာ

ကတောက်ကဆဖြစ်တိုင်း

လက်ရှိ​ဝါသနာ အရေခွံထပ်ထပ်လဲ

အရောင်မွဲနေပြီတဲ့။

(လမ်းခွဲကလေးများ)

“အတ္တဟိ အတ္တနော နာထော”

သဘောမှန်စွာ

မိမိကိုယ်သာ ကိုးကွယ်ရာတဲ့

စိတ္တာဥယျာဉ် အချိုပင်စိုက်

နောက်လိုက်အကျိုး၊ မညှိုးဒိဋ္ဌ

သစ်သီးချိုချို ရမယ်တဲ့။

(ဘဂဝါ)

တချို့ မထင်ပေါ်ပေမယ့်

ရွှင်ပျော်စေတတ်တဲ့ အနုပညာပြကွက်တွေရှိတယ်။

(လူရွှင်တော်)

ငါး

ကဗျာဆရာဟာ ကဗျာတွေရေးပြီး ငြိမ်းချမ်းစွာ လွတ်မြောက်နေတယ်။ ဒါဟာ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)ရဲ့ လျှို့ဝှက်ချက်ပါပဲ….။ ကဗျာတွေဖတ်ပြီး လွတ်လပ်ငြိမ်းချမ်းနိုင်ကြပါစေ…။

 

မောင်နီဦး

၁၄-ဂျူလိုင်-၂၀၁၁

 

 

 

 

 

 

 

 

 

 

 

 

 

မာတိကာ

စဉ် အမည် ရေးဖွဲ့သည့်ခုနှစ် စာမျက်နှာ
၁။ အလွမ်း ၁၉၉၄
၂။ အချစ်ထောင် ၁၉၉၅
၃။ ရလာဒ် ၉-၉-၁၉၉၅ ၁၀
၎။ ပန်းဝတ်မှုန် ၁၉၉၆ ၁၁
၅။ စိတ်ဓမ္မတာ ၁-၅-၁၉၉၆ ၁၂
၆။ ဆုတောင်းအိပ်မက် ၁၉၉၆ ၁၃
၇။ ညတစ်ခု ၂၀-၃-၁၉၉၇ ၁၄
၈။ အိပ်ရာထသင်္ကြန် ၁၄-၄-၁၉၉၇ ၁၅
၉။ အညာနွေ ၅-၅-၁၉၉၇ ၁၆-၁၇
၁၀။ မှော်ဝင်အနမ်း ၁၅-၆-၁၉၉၇ ၁၈
၁၁။ ရွာ့ဒုက္ခ ၂၈-၆-၁၉၉၇ ၁၉-၂၁
၁၂။ မစိမ်းပြင် ၂၄-၆-၁၉၉၇ ၂၂-၂၃
၁၃။ အနိစ္စ ၁၉၉၇ ၂၄
၁၄။ အင်း……. ၁၉၉၇ ၂၅
၁၅။ သကာတွေ့ခြင်း ၂၄-၉-၁၉၉၇ ၂၆
၁၆။ အလွှာ ၁၉၉၈ ၂၇-၂၉
၁၇။ ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူ ၂၃-၁၀-၁၉၉၈ ၃၀
၁၈။ နိုးခြင်းထထိုင် ၁၉၉၈ ၃၁-၃၂
၁၉။ ကိုယ်ကျင့်တရား ၁၉-၄-၁၉၉၉ ၃၃
၂၀။ လရောင်ပျောက်နေ့ ၂၅-၆-၁၉၉၉ ၃၄
၂၁။ ရင်ခုန်နှစ်သစ်အလွမ်း ၂၄-၁၂-၁၉၉၉ ၃၅
၂၂။ ချုပ်ရိုးဖြည်တဲ့နေ့ ၂၃-၁-၂၀၀၀ ၃၆
၂၃။ ဘုရင်မ ၈-၆-၂၀၀၀ ၃၇
၂၄။ တစ်တီတူးအတွေး ၁၁-၁၀-၂၀၀၀ ၃၈
၂၅။ နတ်ဆေးတစ်ဖုံ ၁၈-၄-၂၀၀၁ ၃၉
၂၆။ နတ်သမီးထောင်ချောက် ၆-၆-၂၀၀၁ ၄၀-၄၁
၂၇။ မာန် ၁၃-၇-၂၀၀၁ ၄၂
၂၈။ အတောင်စုံသော် ၂၈-၈-၂၀၀၁ ၄၃

 

 

 

 

စဉ် အမည် ရေးဖွဲ့သည့်ခုနှစ် စာမျက်နှာ
၂၉။ တောပန်းပန်တဲ့ မိန်းကလေး ၁၄-၁၀-၂၀၀၁ ၄၄-၄၅
၃၀။ လမ်းခွဲကလေးများ ၂၀၀၁ ၄၆-၄၇
၃၁။ ဆီးကြိုလှဲ့ ၂၀-၆-၂၀၀၂ ၄၈
၃၂။ မိန့်မူး ၂၀၀၂ ၄၉
၃၃။ ဓား ၂၈-၈-၂၀၀၂ ၅၀-၅၁
၃၄။ ဖွင့်ထားသော နှလုံးသား ၆-၂-၂၀၀၃ ၅၂-၅၃
၃၅။ ဆုံတွေ့ချင်သည် ၂၀၀၃ ၅၄-၅၅
၃၆။ ပိုးဖလံ ၁၅-၈-၂၀၀၃(1:07pm) ၅၆
၃၇။ မှီတည်ရာ ၁၉-၈-၂၀၀၃ ၅၇
၃၈။ တေးမြုံနေတဲ့ ငှက် ၂၂-၈-၂၀၀၃ ၅၈
၃၉။ ဒဏ်ရာ ၂-၅-၂၀၀၄ ၅၉-၆၀
၄၀။ မြေ ၂၂-၅-၂၀၀၄ ၆၁-၆၂
၄၁။ ဘဂဝါ ၂၀၀၅ ၆၃-၆၄
၄၂။ မြစ်ကန်း ၂၄-၂-၂၀၀၅ ၆၅
၄၃။ အိပ်မက်တွေ ဝေ့ဝဲနေတဲ့တိမ် ၆-၆-၂၀၀၅ ၆၆-၆၇
၄၄။ သမားရိုးကျ ၁၀-၁၀-၂၀၀၅ ၆၈-၆၉
၄၅။ အနတ္တဝါဒီ ၂၈-၁၁-၂၀၀၅ ၇၀
၄၆။ အသည်းငယ်တဲ့ မိုး ၈-၃-၂၀၀၆ ၇၁-၇၃
၄၇။ ခေါင်းလောင်းထိုးပါ ၁၃-၁၂-၂၀၀၈ ၇၄
၄၈။ ရတနာရွှေကြုပ် ၂၃-၉-၂၀၁၀ ၇၅
၄၉။ ယနေ့ကမ္ဘာ ၃၁-၁-၂၀၁၁ ၇၆-၇၇
၅၀။ လူရွှင်တော် ၁၉-၅-၂၀၁၁ ၇၈
၅၁။ ရွှေရည်စိမ် ၂၉-၁၀-၂၀၁၀ ၇၉
       
       
       
       
       
       
       

 

 

 

 

 

အလွမ်း

 

နွေဦးဥသြ ၊ တေးသံနှောက

ရင်မှစို့တက်၊ မနေတတ်ပါ။

 

ဆောင်းမှာသဇင်၊ ပန်းကိုမြင်လည်း

ရင်​ဝယ်တမ်းတ ၊ လွမ်းရပါတယ်။

 

ဘယ်ခါမလပ် ၊ လွမ်းရဟတ်ကြောင့်

အမြန်ပြန်လာ ၊ ချစ်သဲညှာ။          ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၄

 

 

 

 

 

 

 

 

 

အချစ်ထောင်

 

ချစ်သူသက်ထား ၊ လွမ်းမှုပွား၍

ဝေဒနာသစ် ၊ ထပ်ထပ်ဖြစ်၏။

 

ရင်တွင်းလောင်မီး ၊ ပူလောင်ညည်းလည်း

ချစ်ရသက်ထား ၊ နောင်များဘယ်မှာ မတွေ့ရ။

 

ရင်တွင်းနေရာ ၊ ချစ်လမ်းသာမှ

အဝင်တံခါး ၊ ဆိုင်းဘုတ်ထား၏

အချစ်သည်သာ….ဝင်ခဲ့ပါ….

 

အချစ်ပြစ်မှု ၊ ထိုတစ်ခုကြောင့်

ရင်တွင်းခံစား ၊ အချစ်များကြောင့်

ငါသည်….

အဆွေးဒဏ်သင့်နေပြီ။      ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၅

 

 

 

 

ရလာဒ်

 

ကျွန်ုပ်၏ရင်ထဲ

ညှိစွဲသည့်ဝေဒနာ

လွန်စွာဖိစီးပြီပေါ့။

 

ကျွန်ုပ်၏ရင်ထဲ

စွဲမြဲသည့်ပုံရိပ်

တိတ်ဆိတ်တည်ငြိမ်နေပြီ။

 

ကျွန်ုပ်၏ရင်ထဲ

ခိုင်မြဲသည့်နှောင်ကြိုး

လွန်တိုးလို့ခိုင်ကျည်ပေါ့။

 

ကျွန်ုပ်၏ရင်ထဲ

စွဲထင်သည့်စာကမ္ပည်း

ငါ……အချစ်ကြီးသည်” တဲ့။        ။

 

မောင်ထိန်လင်း(မြို့သာ) ၉-၉-၁၉၉၅

 

 

 

 

 

ပန်းဝတ်မှုန်

 

နေမင်းနိုးထ၊ အိပ်ရေးဝ၍

အစေ့လည်ပတ်၊ ချားရဟတ်ဖြစ်

ဖွင့်လှစ်အကာ၊ ရောင်ခြည်ဖြာဆင့်

သရေတင့်သား၊ လရောင်စားခံ

အရံကြယ်ပျောက်၊ နေရောင်အောင်ဝယ်

ငှက်ငယ်အသံ၊ ညံညံစာစာ

ပျော်ဖွယ်ရာကောင်း၊ ပန်းပေါင်းရနံ့

ထုံသင်းပျံ့လျက်၊ လေညာရပ်မှ

ငင်စခေါ်ယူ၊ အကြင်သူကြောင့်

အမှောင့်အိပ်မက်၊ နိုးထထွက်စေ

ပြုံးပန်းဝေအောင်၊ ကြင်နာဆောင်၍

မမေ့ထုံထုံ “မဝတ်မှုန် “။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၆

 

 

 

 

 

စိတ်ဓမ္မတာ

 

နေထိတဲ့ပန်း၊ ခပ်နွမ်းနွမ်းမို့

အများပြောသည် မသတီ…ဟု။

ငွေမဲ့လူတန်း၊ ခပ်နွမ်းနွမ်းမို့

အများရှောင်ကြဉ် မပေါင်းချင်ကြ။

ပွင့်စပျိုပန်း၊ မနွမ်းဟောင်းခင်

အဆင်းအနံ့၊ ထုံသင်းပျံ့စဉ်

ကေသာတွင်ပန်၊ အဖိုးတန်လို

ယုယပိုခဲ့။

ကုံလုံထက်တန်း၊ ငွေမခန်းမီ

ကြည်စွမိတ်ဆွေ၊ ရွှေမျိုးတွေနှင့်

အတင့်အတယ်၊ ထည်ထည်ဝါဝါ

နေထိုင်လာခဲ့။

 

လန်းဆန်းတဲ့ပန်း

မညှိုးနွမ်းသူ

ပြည့်စုံဖူးလှစ်

နတ်လူချစ်၏။         ။

 

မောင်ထိန်လင်း(မြို့သာ) ၁-၅-၁၉၉၆

 

ဆုတောင်းအိပ်မက်

 

အစမြင်ခြင်း၊ ရင်ခုန်ခြင်းနှင့်

ဆင်ကဲ့ဖြစ်၍၊ မမေ့နိုင်သား

အချစ်အားရယ် ပြင်းလွန်းတယ်။

 

ပြင်းထန်အချစ်၊ ရိုက်ခတ်ပစ်ချိုး

ဝင်ဆိုးသွမ်းခြင်း၊ ရောဂါပြင်းထန်

သွေးပွက်အန်မယ် ရောဂါသည်။

 

အချစ်ရောဂါ၊ ပြင်းစွာလှုပ်ရှား

အသည်းပါးလည်း၊ ခံနိုင်ခဲဘူး

အချစ်ဦးရယ် ချစ်ထူးတယ်။

 

အချစ်ဦးသူ၊ ခေါ်ငင်ယူလက်

တမ်းမက်စောင့်မျှော်၊ ပျော်လာရမည်

ဒဏ္ဍာရီရယ် အိပ်မက်ရယ်။

 

ရွှေရောင်အိပ်မက်၊ တကယ်သက်ဝင်

ဖြစ်စေချင်သည်၊ စေတီမရေ

တောင်းဆုခြွေတယ် ဆုတောင်းမယ်။

မောင်ထိန်လင်း(မြို့သာ) ၁၉၉၆

 

 

ညတစ်ခု

အရှေ့တူရူ မီးခိုးတလူလူနဲ့

ဆွဲငင်အူနေတဲ့ ဥသြသံ

တဂျိန်းဂျိန်းညံနေတယ်။

 

မြို့သာဘူတာ စတင်အသက်ဝင်လာတဲ့

ဒေသမျိုးစုံကလူတွေ

တစ်စုံတစ်ခုကို ရှာဖွေနေတယ်။

 

လက်ရဲ့အလှုပ် တဖြုတ်ဆိုတဲ့ခဏ

ငါ……………….

သူ့ကိုတွေ့လိုက်ရတယ်။

 

လက်ကနဲလင်း ​​ဝင်းသွားတဲ့အဆင်းတစ်ခု

တခြမ်းပဲ့လမင်း စိန်စီ အပြာခင်းမှာ

ထိန်ထိန်သာနေဆဲ။

 

မောင်ထိန်လင်း(မြို့သာ) ၂၀-၃-၁၉၉၇

 

 

 

အိပ်ရာထသင်္ကြန်

မတရားသဖြင့်

တိုက်ခတ်ရင့်ရမ်း၊ နွေလေကြမ်းက

ဆော်သွမ်းသယ်ဆောင်

စည်းနှောင်နေပြီ နွေရာသီ။

 

အပင်တိုင်းကို

နှိပ်စက်လို၍၊ လေမွေ့ဓားသွား

ခုတ်ဖြတ်ထားကာ

ဇရာအိုသည် ပိုင်စိုးချည်။

 

တန်ခူးလ မိုး

သင်္ကြန်မိုးက၊ နှိုးဆွသွန်းလောင်း

အပင်ပေါင်းလည်း

မြဆွဲကြိုးသီ စီရရီ။

 

သင်္ကြန်သီချင်း

သင်းသင်းပျံ့ပျံ့၊ ပိတောက်နံ့က

ကလူစ၍

အိပ်မွေ့သင်္ကြန်ပိုး နိုးလာပြီ။

မောင်ထိန်လင်း(မြို့သာ) ၁၄-၄-၁၉၉၇

အညာနွေ

 

စမ်းအိုင်ခန်းခြောက်

သဲဖြူမောက်မို့

ချွေးစို့သစ်ပင်

အရိပ်ထင်လည်း

သူ့တွင်တန်ဆာ

မရှိပါတကား။

အညာနေက

ပူလောင်လှ၍

တံငွေ့လျှပ်ထ

မြူခိုးကမှောင်

ကတုံးတောင်တွင်

မိုးရိပ်ဆင်သည်။

 

အလွမ်းဖွဲ့သီ

တောင်ဆီဥသြ

တေးချိုကြောဝယ်

ရင်မောဖွယ်ရာ

အမိရှာဖွေ

အလွမ်းနွေ၌။

 

မိုးရိပ်ကိုမြင်

အားနှင့်အင်နှင့်

ဖူးငုံဆင့်သည်

ပင်တိုင်းမြသီ

စီရရီနှင့်

ပဏတင့်သည်။

 

စိမ်းဖန့်ရင်ရောင်

မြူခိုးမှောင်နှင့်

သံဆင့်ဥသြ

လွမ်းစုံတောဝယ်

မျောလည်မိသည်

အညာဆီက……………..နွေ။

 

မောင်ထိန်လင်း(မြို့သာ) ၅-၅-၁၉၉၇

 

 

 

 

 

 

 

 

မှော်ဝင်အနမ်း

 

နေခြည်ဖြောက်ဖြောက်

တိမ်ဆီတောက်၍

မို့မောက်တောင်မှ နိုးထပြီ။

တီတျာ တီတျာ

ငှက်တကာလည်း

သံသာမြည်လျက် နှုတ်ဆက်သည်။

မျက်နှာချင်းအပ်

လည်ပင်းဖက်ကာ (အိပ်နေရာမှ)

ကပျာရုတ်ချင်း သက်သွင်းသည်။

ပန်းငုံပန်းသစ်

ဖူးပရစ်လည်း

နေ့သစ်တေးချို သူဆိုပြီ။

ပန်းပွင့်ပျိုဘော်

သူ့အဖော်နဲ့

အပျော်ချဲ့ထွင် ကြင်ခဲ့သည်။

မှော်ဝင်အနမ်း

ချစ်စခန်းလည်း

ခန်းခြောက်ကိုယ်ဖျောက် ပျောက်သွားသည်။

 

မောင်ထိန်လင်း(မြို့သာ) ၁၅-၆-၁၉၉၇

ရွာ့ဒုက္ခ

 

အပင်ခြောက်ညှိုး

မိုးကိုမျှော်ကာ

ရွာပါသွန်းပါ

ခွန်းတစ်ရာပေါင်း

တောင်းပန်နေ။

အစိမ်းပြူတစ်

အသစ်ဖူးလည်း

လူးလူးနေဒဏ်

အပူခံ၍

မျက်ဆံပွတ်သပ်

ကြိတ်မှိတ်လျက်။

မိုးပေါက်ဖျားဖျား

ကျပေငြားလည်း

အားမရှိမြက်

နွားစာခက်၍

ပုံပျက်ပိန်ပိန်

တလိန်လိန်။

ထွန်ယက်ပြီးသား

လယ်မြေများမှာ

အကာမရှိ

မိုးမရှိသည့်

အဖော်မရှိ

စမ်းမရှိသည့်

ရော်ရိရော်နွမ်း

နွေလေကြမ်းအောက်

ပြားပြားမှောက်။

ရေချိုကရှား

ဟင်းရွက်ခါးနှင့်

ရှေ့ဖျားရွာထိပ်

ဣစ္ဆာသယ

ရေတွင်းဝတွင်

နေပူပြင်းပြင်း

ရေခပ်ဆင်း။

လူစည်နွားစည်

နွားဈေးဆီက

နွားနီရှင်

နွားပြာရှင်

တွင်တွင်ဟစ်အော်

ဈေးခေါ်နေ။

စည်ပင်သာယာ

မြို့သာဈေး၌

အိပ်မှေးခက်ခက်

ဗျင်းစပ်စပ်နှင့်

ဆိုင်ထက်ဈေးသည်

အပျင်းကြွယ်ကာ

အဝယ်လာအား

သမ်းဝါးဝါးပြ

ဈေးပြောရ။

တစ်ယောက်တစ်ပေါက်

ပြောဆိုကြသည်

နွားရေစာခက်

လူလည်းငတ်လိမ့်

မိုးမိန့်မချ

မိုးမကျလျှင်………………။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၆-၁၉၉၇

 

 

 

 

 

 

 

 

 

 

မစိမ်းပြင်

ကြင်နာသူသည်

လေပြေအေးအေး

ခေါ်ဆောင်သွေးလျှင်

ရနံ့မွှေးမွှေး

ပန်းကလေးဖြစ်ချင်တယ်။

ကြင်နာသူသည်

ငွေရောင်ဝင်းဝင်း

လမင်းဖြစ်လျှင်

သူ့နားဝန်းရံ

အရံကြယ်လေးဖြစ်ချင်တယ်။

ကြင်နာသူသည်

စိမ့်စမ်းချောင်းငယ်

တီတျာကြွယ်လျှင်

ခမ်းမယ်မကြောက်

ငါးပေါက်စလေးဖြစ်ချင်တယ်။

မကြင်နာလို့ တိမ်း

ရှောင်ဖယ်ကာ စိမ်းလည်း

ရှောင်ဖယ်ကာ တိမ်း

မကြင်နာလို့ စိမ်းလည်း

မိန်းမောဆဲအချစ်နဲ့

တစ်စက်မပြစ်မတင်

အမြဲချစ်ခင်နေမယ်။

ကမ်းလင့်မယ် မျှော်လျက်

ကြင်နာခြင်း လက်တစ်ဖက်ကို

ညအိပ်မက်ရေးရေး

စိတ်ကူးယဉ်အတွေးမှာ

အမြဲရွေးထည့်

ပျော်နေခဲ့တယ်……သခင်။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၆-၁၉၉၇

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အနိစ္စ

 

ရော်ရွက်ရီဝါ၊ မဲခြောက်လာ၍

လေသွေ့အတိုက်၊ ဝေ့ဝိုက်ရုံဖြင့်

နန်းဘုံဆင့်မှ၊ ကြွေကျရှာသည်

အနိစ္စမည်သား။

 

ဇရာဖိစီး၊ ရောဂါကြီးနှင့်

အဆင့်နောက်ဆုံး၊ မပြုံးမရယ်

လုံးလည်ဒုက္ခ၊ အသုဘဖြင့်

လူ့ဘုံဆင့်မှ၊ ကြွေမျောရသည်

အနိစ္စမည်သား။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၇

 

 

 

 

 

 

 

 

 

အင်း………….

 

တင်မိုးရဲ့ ကဗျာ

ချိုသာသာလေပြေညှင်း

အဆုတ်ထဲရှူသွင်းလို့

သူ့လို တေးသီချင်း ဆိုချင်တယ်။

 

ကြည်အောင်ရဲ့ အားမာန်

ပြင်းထန်ပွင့်လင်း

စိတ်ထဲသွင်းလို့

ရဲရင့်ခြင်း ရချင်တယ်။

ဟိုတစ်ဖက်က

တိုးတက်တဲ့မော်ဒန်

E.Q မှန်မှန်နဲ့

ခံစားကြည့်ချင်တယ်။

မရင့်သေးတဲ့ ငါ့ဦးနှောက်

မောင်ချောနွယ်တစ်ယောက်

ငါ့ခေါင်းလာခေါက်မလား မသိဘူး။

 

*E.Q= Emotional Quotient=ခံစားနိုင်စွမ်းအား

မောင်ထိန်လင်း(မြို့သာ) ၁၉၉၇

 

 

သကာတွေ့ခြင်း

 

ငါဟာ

လကမ္ဘာပေါ်

ရောက်နေလား မသိ

မြေကို မထိ

ပျော်ရွှင်နေမိတယ်။

 

အမှတ်တမဲ့နဲ့

သူ ရှိတတ်တဲ့ နေရာလေး

ငေး ကြည့်လိုက်တော့

သူ…………

အလှအပတွေ ယူဆောင်

ပြုံးယောင်ယောင်လေးလုပ်နေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၉-၁၉၉၇

 

 

 

 

 

အလွှာ

မတူမတန် ဆိုတဲ့ စကား

မင်းနဲ့တို့ နှစ်ဦးကြားမှာ

ဖြစ်ပွားပေါ်ပေါက်လာမယ်လို့

ဘယ်အခါမှ မထင်မိဘူး။

 

မင်းပြောဖူးပါတယ်

အချစ်မှာ

အကန့်အကာမရှိ

အချစ်ကို

မျိုသိပ်လို့မရ။

 

ချစ်ခြင်းဟာ

နှလုံးသား အရင်းခံ၊

ချစ်မိရင်

မျက်စိမရှိဘူး ဆို။

 

ခုတော့ အချစ်ရဲ့

မင်းနဲ့ငါ့ကြားမှာ

အလွှာတွေ

တစ်လွှာမက  ခြား

ကျော်လွှားနိုင်ပါ့မလား စိုးမိတယ်။

 

ဒါပေမယ့် ငါဟာ

တိမ်လွှာတွေလို ပုံမပြောင်းပါဘူး

ကျိန်စာတွေ ပြေစေတော့ဆိုပြီး

အချစ် မလျော့ဘူး။

 

ကြွက်အသွင်နဲ့ ငါ

မင်းဆီ ဘယ်တော့မှ မလာဘူး

ငါလို ခြင်္သေ့မင်း

ဘယ်လို မြှားနဲ့ ပစ်ခွင်းမလဲ။

 

မိန့်ကြားခဲ့တဲ့

ယေဟိုးဝါး စကား

အချစ်မရှိသောသူ၌

ဘုရားသခင်မရှိ …တဲ့။

 

ကဲ…မင်းနဲ့ငါ

ရှေ့ကကာ အလွှာတွေကို

မေတ္တာဓါးနဲ့ဖောက်

ရွှေ ငွေ ပကာသန မြစ်ပြင်ကျယ်ပေါ်

သစ္စာတရားနဲ့ တံတားဆောက်ပြီး

ခိုင်မာတဲ့ခြေလှမ်းတွေနဲ့

အမုန်းဟူသမျှ နင်းချေရင်း

အချစ်ဋီကာ

ဖွင့်လိုက်ကြပါစို့။       ။

 

မောင်ထိန်လင်း(မြို့သာ)  ၁၉၉၇

 

 

 

 

 

 

 

 

 

 

ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူ

 

အချစ်….

ကမ်းနားသစ်ပင်….

တေးချိုလွင်ငှက်….။

 

ငှက်ငယ်ပျံသွား

သောကလှိုင်းပုတ်သံ

ကြားဖန်များသော အခါ။

 

မြစ်

အလွမ်းမြစ် ဖြစ်၊

ကမ်းကို လှိုက်စား

စွဲမြဲအမြစ်များကို

အချစ်သစ်ပင်

လဲကျ မျောပါ သွား။    ။

မောင်ထိန်လင်း(မြို့သာ) ၂၃- ၁၀- ၁၉၉၈

 

 

 

 

 

နိုးခြင်းထထိုင်

 

တဒင်္ဂအချိန်ခါ

အချစ်ဟာပေါက်ဖွား

အသည်းတံခါးဟာ ပွင့်

အလှပန်း ငွင့်ငွင့်ဖူး

နံ့သာရည်လူးခဲ့ပြီ။

 

တွန်းကန်တဲ့ ချော်ရည်ဖြင့်

မီးတောင်ပွင့်သလို

အချစ်ဆိုတဲ့အား

နှလုံးသားကိုတွန်းကန်

မှန်မှန်ခုန်တဲ့ နှလုံးအသည်း

လျှပ်ခြင်းကွဲမည်ထင်။

 

စနှိုးဝိုက် နဖူး

အာလာဒင်ခူးခြွေတဲ့အနမ်းကြောင့်

ညှိုးရာမှ လန်းတဲ့ပန်းလေးလို

ရောဂါဆိုသမျှ ပျောက်ခဲ့တယ်။

 

တဒင်္ဂအကြည့်

ထိမိတဲ့အသည်းနှလုံး

ဖြုန်းခနဲ နိုးထ

ကျောက်ဖြစ်စမှလေ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၈

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်ကျင့်တရား

 

ရွှေရောင်အနာဂါတ်ကို

လက်ယက်ဖိတ်ခေါ်နေစဉ်

အဖြူရောင်လိပ်ပြာ

ငါ့ရင်ထဲက ထွက်ခွာသွားခဲ့။

 

ငါကတော့

ငါ့အသည်းထဲက

ဟို…မည်းညစ်ညစ် သတ္တဝါကို

လုံ မှာ အတင်းထည့်

ရွှေဖြစ်ငွေဖြစ်ထိုးနေရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၄-၁၉၉၉

 

 

 

 

 

 

 

 

လရောင်ပျောက်နေ့

 

မျက်စိနှစ်ကွင်းလုံး

ထိုးဖောက်တဲ့သူ

(သေတောင်မစဉ်းစားချင်တဲ့သူ……)

 

ဒါတောင်

စကြာဝဠာကို လွမ်းခဲ့………

*ဗီးနပ်ကို လွမ်းခဲ့……..

မင်္ဂလိကကို လွမ်းခဲ့……..

အပြစ်မဲ့ပါတယ်ဗျာ။

 

နေမင်းကြီးနဲ့အတူဆို

ပူပြင်းအရည်ပျော်စေ

ကြယ်မှုန်မွှားလေးလို။

 

ထားခဲ့……….ဟယ်ရီရယ်

ထားခဲ့တော့……

ငါ့ဝိဉာဉ်မှာ

မင်းရဲ့ ကိုယ်သင်းရနံ့တွေ

ဖိတ်စင်ကျန်ရစ်လို့ပေါ့။        ။

မောင်ထိန်လင်း(မြို့သာ) ၂၅-၆-၁၉၉၉

 

ရင်ခုန်နှစ်သစ် အလွမ်း

မတင့်ရေ

သရက်ပင်က သြဇာသီးမှည့်

ကြွေအကျ

ကောက်ယူဖို့ စောင့်မျှော်နေသူပါ။

 

လိပ်စာမဲ့ မီးပြတိုက်ကျွန်းက

ဒီလှိုင်းနဲ့အတူ မျောလာမယ့်

ပုလင်းလွတ်တစ်လုံးကို

အရှုံးမပေး

မျက်ခြေမပျက်

ခရုကောက်ကာစောင့်နေသူပါ။

 

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရင်

အနမတဂ္ဂမှာ

ဘဝဆိုတာ ဘာလဲလို့

ရဲရဲကြီး မေးဝံ့ကြောင်း။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၁၂-၁၉၉၉

 

 

 

 

ချုပ်ရိုးဖြည်တဲ့ နေ့

 

ညနေမှာ နေဝင်တယ်ဆိုတာ

အခုမှ ငါ သိလိုက်ရတယ်။

 

ကြည့်စမ်း…………

မင်းမျက်ဝန်းတွေ နေညိုသန်းနေပြီပဲ။

 

သက္ကရာဇ် ၂၀၀၀ ပြည့်ဖို့ စက္ကန့် ၂၀ အလို

ပျယ်လွင့်ချုပ်ပျောက် ကောက်ယူလို့မရအောင်

မှုန့်သွားပြီပဲ၊ ဒါတောင်

ပန်းနုရောင်ဆံပင်တွေ ဖြီးသင်နေဆဲ။

 

မောင်ထိန်လင်း(မြို့သာ) ၂၃-၁-၂၀၀၀

 

 

 

 

 

 

 

 

 

ဘုရင်မ

 

ပြိုးပြက်တွေ ဝန်းရံတဲ့ ရောင်ဝါလေ

ရွှေသရဖူကိုဆင်လို့

ခြွေရံတော်တွေ အသနားခံနေရဲ့

မော်ဖူးစေ

 

အငေးတောမှာ အညတြလေး

လျှို့ဝှက်ပင့်ရှိုက်လို့

ကျောက်ဖြစ်စ နှလုံးသားဟာ

လှောင်ပြုံးပြုံးပြနေရဲ့။

 

ဒီလိုပဲပေါ့

ဘဝဆိုတာ

ကြွေတစ်လက် ကြက်တစ်ခုန်ပ

နှင်းဆီဆူးရဲ့ ပေကျံသွေးစကို

ဂုဏ်ယူပါ၏။

 

မောင်ထိန်လင်း(မြို့သာ) ၈-၆-၂၀၀၀

 

 

 

 

တစ်တီတူး အတွေး

 

အေးစက်စက်အပြုံးတွေ

လုံးဝန်းတဲ့သဏ္ဍာန်ရှိမှာ စိုးတယ်။

 

လှပတဲ့ ညနေခင်းမှာ

သင်းပျံ့တဲ့ ပန်းနုရောင်ဆံစကြား

တေးသွားရစ်သမ်တွေ

ထင်ကျန်ရစ်နေပါစေ။

 

ငါလေ

ဝိုင်ချိုချိုနဲ့

ရွှေဘိုကို မလွမ်းတတ်ဘူး

အနမ်းဦးရဲ့ နွေးထွေးမှုသာ

ဖွေရှာနေမိရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၁-၁၀-၂၀၀၀

 

 

 

 

 

 

နတ်ဆေးတစ်ဖုံ

 

ရင်ဘတ်က နှလုံးသား

ချွေးငွေ့နဲ့ စိုထိုင်းသွားသလား….

 

မလှမပ

အသက်ရှူရစဉ်

ကြယ်စင်တွေမှတ်သားရင်း

လရထားရှိရာ အချစ်ဘူတာကို

တွေ့လိုတွေ့ငြား

ဆေးသားပြယ်ခရီးသည်တစ်ယောက်….

 

မာ့ခတွန်း

ဂျိုကာသွန်းထု

အမှုတစ်ရာမက ပွေချင်ပွေ

လောကကြီးကို အားပါးတရ

ခနဲ့ကြမယ်လေ….

 

မောင်ထိန်လင်း(မြို့သာ) ၁၈-၄-၂၀၀၁

 

 

 

 

နတ်သမီးထောင်ချောက်

 

ဖွင့်ဟခွင့်မရတဲ့

အတွေးစတွေကို

အင်တင်တင်မျိုချရင်း

ဒီလို

ငါ … ကြီးပြင်းခဲ့ရပေါ့။

 

မုန်းမရတဲ့အဆုံး

ပြုံးပြဖို့  ခွန်အားစုရင်း

ဒီလို

ငါ… သက်ပြင်းချခဲ့ရပေါ့။

 

ဒါပေမယ့်လေ

အဆွေးတွေ … အဆွေးတွေ

ကဗျာစနဲ့ ထုပ်ပိုး

အထီးကျန် မိုးစက်ကြားမှာ

အညတြ ခရီးသွား ပါ အချစ်ရယ်…

 

မရတိုင်း

ရသက ချိုင်ရမယ်ဆိုရင်

နွေချိုတေးရဲ့ ဥသြသံကို

မခံစားနိုင်ပါဘူး

ဆောင်းတွင်းအိပ်မက်ကိုသာ

နှစ်သက်စွာ စွဲလမ်းသူပါ။

 

ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲခြင်း အပေါင်း

လူ့ဘဝ ဖြစ်ကောင်းဖြစ်မယ်

နို့ပေမယ့်

တို့လက်နှစ်ဖက်နဲ့

မျက်ရည်စက်ဟူသမျှ

အပူတစ်စ မဖြစ်ထွန်းစေဘဲ

အကြင်နာမြှားနဲ့ ပစ်ခွင်းပေးမယ်။

 

မောင်ထိန်လင်း(မြို့သာ)  ၂၀၀၁

 

 

 

 

 

 

 

 

 

 

 

မာန်

 

အမြဲပြုံးနေရပေမယ့်

ရုပ်သေးရုပ်ဘဝ

အားမကျဘူး။

 

လေဟုန်ဆန် ကူးရပစေ…

စွန်တစ်ကောင်ရဲ့ တောင်ပံတစ်စုံကို

ရင်ခုန်တမ်းတတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၃-၇-၂၀၀၁

 

 

 

 

 

 

 

 

 

 

 

အတောင်စုံသော်

 

ဒီအတောင်အလက်တွေ

ခွန်အားပြည့်ဖို့

ဘယ်သူဘယ်ဝါ

ကူညီဖေးလို့ သွေးသလဲ။

အသိုက်မှာရစ်သီ

မျက်ခြည်ပြတ်အောင်

ဘယ်လေပြင်းဆောင်မလဲ။

 

မိခင်…

နှလုံးသွေးသခင်။

ဖခင်…

အားသစ်ဘုရင်။

 

အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ တဲ့

လည်ဆွဲရတနာတွေ

လက်လွှတ်ရတော့မယ်။

ကဲပါလေ ငါ့အသည်းတွေပါ

လက်ဆောင်ယူသွားပါတော့။

 

မောင်ထိန်လင်း(မြို့သာ)  ၂၈-၈-၂၀၀၁

 

တောပန်းပန်တဲ့ မိန်းကလေး

 

အထင်ကရ ဘယ်မိန်းမလှက

ရှိုက်မက်မက်မွှေးကြူဖို့

စဉ်းစားပေးခဲ့သလဲ။

ဦးဦးဖျားဖျား နားပန်းဆံမှာ သ

ရွှင်ပြပြုံးပျော်ဖူးသလဲ။

ပဝါဖြူ ရစ်ခြုံသိုင်းထားတယ်လေ

အဲဒီတောင်မတ်မတ်က်တွေ မာန်တက်နေပုံများ

လှလို့လား…

ကြွယ်ဝလို့လား…

သို့မဟုတ်

ကြွကြွရွရွ ငယ်မူသွေးမို့လား…

တောပန်းဖွေးဖွေးဖြူ

လေယူတိမ်း ယိမ်းသမ

အေးမြချိုချို တေးကလေး ဆိုနေပုံများ

အပျော်ကူးစက်

ပန်းပင်လယ်ထဲ လက်ပစ်ကူးချင်ရဲ့။

အညတြ ဒီမိန်းကလေးက

အားပါးတရ မွှေးကြူ

အဖြူရောင်ပန်းတွေခူး

ဆူးလည်းမရှိ၊ မူးလို့ရှူစရာ ဂုဏ်ဒြပ်

တစ်စက်မရှိ

ကြင်နာခြင်း မေတ္တာတွေ

တာဝန်သိသိ၊ သိက္ခာရှိရှိ ခူးနေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၄-၁၀-၂၀၀၁

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လမ်းခွဲကလေးများ

 

ကြီးကျယ်မြင့်မြတ်ခြင်း၊ သိမ်ငယ်နုံချာခြင်း

သဘောအနက် တစ်ဖြတ်တည်း ဖြစ်တယ်၊

မျှော်လင့်ခြင်းက

အတိအကျ ကွဲပြားစေမယ်။

 

ထင်ရှားပီပြင်မှု ကင်းမဲ့စေ

မြူလွင်ပုံရိပ်စတွေ

မျက်​ဝန်းမှာ ဖျတ်ဖျတ်မြူး

သေချာလွမ်းဖူးခဲ့ပါတယ်။

 

ဇာတ်လမ်းကြည့်ရှုနားဆင်ရင်း

မင်းသားဖြစ်ကြပေမယ့်

ဇာတ်ကနေရတဲ့ဘဝ

အလေးမမူကြဘူး။

 

ရည်မှန်းချက်နဲ့ အခြေအနေဟာ

ကတောက်ကဆဖြစ်တို်င်း

လက်ရှိဝါသနာ အရေခွံထပ်ထပ်လဲ

အရောင်မွဲနေပြီတဲ့။

 

တွဲလက်တွေ တဖြေးဖြေးဝေး

တိတ်တိတ်ကလေး မှင်တတ်နေပေမယ့်

မျက်နှာပြင်ပေါ် တေးမှတ်ပြီးပြီတဲ့။

 

ကိုယ်တိုင်ရေး အတ္ထုပတ္တိကို

အတွေးနဲ့ ပြန်လှန်အကြည့်

အထက်တန်းစားတင်စားမှုတွေလည်း

နေရောင်တောက်တောက်မှာ

ပျောက်လွင့်သွားတဲ့ ပုလဲဥတွေလို

ဟာသတစ်ခုအဖြစ် တင်ရစ်ခဲ့တယ်။

 

ငယ်ငယ်က ပင်လယ်ကြီးဖြစ်ချင်တဲ့စိတ်ဟာ

ခုချိန်မှာ

လမ်းခွဲတွေတွေ့တိုင်း

လမ်းညွှန်တိုင်စိုက်မိဖို့အားသန်နေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၁

 

 

 

 

 

 

 

ဆီးကြိုလှဲ့

 

အမှားကြာလို့ အမှန်ဖြစ်နေတဲ့

ငါ့နှလုံးသားကို

တိတ်တိတ်ထား ပြေးထွက်ခဲ့

မင်းရှိရာ အရပ်ဆီလေ

အကြင်နာလက်ပွေ့ဖက်

လတ်ဆတ်ရွှင်မဆုံး ပြုံးစေချင်တယ်ကွယ်

ထိုက်တန်တဲ့အကျိုးအဖြစ်

မိုးရယ် ရွာပါကွဲ့

မြင့်မြတ်တဲ့ ရေနဲ့

သန့်စင်တဲ့ မြေမှာ

ပေါက်ဖွားရှင်သန်မယ့်

အချစ်သစ်အပင်ပေါက်ကို

မြေတောင်မြှောက်ကြစို့။

 

မောင်ထိန်လင်း(မြို့သာ) ၂၀-၆-၂၀၀၂

 

 

 

 

 

 

မိန့်မူး

 

အို၊အက်စ်၊မာဒင်

စိတ်သည်ပင်…

လူ့ရုပ်သွင်ထုဆစ်

ပန်းပုဆရာဖြစ်သည်…

အချစ်…မင်းမြင်သလား

တွေ့များတွေ့ရင်

ပြုံးရွှင်မျက်နှာထား

စင်ဒရဲလား…တေးသွားလေချွန်

စိတ်မွှန်ပြိုးပြက်

ဟော…ဒပ်…ဒပ်…

စည်းချက်မမှန် နှလုံးသား

မသိမသာ ဖိဖိထားရတယ်

ဟယ်… ဘေးလူကြားမှဖြင့်။

မချင့်မရဲ

ရှုံးပွဲအလီလီ

ခါလီများနေတော့

ဆော့တတ်သူမျာလား

ငါ့အသည်းပါးပါး

ကြွေကာကျသွားမှဖြင့်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၂

ဓါး

လက်ထဲမှာ

ပဒုမရဲ့ လက်ထဲမှာ

ဓါးထက်ထက်တစ်လက်ရှိရဲ့

အမုန်းပင်တစ်ပင်မှ

မရှင်သန်စေရတဲ့။

 

ငါ… တစ်ယောက်တည်းနေတာတောင်

ရင်တွင်းကြပ်တင်း

သံယောဇဉ်ကြိုးတစ်စင်းလေ

ဒါ… သံသရာရှည်စေတာပေါ့

ဒီလိုတရားပြတော့

ဟာ…ဟ

အချစ်ကရယ်မော

ဒင်း ငါ့ကို ကြောနေတာ ကြာပြီ။

 

ပဒုမ

စားတော်အုပ်တွင်း

ပြည်တန်လက်စွပ်တစ်ကွင်း ထည့်သွင်း

ငါကတော့

ကြင်နာခြင်းမေတ္တာ

ရော့…ဘဝတစ်သက်စာ

ဒါ…ဒါ…ဒါ  ပေ   မယ့်   လေ    ။

 

အို… အသင်လောက

ယခု ကျွန်ုပ် ဘာမှ မတောင်းဆို

ဓါး…

ဓါးထက်ထက်တစ်လက်သာလိုသည်

သံယောဇဉ်ပင်

….ဘာပင်မှ မရှင်စေရ။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၈-၂၀၀၂

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖွင့်ထားသော နှလုံးသား

 

သာလာယံဇရပ်

ခိုကပ်သူအများ

အားရဝမ်းသာ၊ ပျူငှာလှိုက်လှဲ

ဘဝနဲ့သစ္စာ မခွဲသလိုပေါ့။

 

ကြံကို ဝါးပြီး ထွေးထုတ်

ပညတ်အချိုရည်သာ စုပ်ယူရမှာမဟုတ်

ရုပ်ဝတ္ထုဆိုတာ

မမြဲခြင်းလို့ သဘောပေါက်အောင်

မျက်စိဒေါက်ထောက်ကြည့်မှာပေါ့။

 

စွဲလမ်းခြင်းမိစ္ဆာဟာ

ရင်တွင်းလိပ်ပြာအဖြူ ငြူစူကြိမ်းမောင်း

အရောင်ပြောင်းရင် မခက်လား

နှုတ်ဖျားက အပြုံးတစ်ချက်

အသက်မပါတာ သိလိုက်တော့

ကိုယ်ကျင့်သိက္ခာ

ပရမတ်သစ္စာသာ

ဘဝအရသာ

အဖိုးရှိဆုံးအရာပေါ့။

 

အတ္တအစွဲ

လွဲခဲ့တဲ့သဘောတရား

ပေါင်းစပ်ထားတဲ့ငှက်တစ်ကောင်

လှောင်အိမ်တံခါးဖွင့် လွှင့်လိုက်တော့။

 

မောင်ထိန်လင်း(မြို့သာ) ၆-၂-၂၀၀၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆုံတွေ့ချင်သည်

 

အလွမ်းသက်သက်

ဆုလာဘ်အဖြစ်ပေးခဲ့မယ်ဆိုရင်လည်း

လတ်ဆတ်အပြုံးတစ်ခုနဲ့

အံတုနိုင်မယ် မထင်ဘူးကွယ်။

 

ပန်းသခင်

ချိုမြပြုံးရွှင်၊ ချစ်ပွဲဝင်မယ်ထင်ခဲ့။

 

ကဗျာ

စကားဖောင်ဖွဲ့

စိုးစိမျှ မဲ့နိုင်မယ် မထင်ခဲ့။

 

မြသလွန်

အကြင်နာ အိတ်သွန်မှောက်

မေတ္တာပန်းတူယှဉ်ကောက်လို့

နိဗ္ဗာန်အရောက်သွား။

 

နေရစ်တော့ မကွေး

Never Say Goodbye

မင်းကိုပဲ တိုင်တည်တော့မယ်

မနက်ဖြန် နေ့တစ်ခါသစ်လို့

ငါ အချစ်ကိုတွေ့ရင်

ပြုံးပွဲဝင် အထိမ်းအမှတ်နဲ့

မြို့လုံးကျွတ် နှုတ်ဆက်မယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပိုးဖလံ

 

ငါ

လိပ်ပြာတစ်ကောင်လို

ကောင်းကင်ထက် ပျံတက်စဉ်က

ယောနသံစင်ရော်အိပ်မက် မက်ခဲ့တယ်။

 

အသိစိတ်ဦးနှောက်

ငြင်းဆန်ချောက်ချားပေမယ့်

အများပြောတဲ့ နှလုံးသားကို

အားထားခဲ့တာ ဘာကြောင့်လဲ။

 

သိက္ခာနဲ့ရိက္ခာမြတ်စွန်း

တစ်ခွန်းမပြည့်တဲ့စကားစ

ချိုခါးခါးတစ်စက်

ရှိုက်မက်ခဲ့တာရော…..

 

နေရောင်ဟပ် ရွှေတောင်မှတ်

နက်နဲတဲ့ပညာနဲ့

လူတကာ ဆရာလုပ်နေပေမယ့်

ငါကိုယ်တိုင်

ပေါက်တူးတစ်လက်ထမ်းလို့။

မောင်ထိန်လင်း(မြို့သာ) ၁၅-၈-၂၀၀၃ ည ၁း၀၇

မှီတည်ရာ

 

ရေခဲတုံးကို လှေလုပ်ပြီး

သမုဒ္ဒရာထဲ ရွက်လွှင့်ခဲ့

တစ်စ တစ်စ

တိမ်အဖြစ် ရောက်သွားမလားပဲ။

 

ရေများရာ မိုးရွာ…တဲ့

အခိုးအငွေ့သက်သက်

မိုးရနံ့ ဆွတ်ပျံ့ချင်တယ်

တစ်ခါတစ်လေ ရေစော်နံတယ်။

 

ဘာပဲဖြစ်ဖြစ်

ကျောက်ဆစ်သမားလို

နောက်ဆုံးကျောက်ပဲ ဆစ်ချင်သလို

ငါလည်း မိုးနဲ့မြေကို ချစ်မယ်။

 

မှတ်မှတ်ရရ တွေးမိတော့

အဆွေးနဲ့ ဘောင်မချဲ့ချင်ဘူး

ဖြစ်ဖြစ်မြောက်မြောက်

ကျောက်တစ်လုံးပဲ သွေးတော့မယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၈-၂၀၀၃

တေးမြုံနေတဲ့ ငှက်

 

ဆိုစမရှိတော့

တီတီတာတာ ကြည်နူးစရာကြုံလည်း

ရင်မခုန်ရဲဘူးလေ…

 

ကောင်းကင်ပြာရဲ့ ရင်ခွင်ထဲမှာ

ချွဲကာ နွဲ့ကာ

လူးလာပျံသန်း

အချစ်ပန်း နမ်းချင်တယ်။

 

နှလုံးသားဟာ နွမ်းနာကျ

ချိုမြတဲ့ အလွမ်းစ ရစ်ချည်

မြည်သံစွဲ အလင်္ကာနဲ့

ဋီကာချဲ့ချင်ဘူး။

 

မဆိုတတ် ဆိုတတ်

မပီကလာ ပီကလာနဲ့

လူတကာ ရယ်ခိုးမှာ စိုးလို့

တိတ်တခိုး တေးချို ဆိုနေရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၂-၈-၂၀၀၃

 

 

ဒဏ်ရာ

 

ကိုယ် ကိုယ်တိုင်ပါပဲ

ရင်မြေလွှာ ထွန်ခွဲခြစ်

ခဲရာခဲဆစ်နဲ့ နာကျင်မှု လစ်လျူရှု

အလွမ်းစေ့ အချစ်ပင်ပျိုး

နွေလယ်ခေါင်မှာ အကြင်နာမိုး

မျှော်ခိုးမိလေရဲ့။

 

ဆောက်တည်ရာမဲ့ (Free Electron လိုပေါ့)

တစ်ယောက်တည်း ဦးတည်ရာမဲ့

ရင်ခွင်အို အရိပ်စစ်

ဘာကြောင့်မနှစ်သက်

ငါ လမ်းအလယ်မှာ မတ်တပ်။

 

မင်းဟာ ကင်ဆာဆဲလိုရင်

ငါက ဖော့လစ်အက်ဆစ်ကျွေး

အသည်းတစ်ခွင်မှာ တယုတယ မွေးထားမိ

မချိတင်ကဲ ဘယ်သူသိမှာလဲ။

 

မနက်ဖြန်များစွာရှိသလား…

တကယ်ကော သိလို့လား…

မင်း…ကိုပါ

(ဟုတ်ပါ့ဗျား)

ဘီယာလို ယဉ်ယဉ်လေး မူးစေသူကိုပေါ့။

 

မောင်ထိန်လင်း(မြို့သာ) ၂-၅-၂၀၀၄

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြေ

 

ငုံ့ကြည့်မနေနဲ့တော့ ပန်းကလေးရယ်

စွင့်စွင့်ငွါးငွါး

မင်းအထင်ကြီးလေးစားတဲ့

ပလီပလာ ဟိုး မိုးပြာပြာကိုသာ

အကြင်နာမိုး မျှော်ခိုးနေပေတော့။

 

မင်း ကိုးကွယ်တဲ့ နေမင်း

အရောင်အဆင်း၊ အာဏာနဲ့

မင်းကို ပွင့်ဖူးလာစေတယ်ဆိုတဲ့

မင်း မအိုမနာခင်

အရှင်စန္ဒာ တွယ်တာနိုင်ပါစေ။

 

မိုးအာကာ

ငါ မယှဉ်သာပါဘူးကွဲ့

လေပြေသွန်း

ချစ်စရာ တိမ်ပန်းပု ထွင်းထု

တုပမမီ ဆေးပန်းချီခြယ်

လူတကာ ရယ်ဖွယ်ဖွဲ့ လွမ်းဖွယ်ပြော

သြချစရာချည်းပါပဲ။

 

ငါ့မှာတော့

ရင်တဆတ်ဆတ်တုန်တတ်

မထုံတက်တေး နာခံတတ်တာက လွဲလို့

တစ်ခါတလေ ရွှင်မြူး

အချစ်ဖူး ဖူးပေးတတ်တာလွဲလို့

မမောတမ်း

အလုပ်ကြမ်း ကူလီထမ်းနိုင်တာလွဲလို့

ဟာဒယရွှင်ပြ

ဟာသတစ်ပုဒ် မဟုတ်ခဲ့ဘူးလေ။

 

လူထုစွဲလမ်းနှစ်သက်

ပုံပြင်ပြဇာတ်မဟုတ်

စာပေအရာတင်တဲ့

ဂန္ထဝင်လည်းမဟုတ်

မျက်ရည်တု တစ်စက်စက်ကျ

လွမ်းမပြတတ်

မိုးချုန်းလျှပ်ထစ်လျှပ်စီး

ဒေါသမကြီးတတ်တဲ့

ကိုယ်တည်းမှိတ်ကြိတ်ခံစား

ပကတိမြေသားပါကွဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၂-၅-၂၀၀၄

 

 

ဘဂဝါ

သူရိန်နေမင်း

ဆောင်ကြဉ်းရောင်ဝါ၊ ထိန်ထိန်သာသို့

ငါတို့သခင်၊ ဗုဒ္ဓရှင်လည်း

မှောင်မိုက်မည်းတွင်၊ ခေါ်ငင်လမ်းစ

အလင်းပြ၏။

သတ္တလောက၊ ဘုံဋ္ဌာနတွင်

ဤပင်ကုသိုလ်၊ ထိုမှာအန္ဓ

ဓမ္မသည်သာ၊ အမောဟာဟု

တုပဟောပြော၊ ကျောသူမရှိ။

မင်္ဂလာအကြောင်း

နှစ်ပေါင်းများစွာ၊ သတ္တဝါတွေ

ထွေလီဆန်းပြား၊ ကြံစည်ပွားလည်း

လားလားမမှန်၊ မကြံနိုင်ခဲ့။

“မာတာယထာ၊ နိယံပုတ္တ”

အမိက သား၊ ရင်၌ထားကာ

မေတ္တာပွားသို့

လူကလူတွင်၊ လူလိုမြင်ရေး

တရားပေးခဲ့။

“အတ္တဟိ အတ္တနော၊ နာထော”

သဘောမှန်စွာ

မိမိကိုယ်သာ၊ ကိုးကွယ်ရာတဲ့

စိတ္တဥယျာဉ်၊ အချိုပင်စိုက်

နောက်လိုက်အကျိုး၊ မညှိုးဒိဋ္ဌ

သစ်သီးချိုချိုရမယ်တဲ့။            ။

 

မောင်ထိန်လင်း(မြို့သာ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြစ်ကန်း

 

မိုးတိမ်တွေ

စနေနေ့တွေ

သစ်တောအုပ်တွေ

ပင်လယ်ပြာတောင်တန်းတွေ

အားကိုးနေပေမယ့်……..

 

အင်္ဂါဂြိုလ်ပေါ်မှာ

မိုးရွာခဲ့တဲ့ အထောက်အထား

ဘဝပြက္ခဒိန် အမှတ်မှားသလား…

မင်နီဝိုင်းရာ

ပြန်ရှာရဦးမယ်။

 

မေခ မလိခ မဆုံတဲ့အရပ်

ဇနက္ကသင်္ဘောပျက်သလို

မျက်ဝန်းဝတွေရဲ့ အလွမ်းမိုးတိမ်ကိုသာ

စိုးရွံ့ထိတ်လန့်နေတုန်း

နှစ်ပေါင်း ၃၀၀၀ ကျော်က မြစ်က

———–မြစ်ပါပဲတဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၂-၂၀၀၅

 

အိမ်မက်တွေ ဝေ့ဝဲနေတဲ့ တိမ်

 

နောက်ဆုံး စုတ်ချက်အထိပေါ့

အပြုံးနဲ့ တည်ငြိမ်နိုင်ပါစေ…..

ငါ … ပန်းချီဆရာ

ငါ … မိုဒယ်

ငါ … ခံစားသူ။

 

မိုးပြာနဲ့ တိမ်လွှာကြား

တွားသွားနေလေရဲ့

အတုပ်အနှောင်မဲ့

အဖွဲ့အချည်မဲ့

မေတ္တာပိုးမျှင်တွေသာ နွယ်ယှက်ထားခဲ့။

 

ဘဝဆိုတာ

မျက်ရည်စိုရွှဲနေတဲ့ တိမ်

ပန်းချီကားထဲက အိမ်ဆီ မျောနေတာပဲ

ရေငွေ့ထုကနေ အခြားရေငွေ့စု

တခြားရေငွေ့စုကနေ အခြား……..။

 

အိပ်မက်

ရေတွက်ကြည့်ရမယ်ဆိုရင်

ခု၊ ဆယ်၊ ရာ၊ ထောင်

သိန်း၊ သန်း၊ ကုဋေ…

ဒါလည်း အိပ်မက်တွေထဲက အိပ်မက်တစ်ခုပါပဲ။

 

မောင်ထိန်လင်း(မြို့သာ) ၆-၆-၂၀၀၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သမားရိုးကျ

 

အနက်အဓိပ္ပါယ်တွေ လေးနက်ပျစ်တွဲမနေဘူး

စာအုပ်ထူထူထဲက စာလုံးကြီးတွေ ကင်းရှင်းတဲ့

မြစ်တစ်စင်း

တို့နှစ်ဦးကြား စီးဆင်းသွားပေမယ့်

လေပြေသွေးမရခဲ့။

 

ဗြဟ္မာကြီးနှစ်ဦးကို သနားခဲ့

ရိုမီယိုကို သနားခဲ့

အာဒမ်ကို သနားခဲ့

နောက်ဆုံး

အရင်က ငါ့ကိုယ်ငါလည်း သနားခဲ့။

 

တိတိကျကျ အဲဒီအချိန်က စပြီး

မင်းကို စိတ်ထဲထားမိ

သိ…မသိ

ရှိ…မရှိ

မိုက်ရူးရဲပဲ။

 

သြော်… ဒါနဲ့

မင်းလာမယ်ဆိုရင်

မြေပုံရှာခဲ့

လမ်းညွှန်တိုင် ဖတ်ခဲ့

ဂျီပီအက်စ် ယူခဲ့

အရေးကြီးဆုံးက

ရင်ခုန်သံ လွယ်အိပ်တစ်လုံးရောပေါ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၀-၁၀-၂၀၀၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အနတ္တဝါဒီ

 

မျက်လှည့်ဆရာ

ဘာတစ်ခုမှ မရှိတဲ့ အိတ်နက်ထဲက

တစ်ခုပြီး တစ်ခု ထုတ်ပြ….

……………………………

……………………………………..

အဏုမြူထဲမှာ

စကြာ​ဝဠာလို

သဘာဝရှိ…………..

……………………………………။

ဆဲလ်တစ်လုံးရဲ့ အော်ဂင်နယ်လ်တွေ

အလုပ်ရှုပ်

နာနိုစက္ကန့်တိုင်း

ဖြုတ်ကနဲ ကြွေ

ဖျတ်ကနဲ ဖြစ်

အဟဲ…

မင်းမရှိတဲ့အခါ

တရားရှာနိုင်ပါရဲ့

အင်း…..

အနတ္တ….အနတ္တ…..။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၁၁-၂၀၀၅

 

အသည်းငယ်တဲ့ မိုး

 

မှတ်မှတ်ရရပါပဲ (၁၉၉၈ နှောင်းပိုင်း)

ဆယ်တန်းအောင်ပြီးနှစ်

လူစင်စစ်က အငွေ့ဖြစ်သွားတယ်။

 

မိုးတိမ်တော့ မိုးတိမ်ပါပဲ

ဓါတ်ဖို ဓါတ်မတွေ စုစည်းလို့…..

ရေခဲမှုန် ဒြပ်နှောတွေ သယ်ဆောင်လို့……..

ဓါတ်ငွေ့တွေ ဓါတ်ငွေ့တွေ ဆွဲဆောင်လို့……။

 

ဒါပေမယ့်

အက်တမ်တိုင်းမှာ အီလက်ထရွန်တစ်လုံးလိုနေလို့

မျှော်လင့်ခြင်းနဲ့

ထုပ်စည်းနှောင်ထားရတယ်။

 

အဲဒီမိုးတိမ်ပါပဲ

လှပကမ္ဘာရဲ့ ဆွဲငင်အား

ချစ်ခြင်းမေတ္တာရဲ့ စီးလေးမှု

သံယောဇဉ် လေနှင်ရာလိုက်မျောရင်း

အချိန်နဲ့အတူ

တအိအိနိမ့်ဆင်းလာတယ်

ပန်းတစ်ပွင့်ကို ဗဟိုပြုရင်းပေါ့။

 

အဲဒီပန်းပွင့်ပဲပေါ့

နေရောင်ခြည်နုနုတွေ ခြေရှုပ်စဉ်

လေပြေညှင်းတွေ ကလူမြူစဉ်

ပျားပိတုန်းတွေ သွေးဆောင်စဉ်

ဖြုန်းကနဲ သွန်ချလိုက်တယ်

အေးတိအေးစက် နလပိန်းတုံးတွေကိုပေါ့…

တောင်ပံသိမ်း အကြည့်တွေကိုပေါ့…

တပွက်ပွက်ထ သံစဉ်တွေကိုပေါ့…

ဝေါကနဲ… ဝေါကနဲ… ။

 

အနှေးပြကွက်နဲ့ သည်းသည်းမည်းမည်း

ကြွေပြတုန်းကတော့

မြေ ကိုပဲ ကျေးဇူးတင်သလို မျက်လွှာချ

မိုးစဲနေ လာတော့မှ ခေါင်းမော့ ပြုံးပြ

မိုးရေတွေဟာ ပင်လယ်ထဲပဲ စီးဝင်သွားသလို

ဘယ်လိုလဲ မပန်းရယ်။

 

နောင်အခါ မိုးရွာရင်

အပြုံးနဲ့ ကြိုပါ ပန်း

ဒီကောင့်ရင်ထဲမှာ

မေတ္တာရေငွေ့တွေ တယုတယစုစည်းလို့…

ရင်ခုန်နှုန်း ဓါတ်ဖိုဓါတ်မ မွေးမြူလို့…

စိတ်ဆန္ဒလျှပ်ပန်း နွယ်ယှက်ရရဲ့။

 

အခါအခွင့်ကောင်းစောင့်နေရင်း

မျှော်လင့်ခြင်းစိုထိုင်းဆတွေ တွက်ချက်နေရရဲ့

မြေလို

နေလို

အသင့်မရှိပေမယ့်

မေတ္တာရေလိုမယ့် ရက် တွက်ချက်နေရရဲ့

ကံကြမ္မာလေနှင်ရာလိုက်ရင်း မျောရင်း

မျက်မှန်တစ်လက်နဲ့ ကမ္ဘာကို ငုံ့ကြည့်နေမြဲ။

 

မောင်ထိန်လင်း(မြို့သာ) ၈-၃-၂၀၀၆

 

 

 

 

 

 

 

 

 

 

ခေါင်းလောင်းထိုးပါ

 

အခိုးအငွေ့တွေ အုပ်ဆိုင်းပိတ်ဖုံးနေတဲ့အခါ…

သွားရည်အမြားမြားကျနေတဲ့အခါ…

မီး

တဟုန်းဟုန်း

တငွေ့ငွေ့လောင်ကျွမ်းနေတဲ့အခါ…

ခေါင်းလောင်းသံကြားရမလား

နားစွင့်လိုက်ပါ။

သင်ကိုယ်တိုင်

နေသာတဲ့နေ့၊

မဆာလောင်တဲ့နေ့၊

မိုးအေး လေအေး ချမ်းမြေ့တဲ့အခါ

ခေါင်းလောင်းထိုးပါ။

 

မောင်ထိန်လင်း(မြို့သာ) ၁၃-၁၂-၂၀၀၈

(ဆရာနန္ဒသိန်းဇံ၏ ခေါင်းလောင်းထိုးသူများ စာအုပ်ကို ခံစား၍)

 

 

 

 

 

 

ရတနာရွှေကြုတ်

 

အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါတဲ့

သားလား

သမီးလား

မညည်းတွားဘူး၊ သက်ဖူးငုံ။

 

ယုံလား

မယုံလား

မဝါကြွားဘူး၊ အသည်းတုန်။

 

သက်ဖူးငုံမို့

သန္ဓေသားဘဝ၊ အမေလောင်းစတော့

ချော့မော့ကျွေးမွေး

အားဆေးကလေးရော သီးစုံနှော။

 

အသည်းတုန်လို့

အမယ် မမ

တစ်ဆယ်သား အလေးတောင် မကြွရဘူး

လက္ခဏာထူးခြားတာနဲ့

အူယားဖားလျားပြေး

ဆရာမလေးတောင် မော။

မောင်ထိန်လင်း(မြို့သာ) ၂၃-၉-၂၀၁၀

 

ယနေ့ကမ္ဘာ

 

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

တစ်ခါတလေ ကိုယ့်ကိုယ်ကို ရေပတိုက်

တစ်ခါတလေ အိမ်သုံးဆေးလေး မေးစမ်းသောက်နဲ့

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

 

သူ့ရဲ့ အစိမ်းရောင် ပျှော်ရွှင်ခြင်းတွေ

ပလပ်စတစ် စိန်ကော်ဇောနဲ့ လဲလှယ်ခံခဲ့ရလို့

သူ့ရဲ့ ကိုယ်သင်းရနံ့တွေ

မီးခိုးအော်ဒီကလုံးနဲ့ လဲလှယ်ခံခဲ့ရလို့

ကမ္ဘာ ငိုကြွေးတဲ့အခါ

အသား တဆတ်ဆတ်တုန် ငိုကြွေးတဲ့အခါ

တရှိုက်ငင်ငင် ငိုကြွေးတဲ့အခါ

လူတွေက သဘာဝ ဆိုတာကို လက်ညှိုးထိုးပြတယ်။

 

သူက

ငါ အစာမကျွေးလို့ ဟင်းခိုးစားတဲ့ ကြောင်လေးလို

ငါ လိုက်ရိုက်လို့ ချောင်ခိုပုန်းနေတဲ့ ကြောင်လေးလို

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

မောင်ထိန်လင်း(မြို့သာ) ၃၁-၁-၂၀၁၁

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လူရွှင်တော်

 

သူတို့ဦးနှောက်ထဲမှာ

ထိုးဖောက်မြင်နိုင်တဲ့ တတိယမျက်လုံးရှိတယ်၊

သူတို့လျှာဖျား

သကာပျား ဆွတ်ထားပေမယ့်

မုတ်ခါးရည် တစ်စက် တစ်စက်ရောနေတတ်တယ်။

သူတို့တတွေဟာ

ငါတို့ဆန္ဒ ကြိုးဆွဲရာ ကနေရရှာတဲ့

နှလုံးသားရှိတဲ့ ရုပ်သေးရုပ်တွေ၊

တချို့ မထင်ပေါ်ပေမယ့်

ရွှင်ပျော်စေတတ်တဲ့ အနုပညာပြကွက်တွေရှိတယ်၊

တချို့ ဘဝခါးပေမယ့်

ဘဝကို ဂျိုကာလို ဟားတတ်တယ်။

သူတို့စိတ်တန်ခိုးနဲ့

အတိတ်ရဲ့ အရိပ်ဆိုးတွေ ဘယ်လိုမျိုး မေ့နိုင်ပါလိမ့်။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၅-၂၀၁၁

 

 

 

 

 

ရွှေရည်စိမ်

 

အစစ်လို့ ဘယ်လို ဟော ဟော

ရွှေသာဆို

ဗန်းထဲကျင်း ပွဲဈေးမခင်းဘူး။

 

တစ်လ နှစ်လခံပါတယ်

အရောင်မပြယ်ဘူးဆိုရင်

ရွှေမဟုတ်ဘူး။

 

လေးငါးခြောက်သိန်းတန်ကို

အိမ်ပြန်ကားခလောက်နဲ့ မရောင်းဘူး။

ကုန်ကုန်ပြောမယ်

လူပုံလယ် ဖျာခင်း တေးသီချင်းအော်ဆို

ငိုပြ ရယ်ပြ ဟာသဇာတ်ထုပ်ဖွ

အဲလိုရောင်းမှ စွံရင်

ရွှေမဟုတ်ဘူး။

 

မောင်ထိန်လင်း(မြို့သာ) ၂၉-၁၀-၂၀၁၀

 

 

 

စာကြည့်တိုက်

 

စာကြည့်တိုက်(၁)

 

အဲဒီနေရာက

မိခင်လောင်းရဲ့သားအိမ်မြတ်လို

သားသမီးရတနာတွေ

ထွန်းကားလာမယ့်နေရာ

ရွှေထုပ်တဲ့ပုဝါဆိုတော့

ဒိုင်ယာနာ ကိုယ်ဝန်ဆောင်သလို

ကျက်သရေရှိဖို့လည်း လိုတယ်လေ။

 

မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂)

စာသင်​တဲ့​ကျောင်းဆိုတာ
လယ်​ယာ​မြေ​ကောင်းဆိုရင်
ပေါင်း​တွေမြက်​​တွေရှင်းလင်း
သိခြင်းဆိုတဲ့ပညာ
ဆင်​ခြင်​ခြင်းဆိုတဲ့ပညာ
ဘယ်​​နေရာကလာသလဲ?
ခုလိုမိုး​ကောင်းတဲ့ရက်​မြတ်
မေတ္တာအစိုဓာတ်​​တွေ
နူးအိ​နေတဲ့ကာလ
အနာဂါတ်​မျိုး​စေ့​တွေကျဲချတဲ့အခါ
အဖျင်းအ​လေး​တွေကင်း​ဝေး​စေတဲ့
ပေါင်းသတ်​​ဆေးပိုးသတ်​​ဆေးဆိုတာ
စာကြည့်​တိုက်​လို့ ​ခေါ်ချင်​ပါတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၃)

သူ့ခ​မျာ
ပွင့်​ချင်​တိုင်းလည်းမပွင့်​ရ
ရင့်​ချင်​တိုင်းလည်းမရင့်​ရ
မွှေးချင်​တိုင်းလည်းမ​မွှေးရ
သွေးချင်​တိုင်းလည်းမ​သွေးရ
လန်းချင်​တိုင်းလည်းမလန်းရ
ဆန်း​ချင်​တိုင်းလည်းမဆန်းရ
ဝဋ်​နာကံနာတစ်​ခုလို
နုလျှက်​နဲ့ ​နေ​လောင်
ရင့်​မှည့်​ချင်​​ယောင်​​ဆောင်​ခဲ့ရတဲ့
လူစဉ်​မမီသစ်​သီး​တွေ
ဘ၀​ပေတံကြားမှာ ခါးမှာစိုးသတဲ့​လေ။
သူက။

 မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၄)

ရွှေသိုက်​ ​ငွေသိုက်
ရတနာသိုက်​မဟုတ်​​တော့
မြန်​မာပြည်​မှာ
စာကြည့်​တိုက်​​လေးခမျာ အားငယ်​​နေရရှာတယ်
ပြိုးပြိုးပျက်​ပျက်
ဇိုးဇိုးဇက်​ဇက်​​တွေမပါဘူး
မီဒီယာအင်​အားသုံး
မျက်​နှာဖုံး​ပေါ်က မဟုတ်​ဘူး
လူမှု​ရေးဝက်​ဆိုက်​​ပေါ်က
မ​အေး​သောင်းမဟုတ်​ဘူး
မအိမ်​ကံမဟုတ်​ဘူး
သိုက်​ကလာတာမဟုတ်​ဘူး
ဂျင်း​ကောင်​မဟုတ်​ဘူး
ဒါ​ပေမယ့်​ 
ညောင်​​စေ့​လေး​​လောက်​ပျိုးရုံနဲ့
ညောင်​ပင်​ကြီး​လောက်​ပြန်​​မိုး​ပေးတတ်​တယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၀.၉.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၅)

စာအုပ်​စာ​ပေ လူ့မိတ်​​ဆွေ”တဲ့
ဒီလိုဆို​တော့
စာအုပ်​​တွေအများကြီးရှိတဲ့
စာကြည့်​တိုက်​က
မိတ်​​ဆွေအင်​ပါယာကြီး​ပေါ့
ရန်​သူတစ်​​ယောက်​ရှိတာ များပြီး
မိတ်​​ဆွေတစ်​ရာရှိတာ နည်းသတဲ့
ဒါဆို စာကြည့်​တိုက်​​တွေ
အများကြီးလိုတာ​ပေါ့
ထူးတာ​ပေါ့
ခင်​​ဗျား ​ကောက်​ပစ်​လိုက်​တဲ့
ကြယ်​ငါး​လေးအတွက်​ ထူးတာ​ပေါ့။

မောင်​ထိန်​လင်း (မြို့သာ)

၁၀.၉.၂၀၁၇

 

စာကြည့်​တိုက်​(၆)

ဒီလို​ဗမာဂျပု​လေးကို
ကုလသမဂ္ဂအတွင်း​ရေးမှူးလို
အဆင့်​မြင့်​​နေရာ​ပေးရသလား …
ရှုတ်​ချ​တော့
ကျုပ်​ အရပ်
နပိုလီယံထက်​ တစ်​လက်​မ သာသတဲ့
အဲဒီ စာ​ပေချစ်​တဲ့ ဦးသန့်
ဒီ​နေရာက​နေ ​တောင်​ပံဖြန့်​ခဲ့တာ​ပေါ့။

မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၇)

တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
ပွဲစားတစ်​​ယောက်​လိုပဲ
နိ​ဗ္ဗာန်​​ရောက်​​ကြောင်း​တွေ​တောင်
ရွှန်း​ရွှန်းေ​၀ကုန်​တာပဲ
တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
မိုး​မျှော်​​လှေကားလိုပဲ
တက်​သ​လောက်
အမြင့်​​ရောက်​​တော့တာပဲ
တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
မျက်​စိပြန်​မြင်​တဲ့သူလိုပဲ
တန်​ဖိုးရှိရှိ
ကြည့်​တတ်​သွားတာပဲ။

မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၈)

သူက ၀န်​ဇင်းမင်းရာဇာကို
ပြုံးပြီး ​ခေါင်းခါတယ်
စာရှည်​ငညိုသာဆို
ကမ္ဘာ​ကျော်​မယ်​တဲ့​လေ
သူက ဟစ်​တလာကိုလည်း
ပြုံးပြီး ​ခေါင်းခါတယ်
သမိုင်းစာ စိတ်​၀င်​စားရင်
ကောင်းစွာ​ကျော်​ကြားမယ်​တဲ့​လေ
သူက နို​ဗယ်​လ်​ရဲ့ ဒိုင်းနမိုက်​ထဲ
အတွင်း​အောင်​ခြင်း​တွေ
ထည့်​​ပေးချင်​သတဲ့
သူက ​ကင်​ဂျုံအန်းရဲ့ ပဲ့ထိန်းဒုံးကျည်​ထဲ
အနန္တဂရုဏာ​တွေ
ထည့်​​ပေးချင်​သတဲ့
ဝင်းတံခါးဖွင့်​ပြီး
ကမ္ဘာပတ်​ဖို့ ထွက်​လာခဲ့တယ်​။
မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၉)

ဘယ်​လိုဖက်​မျိုးက စပယ်​ရနံ့​မွှေးမှာလဲ
ကတ်​မီးလှုံသူ ဘယ်​နှ​ယောက်
အောင်​သင်း ဖြစ်​ခဲ့သလဲ
ဆိုးသွမ်းသူ ဘယ်​နှ​ယောက်
ပခုက္ကူ ဦးအုံး​ဖေ ဖြစ်​ခဲ့သလဲ
အရက်​ဆိုင်​ထဲက ဘယ်​နှ​ယောက်
စာကြည့်​တိုက်​ထဲက ဘယ်​နှ​ယောက်
ပေါက်​​ရောက်​​အောင်​မြင်​သလဲ
မဲခွဲဆုံးဖြတ်​စရာမလိုဘူး​လေ
စာ​ပေမျက်​လုံး​တွေ
မျက်​စဉ်းခပ်​စရာမလိုဘူး​လေ။

 မောင်​ထိန်​လင်း(မြို့သာ)

၁၂.၉.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၁၀)

သူ့ရင်​ဘတ်​ကိုကြည့်​ပြီး
ဒေး​ဗစ်​ကိုပါဖီး ဖြုံသွားတယ်
ယုံ​တောင်​မယုံနိုင်​ပါလားကွယ်​”တဲ့
သမ္မတကြီး​တွေထုတ်​ပြလိုက်
လူထု​ခေါင်း​ဆောင်​ကြီး​တွေထုတ်​ပြလိုက်
သိပ္ပံပညာရှင်​​တွေ
ဝိဇ္ဇာကြီး​တွေ
အနုပညာရှင်​​တွေ မကုန်​နိုင်​မခမ်းနိုင်
အ​ဆောက်​အဦး ​သေး​သေး​လေးကို
ငေးကြည့်​​နေရတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၂.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၁)

ချို့တဲ့သူ​တွေအတွက်​ အရင်းအနှီး
ကြွယ်​၀သူ​တွေအတွက်​ အကျိုးအမြတ်
ဒီလိုအနက်​ဖွင့်​ကြ​တော့
ဒါက
ကမ္ဘာ့သမ္မာသမာဓိပွဲရုံကြီး​ပေါ့​နော်
ဖရန်​စစ်​​ဘေဂွန်​က
ပါဝါအစစ်​အမှန်​ကို
မီး​မောင်းထိုးပြလိုက်​​တော့
ဒါက
စွမ်းအင်​သို​လှောင်​ရုံကြီးကို ဖြစ်​လို့
ကိုယ်​က မီးမကျွမ်းတဲ့ မီးသီးပဲ
ဖြစ်​ဖို့လို​တော့တယ်​။

မောင်​ထိန်​လင်း(မြို့သာ)

၁၃.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၂)

ပညာဟာ 
ခေတ်​တစ်​​ခေတ်​ကို ထူ​ထောင်​ပြီး
ယစ်​မူးမ​နေ
ကမ္ဘာအနှံ့​ခြေဆန့်​ပြီး
သဲပုံမှာ သစ်​ခက်​စိုက်​ထိုးပစ်​ခဲ့တယ်
ဦး​နှောက်​ယိုစီးတာတို့
ဦး​နှောက်​ ​ဖောက်​စားတာတို့
ခေတ်​စားလာချိန်​မှာ
စာကြည့်​တိုက်​ကို
ကိုယ့်​အိမ်​ကိုယ့်​ယာလို့ သ​ဘောထားလာကြတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၄.၉.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်​(၁၃)

နေရိပ်​လိုချင်​ရင်​ ​နေပူက​စောင့်​တဲ့
စာကြည့်​တိုက်​ထဲမှာ​တော့
အမြဲအရိပ်​ရ​နေရဲ့
အသာစံရဖို့ အနာခံရမယ်​ဆိုတာ
ဘုရား​ဟောမဟုတ်​ဘူး
ငရြဲပည်​က​နေ
ြ​ဗဟ္မာနှစ်​ဆယ်
တန်းမ​ရောက်​ဘူး​လေ
စာကြည့်​တိုက်​က​တော့
အမြဲအသာရ​နေရဲ့။

 မောင်ထိန်လင်း(မြို့သာ)

၁၅.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၄)

တောင်​​ချောက်​ကြားကဆူးကို
ဘယ်​သူ ချွန်​​ပေးခဲ့သလဲ
သူ့ဘာသာသူချွန်​​စေတာတဲ့
သဘာဝအတိုင်းဆို
ထက်​လှ တစ်​​ချောင်း နှစ်​​ချောင်း​ပေါ့
သံမှိုစက်​က ထွက်​သမျှထဲမှ
ပျက်​လှ တစ်​​ချောင်း နှစ်​​ချောင်း​ပေါ့
စာကြည့်​တိုက်​ထဲက ထွက်​လာရင်
မိဘ​တွေ ရင်​​အေးရတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၆.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၁၅)

ဘယ်​လိုပဲ အ​ရောင်​​တွေ စွန်းထင်း​နေပါ​စေ
သူ့လက်​ဖ၀ါးထဲမှာ ဖြူ​ဖွေးသန့်​စင်​ကုန်​တယ်
ဘယ်​လိုပဲ ​မှေးမှိန်​​ဖျော့​တော့​နေပါ​စေ
သူ့အ​မွှေးသူ့အ​တောင်​အတိုင်း
တောက်​​ပြောင်​​ပေါ်လွင်​​စေတယ်
ရောင်​စုံပန်းတစ်​ခင်း​ရှိတယ်​​လေ
မွှေးရနံ့ကလည်း
ပဲရစ်​က လာသလားလို့ မိန်း​မောသွား​စေတယ်
ြ​ဗဟ္မာ့ပြည်​အထိလှုပ်​ခတ်​လို့
ထိ​တွေ့မိသူ​တိုင်း
ပါးနှစ်​ဖက်​ ၀င်း​ပြောင်​​နေတယ်​​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၁၇.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၆)

ငါတို့ ဘာမှ မစွမ်းနိုင်​ပါလား”
ငြီးတွားရတဲ့အခါ
သတိရလာတယ်
ငါတို့ ​ချောက်​ထဲ​ရောက်​​နေပါလား”
သတိရတဲ့အခါ
ငြီးတွားမိပြန်​တယ်
နောင်​တ​မုတ်​သုန်​မိုးစက်​ထဲမှာ
ဖိနပ်​​တောင်​မပါကြပါလားကွယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၈.၉.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၁၇)

ငါတို့
ဘယ်​သူ့ဘက်​ကရပ်​တည်​ရမယ်
ဘာ​ကြောင့်​ရပ်​တည်​ရတယ်
ဘယ်​အချိန်​ထိရပ်​တည်​ရမယ်
ဆိုတာ
ဆင်​ခြင်​နိုင်​စွမ်းမရှိဘဲ
မဆုံးဖြတ်​နိုင်​ဘူး
သင်​ယူရမယ်
လေ့လာရမယ်
ချိန်​ဆရမယ်
ညှိယူရမယ်
ကျင့်​သုံးရမယ်
ပြီး​တော့ မျှ​ဝေရမယ်
ဒီဖြစ်​စဉ်​ကြီးစဖို့အတွက်
အ​ခြေခံ​ဗဟုသုတလိုတယ်​​လေ
ဗဟုသုတအ​ခြေခံနိုင်​ဖို့အတွက်
စာကြည့်​တိုက်​​တွေလည်း လိုတယ်​​လေ
အားလုံးလက်​လှမ်းမီဖို့အ​ရေးဟာ
လူ့အခွင့်အရေးတစ်​ရပ်​ပဲမို့လား။

 မောင်​ထိန်​လင်း(မြို့သာ)

၁၉.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၈)

သတိတရရှိကြသူ​တွေ
ထပ်​ပြန်​တလဲလဲ သတိတရရှိကြသူ​တွေကို
မေးကြည့်​တယ်
ဘာ​ကြောင့်​လဲ
မ​မေ့မ​လျော့ခြင်းကို ​မေ့​လျော့​နေတဲ့အထဲမှာ
သတိရခြင်းအမြစ်​တွယ်​​နေကြလဲ
ကျေးဇူးတရား​ကြောင့်​တဲ့
ငါတို့
မ​မေ့သင့်​ဘူး​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၂၀.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၁၉)

ကျား​သေကိုအသက်​သွင်းတာမှ
မဟုတ်​တာ
နောင်​တရစရာမရှိဘူး​လေ
အိပ်​မက်​ကိုအသက်​သွင်းတဲ့လက်
နှလုံးသား​ရဲ့ကကွက်
ပညာဆန်​တဲ့စုတ်​ချက်​တိုင်းမှာ
လှိုင်း​တွေ
မရပ်​မနား လှိုင်း​တွေ
ရင်​ခွင်​ကမ်းစပ်​ရိုက်​ခတ်​​နေမယ်
နား​ထောင်​ကြည့်​ပါ့လား
ပီတိရွှန်းလဲ့သံစဉ်​​တွေဝဲပျံ…..

 မောင်​ထိန်​လင်း(မြို့သာ)

၂၁.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၀)

နာမည်​​ကျော်​ကြား
ထရိတ်​ဒါး​ဟော်​တယ်​​လောက်​လား
ပြည့်​စုံခမ်းနား
ဆီဒိုနား​ဟော်​တယ်​​လောက်​လား
မဟုတ်​ဘူး
မဟုတ်​ဘူး
သူ​ဌေးတစ်​ဦးရဲ့ကားဂို​ထောင်
မီးဖို​ချောင်​​လောက်​ပါပဲ
ကြံဖန်​ပြီးဝမ်းမနည်းဘူး
ခု​ရေတွင်းတူး
မပြန်​မ​ဖောက်
ချက်​ချင်း​ရေကြည်​​သောက်​ချင်​တဲ့သူ​တွေကြားမှာ
မြို့ငယ်​​လေးကို​တော့အားနာပါရဲ့
တစ်​မြို့နယ်​လုံး
ကျောင်းသားအများဆုံး
အောင်​ချက်​အ​ကောင်းဆုံးဂုဏ်
ဖုန်​​နေတဲ့လမ်း
စန်းပွင့်​​နေတဲ့​ဈေးကွက်
ဈေးအတက်​ကြမ်းတဲ့​မြေ…..
ဒါ​တွေ ထားလိုက်​ပါ​တော့၊
အဲဒီစာသင်​​ကျောင်းထဲမှာ
ကားဂို​ထောင်​​လောက်​​ဆောက်​ပြီး
စာအုပ်​က​လေး​တွေထားချင်​တယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၂၁.၉.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၂၁)

ကြည့်​စမ်း
ကောင်းကင်​​ပျောက်​​နေတဲ့
ငှက်​က​လေး​တွေ
ကြည့်​စမ်း
ရင်​ခွင်​​ပျောက်​​နေတဲ့
က​လေး​တွေ
ကြည့်​စမ်း
လေ​ကြောင်း​ပျောက်​​နေတဲ့
ရွက်​​လှေ​လေး​တွေ
ကြည့်​စမ်း
ဘ၀လမ်းမှာ ပန်းမပါ နံ့သာကင်း
ခေါင်းမစားရလို့ မင်း”မဖြစ်​ရတဲ့
မင်း​လောင်း​တွေ
ရှိ​နေပါ့လား
ဒီတစ်​ခါ​တော့
မရဘူး။

 မောင်​ထိန်​လင်း(မြို့သာ)

၂၂.၉.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်

“ငြိမ်းချမ်း​ရေးအစ
သင့်​နှလုံးသားက”တဲ့။

“ပညာပြည့်​ဝ၊ နှလုံးလှ​သော်
ကိစ္စကြီးငယ်​၊ ​ဆောက်​သဖွယ်​လျှင်
ကျဉ်းကျယ်​ထွင်း​ဖောက်​၊ ဖြတ်​​တောက်​လိုရာ
ပြီးနိုင်​စွာ၏”တဲ့။

ဦး​နှောက်​နဲ့နှလုံးသား၊ဆတူကြီးထွားမှ
မုသားကမ္ဘာမှာ
ဘာကအ​ကောင်း၊ ဘာကအဆိုး
ရှု​ထောင့်​အမျိုးမျိုးသုံးသပ်
တည့်​တည့်​ မတ်​နိုင်​​ပေလိမ့်​။

သုတစာ​ပေ၊ အသိပန်း ​ဝေ
ရသစာ​ပေ၊ စာနာတတ်​​ပေ
မြနဲ့​ရွှေပမာ
စာ​ပေနှစ်​ပါး၊ ရင်​၀ယ်​ထားက
တစ်​​ယောက်​စ တစ်​ရာ
ငြိမ်းချမ်း​ရေးကမ္ဘာ ​မွေးဖွား​ပေလိမ့်​။

အမျိုးသားစည်းကမ်းအစ
စာသင်​​ကျောင်းက…ဆိုရင်
အမျိုးသားငြိမ်းချမ်း​ရေးအစ
စာကြည့်​တိုက်​က…လို့ ဆိုချင်​ပါတယ်​၊
မြန်​မာပြည်​အနှံ့၊ ​မြေပြန့်​​တောင်​​ပေါ်
စာကြည့်​တိုက်​​တွေ​ပေါ်​ပေါက်
တောက်​ပရှင်​သန်​၊ တာဝန်​​ကျေပွန်
မွန်​မြတ်​လုပ်​ငန်း၊ ပန်း​ရနံ့​မွှေး
ငြိမ်းချမ်း​ရေးလည်းပွင့်​​ဝေလိမ့်​။

 မောင်​ထိန်​လင်း(မြို့သာ)

၂၂.၉.၂၀၁၇

စာကြည့်​တိုက်​(၂၂)

ဘယ်​လိုလူမျိုးက ဗုဒ္ဓလဲ
ဘယ်​လိုဌာနက ​စေတီထိုက်​သလဲ
မဲခွဲဆုံးဖြတ်​စရာမလိုဘူး
ပရိသတ်​အ​ယောက်​တစ်​ရာ
ရှာစရာမလိုဘူး
လက်​၀ယ်​တင်​ထား ပတ္တမြား”လို၊
နှလုံးသား​တွေမှာ တည်​တဲ့ ဘုရား
လင်းတ ဘယ်​လို နားနိုင်​မယ်
နေ​ရောင်​မစားနိုင်​ဘူး​လေ။

 မောင်​ထိန်​လင်း(မြို့သာ)

၂၃.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၃)

စာ= စာနာတတ်သူတို့
ကြည့်​= ကြည့်​ရှု​စောင်​မမှုဖြင့်
တိုက်= တိုက်တစ်လုံးဖြစ်လာသော
စာကြည့်​တိုက်
အဲသလို ၀ိ​သေသလက္ခဏာနဲ့
ဘာသာပြန်​ကြည့်​လိုက်​​တော့
တို့စာကြည့်​တိုက်​က​လေးခမျာ
စာနာ​ထောက်​ထားတတ်​သူ​တွေကို
မေးက​လေး​ထောက်
စောင့်​​မျှော်​​နေရှာ​ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၄.၇.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၂၄)

သုံးနှစ်​​လောက်​မိုး​ခေါင်​​နေတဲ့
ကိုး​ချောင်းရွာ​လေး သိလား
စာကြည့်​တိုက်​ရှိလို့ သတိထားမိတယ်
တခမ်းတနား
မြင့်​မားတဲ့ရည်​ရွယ်​ချက်​နဲ့
အ​အေးဓာတ်​​တွေ စွတ်​စို​နေပုံက
တစ်​ရွာလုံးစာ​ရေခပ်​ထားသလို
တစ်​ရွာလုံးစာစိုက်​ပျိုးထားသလို
တစ်​ရွာလုံးစာ…
တစ်​ရွာလုံးစာ…
ပျောက်​​နေတဲ့ရွာထဲ​ရောက်သွားကြသလို
စာကြည့်​တိုက်​ကိုစိုက်​ပျိုးထားတယ်​။

မောင်​ထိန်​လင်း(မြို့သာ)

၂၅.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၂၅)

ဝမ်းစာမိုးတွင်းကြီးထဲမှာ
ပွဲမပြီး​သေးခင်
မီးက ​သေချင်​​နေတယ်
ကိုယ်​ပဲ အဆမတန်​ မြိုမိထားသလား
တစ်​ခါတ​လေ​တွေးမိတယ်​၊
အ​မှောင်​ကျင့်​သားရ မျက်​လုံး​တွေ
လျှပ်​စီးတပြက်​ လျှပ်​ရုံနဲ့
ဘ၀ပျက်​မတတ်​​ခြောက်​ခြားသလို
ကိုယ့်​ကြမ္မာကိုယ်​ဖန်​တီးဖို့
ဝန်​​လေး​နေကြတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၂၆.၉.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၂၆)

စာထဲမှာ ဆား”​တွေ အများကြီး
လူ​ပေါ့​တွေ ​လေး​အောင်
စာအုပ်​လိုက်​ပစ်​ထည့်​လိုက်​တယ်
စိတ်​လျှာနဲ့
လိပ်​ပြာက​လေး​တွေ မြည်းစမ်းကြည့်
သိတယ်​​လေ… သိတယ်
ပြောတဲ့သူ​တွေ
ထိမိပါ​စေ။

 မောင်ထိန်လင်း(မြို့သာ)

၂၇.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၇)

ဝမ်းစာပြည့်​ဝသူ​တွေသာ
ထွက်​​ပေါ်လာ
ထွက်​​ပေါ်လာသူ​တွေသာ
ခေတ်​ကိုထူမတ်
ထူမတ်​လာတဲ့​ခေတ်​သာ
သမိုင်းဖြစ်​တည်
ဖြစ်​တည်​လာတဲ့သမိုင်းထဲမှာ
ဝမ်းစာရှာ​ဖွေတဲ့သူ​တွေ
ဒုနဲ့​ဒေး
သွေး​နွေးသူ​တွေသာ
စာကြည့်​တိုက်​ကို ရှာ​ဖွေနိုင်​လိမ့်​။

 မောင်ထိန်လင်း(မြို့သာ)

၂၈.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၈)

နိုင်​ငံ​တော်​ကို
ဒီလိုပဲ နိုင်​ငံနဲ့ချီပြီး ​ပြောလိုက်​​တော့မယ်
နိုင်​ငံ​တော်​ကို
ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ် ဆွဲတင်​တဲ့အခါ
နိုင်​ငံသား​တွေကိုယ်​တိုင်​ ကြိုးစကိုင်​ရမှာ
ဘယ်​ကြိုးစ ဘယ်​လိုကိုင်​ ဘယ်​လိုဆွဲဆိုတာ
စာကြည့်​တိုက်​​တွေကလည်း တစ်​ခန်းတစ်​ကဏ္ဍပဲ​လေ။

 မောင်ထိန်လင်း(မြို့သာ)

၂၉.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၉)

ထုတ်​ကုန်​​ကောင်း​ကောင်း​တွေ
သောင်း​သောင်းဖြဖြကြိုဆိုကြ
ချီးကျူးကြ
အား​ပေးကြ
စားသုံးသူဘ၀နဲ့​လေ
ထုတ်​ကုန်​​ကောင်းဖို့
ကုန်​ကြမ်း​ကောင်း​ကောင်းလိုတာ
မေ့​နေလိုက်​ကြတာ။

 မောင်ထိန်လင်း(မြို့သာ)

၃၀.၉.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၃၀)

မသိလိုက်​ကြဘူး
အနစ်​နာခံသွားတဲ့ သူရဲ​ကောင်း​တွေ
အများကြီး
မသိလိုက်​ကြဘူး
စ​တေးခံလိုက်​တဲ့ အနုပညာသမား​တွေ
အများကြီး
မသိလိုက်​ကြဘူး
မပိုင်​ဆိုင်​ရတဲ့ ကြွယ်​၀မှု​တွေ
အများကြီး
မသိလိုက်​ကြဘူး
မတူး​ဖော်​ရတဲ့ သယံဇာတတွေ
အများကြီး
မသိလိုက်​ကြဘူး
မသိလိုက်​တာ​တွေ
အများကြီး
မသိလိုက်​ကြဘူး။

 

မောင်ထိန်လင်း(မြို့သာ)

၁.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၃၁)

ကြည့်​တတ်​သူ မြင်​လိမ့်
ဒီလို ကျိမ်​စာဆိုလိုက်​တယ်
ပန်းက​လေး​တွေ လှလိုက်​တာ…တဲ့
သူ့မှာ
ဓာတ်​ကြီး​လေးပါး နဲ့ အာကာသ
မျှမျှတတ​ပေါင်းစပ်​တတ်​ဖို့
အကြိမ်​​ပေါင်း​ထောင်​​သောင်းမက
ထုဆစ်​ခဲ့ရရှာ​တယ်
ကြည့်​တတ်​သူ မြင်​လိမ့်
ဒီလို ကျိမ်​စာဆိုလိုက်​တယ်​။

မောင်ထိန်လင်း(မြို့သာ)

၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၂)

ဘာမှ​ရေးမထား​တော့ ​ဗလာစာအုပ်
က​ဗျာ​ရေးထား​တော့ က​ဗျာစာအုပ်
ဝတ္ထု​ရေး​ထား​တော့ ၀တ္ထုစာအုပ်
ဆောင်းပါး​ရေးထား​တော့
ဆောင်းပါးစာအုပ်
ပြဇာတ်​​ရေး​ထား​တော့ ပြဇာတ်​စာအုပ်
သမိုင်း​ရေးထား​တော့ သမိုင်းစာအုပ်
ဘ၀က
စာအုပ်​တစ်​အုပ်​ ဆိုပါ​တော့
ကျောင်းတစ်​​ကျောင်း ​ကျောင်းက
စာတစ်​​ကြောင်း နှစ်​​ကြောင်း 
ရေး​ပေးဖူးမှာပါ
စာလုံး​ပေါင်းဖတ်​ကြည့်​။

 

မောင်ထိန်လင်း(မြို့သာ)

၃.၁၀.၂၀၁၇

စာကြည့်​တိုက်​(၃၃)

ရည်​ရွယ်​ချက်​နဲ့
အသက်​မ၀င်​​အောင်​ အမိန့်​​ပေးထားခဲ့တယ်
ခုချိန်​ထိ
အရှိန်​​ ​သေ
လေလွင့်​သူ​တွေ ​လေလွင့်​သူစာအုပ်​ထက်​ များပြား
ရေ​သောက်​ရင်​​တောင်​မချို​အောင်
ဘ၀​တွေခါးကုန်​တာကြည့်
ရှင်​သန်​နိုင်​ချိန်​မှာ
ပျံဝဲကြည့်​လိုက်​ပါ
ကောင်းကင်​ကြီးက ပြာ လို့။

 

မောင်ထိန်လင်း(မြို့သာ)

၎.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၄)

ပျော်​စရာသီတင်းကျွတ်​​ညလေး
ဆီမီး​လေး​တွေ စီစီရီရီ ပူ​ဇော်​လို့
အလှနဲ့အလင်းပြိုင်​တူထွန်းညှိထား
ပါဖို့မင့်​ပန်းချီကားတစ်​ချပ်
ကြည်​နှူးမှုဓာတ်​ကူး
မီးရှူးမီးပန်း​တွေ
တဒိုင်းဒိုင်း ရှူးဒိုင်း​တွေ
လှပ်​ကနဲ ဆတ်​ကနဲ ​ပျော်​စရာ
စာကြည့်​တိုက်​​လေး​ရှေ့
မီးထွန်းပြီးပြီလား
တကမ္ဘာလုံး လင်းသွားမယ်
ထာဝရ​ပျော်​ရမယ်​။

မောင်ထိန်လင်း(မြို့သာ)

၅.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၅)

စာဖတ်​​သောလူမျိုး​သည်​ တိုးတက်​သည်​…တဲ့
ဒါဆို စာအုပ်​​တွေက ​လှေကားထစ်​​တွေ
စာကြည့်​တိုက်​က ဘာလဲ
ဒါဆို စာကြည့်​တိုက်​က ဘယ်​လဲ
ဒါ ဆို
စာ
ကြည့်
တိုက်
က
ဘာ လုပ်​ ဖို့ လဲ….

 

မောင်ထိန်လင်း(မြို့သာ)

၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၆)

ရိုလာကိုစတာ စီးသလို​ပေါ့​လေ
အဖက်​ဖက်​က ပြည့်​စုံ​နေရင်​​တောင်
ကိုယ့်​အ​နေအထား မထားတတ်​ရင်
ဇတ်​နာ ပုခုံးနာရသလို​ပေါ့
တိုင်းပြည်​ကို ပြည့်​စုံ​အောင်​ကြိုးစားဆဲကာလမှာ
ဇတ်​နာ ပုခုံးနာမဖြစ်​​ဖို့
အ​နေအထားမှန်​မှန်​​နေတတ်​ရမယ်​။
မောင်ထိန်လင်း(မြို့သာ)

၇.၁၀.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၃၇)

ပုံပြင်​​ခေတ်​တုန်းက
သူရဲ​ကောင်းဇာတ်​လိုက်
ကာတွန်း​ခေတ်​တုန်းက
ကာတွန်းဇာတ်​လိုက်
ဗီဒီယိုရာဇ၀င်​​ခေတ်​တုန်းက
မင်းသားဇာတ်​လိုက်
စူပါမင်း
ပါဝါရိန်းဂျား
သိပ္ပံနယ်​လွန်​လူစွမ်း​ကောင်း​တွေ
စိတ်​ကူးယဉ်​အိပ်​မက်​မက်​ခဲ့ကြ
အ​ဖြေဟာ လက်​​တွေ့ဘ၀ထဲ​ရောက်​လာခဲ့
မြေ၊​ရေ၊​လေ…အာကာသအထိ
ဘာလို့ပိုင်​စိုးနိုင်​တာလဲ?

မောင်ထိန်လင်း(မြို့သာ)

၈.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၈)

စာ​ပေဆိုတာ ထင်းပဲ
ပညာမီး ​မွှေးရတယ်​​လေ
မီးကို ​ကောင်းကျိုးအတွက်​ သုံးမလား
ဆိုးကျိုးအတွက်​ သုံးမလားဆိုတာမှာ
စာ​ပေက မီး ဖြစ်​သွားပြန်​တယ်
ဒါ​တော့ အလင်းအတွက်​​လေ။

မောင်ထိန်လင်း(မြို့သာ)

၉.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၃၉)

အချိန်​ရထားကြီးက
သူ့ဘာသာအလံစိမ်းချိုး ထွက်​ခွာသွား​ချေ​ပေါ့
နောင်​တလက်​မှတ်​​လေး
ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားသူ​တွေ
ငေးကြည့်​​နေကြဆဲ
ကိုယ်​တိုင်​ခူး ကိုယ်​တိုင်​ပန်​မယ်​ဆိုရင်
ဆံတုံးရှိပြီး
အုန်းဆီမရှိတဲ့ ​ကျောင်းက​လေးရှိတယ်
သူ့ရင်
လွင်​ပြင်​ထဲ
စံပယ်​ပန်း​တွေ ​ဖွေး​ဖွေးလှုပ်​​နေ​ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၁၀.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၀)

ကျီး​တွေက မကန်းဘူး
ကမ်းတာ
အုပ်​လိုက်​ ပျံသန်း
အစာ​တွေ့ရင်​၊ ဒုက္ခ​တွေ့ရင်​ ၀ိုင်းအာ
သမဂ္ဂစိတ်​နဲ့
ရင်​ဘတ်​တံဆိပ်​ထိုး မျိုးချစ်​သူ​တွေ
ကျီး​တွေလို မကမ်းဘဲ ကန်း​နေတဲ့သူ​တွေ
ရှိ​နေကြတယ်​။

 

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၀.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၄၁)

ကိုယ်​ မရခဲ့တဲ့ အခွင့်​အ​ရေး
သူတပါးလည်း မရ​စေဘူး စိတ်ယုတ်မာ…
ကိုယ်​ မရခဲ့တဲ့ အခွင့်​အ​ရေး
သူတို့ စံစားရပါ​စေ….  မုဒိတာ
မဟြာ​ဗဟ္မာတို့ရဲ့ ​ပေးမှတ်
၁၀၀ ပြည့်​ဖို့ခက်​တယ်​။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၂)

အရင်​က​လေး​တွေက
မိုး ဘာကြောင့်ရွာ

သိကြားမင်းကြီးကြောင့် ရွာ၊
ခုက​လေး​တွေက
မိုးဆိုတာ…အစချီပြီး
အ​ကြောင်းအကျိုးပြ၊
သိပ္ပံနည်းကျကျရှင်းပြလိမ့်​မယ်
စာကြည့်​တိုက်​ထဲက စာအုပ်​​တွေကို ​ထောက်​ ​ထောက်​ပြီး​တော့​လေ။

 

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၄၃)

သက်​ကြီး​ကောင်​ဘ၀​ရောက်​မှ
ခြင်​​တွေကိုနှိမ်​နင်းနိုင်​ဖို့ ခက်​တယ်
မသွန်​ မလှယ်​နိုင်​တဲ့ ​ရေအိုး​တွေ
အဘိတ်​​ဆေးခပ်​ထားရုံပဲ၊
က​လေး​တွေ
စာကြည့်​တိုက်​ကို ​ခေါ်ခဲ့ပါ။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၄)

မရှိမဖြစ်​လား? ဆို​တော့
မဟုတ်​ဘူး
မရှိမဖြစ်​လား? ဆို​တော့
ဟုတ်​တယ်
စိန်​နဲ့ ပုလင်းကွဲ ခွဲခြားတတ်​ပါ​စေ။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၄၅)

လက်လွှတ်တာပဲ ဖြစ်ဖြစ်
လက်လွတ်တာပဲ ဖြစ်ဖြစ်
ဘာလို့ လွှတ်တယ်၊ လွတ်တယ်ဆိုတာ အဖြေရှိရမယ်
အဖြေမရှိတာပဲ ဖြစ်ဖြစ်
အဖြေမသိတာပဲ ဖြစ်ဖြစ်
လုပ်ပြီးရင်တော့ ပြန်ပြင်မရတော့ဘူး
သင်ခန်းစာအဖြစ်
ကျန်ရစ်ခဲ့မယ်
အမြှော်အမြင်ရှိတဲ့သူတွေ ချန်ထားခဲ့တယ်။

 

မောင်ထိန်လင်း(မြို့သာ)

၁၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၆)

အသံ​ကောင်းဟစ်​တယ်​ဆိုရာမှာ
အသံ​ကောင်းတဲ့သူ ဟစ်​ရမှာမို့လား?
ကီး​ချော်​​နေတဲ့ လမ်း​ပေါ်က
ကီး​ချော်​​နေတဲ့သူ​တွေအတွက်
ကီး​ကြောင်​​နေတဲ့အဆို​တော်​တွေရှိတယ်
စာကြည့်​တိုက်​က​လေး​တောင်
အသံဝင်​ဖို့ကြိုးစား​နေသတဲ့။

 

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၄၇)

အုတ်သက်သက်
ဘိလပ်မြေသက်သက်
သဲသက်သက်
ကျောက်သက်သက် မဟုတ်ဘူး
စာအုပ်တွေချည်းထည့်ထားမှာ မဟုတ်ဘူး
အနာဂတ်ပန်းတွေအတွက်
လမ်းခင်းထားမယ့် စေတနာတွေ
နွေးထွေးမှုတွေ ပေါင်းစပ်ထားတဲ့
ဓါတုဓါတ်ပေါင်းစု
နှလုံးသားနုနုကလေးတွေနဲ့ တည်ဆောက်ကြမှာလေ။

မောင်ထိန်လင်း(မြို့သာ)

၁၈.၁၀.၂၀၁၇

 

စာကြည့်တိုက်(၄၈)

အားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေ
အားလုံးက မသက်ဆိုင်ဘူးလို့
မှတ်ယူထားကြ
သက်ဆိုင်တဲ့အရာတွေကိုသာ
ပိုက်ထွေးကွယ်ဝှက်
မနက်ဖြန်အတွက် ချန်ရစ်ခဲ့တဲ့ ဒိန်ခဲတွေ
မနက်ဖြန်မှာ မသက်ဆိုင်နိုင်မှန်း
မသိကြဘူး အားလုံးက။

မောင်ထိန်လင်း(မြို့သာ)

၁၉.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၄၉)

ဘာသာ​ရေးမှိုင်းတိုက်​မှု​တွေ
ဥပ​ဒေအလွဲသုံးစားမှု​တွေ
ကာမလိမ်​လည်​မှု​တွေ
ဆင်းရဲမွဲ​တေမှု​တွေ
အားလုံးကို
တစ်​လုံးထဲနဲ့ စွပ်​စွဲလို့ရတယ်
စာကြည့်​တိုက်​ယဉ်​​ကျေးမှု
မထွန်းကားတဲ့အမှုလို့။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၀)

ကိုယ့်​တာဝန်​ကိုယ်​ယူတဲ့
လူ့ယဉ်​​ကျေးဆိုတာ
ခြုံကြား ထဲကထွက်​လာမဟုတ်​ဘူး
စာအုပ်​ပုံကြား ထဲကထွက်​လာတာ။

 

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၀.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၅၁)

က​ဗျာဆိုတာ
ရှု​ထောင့်​​ပေါင်းစုံက ​တွေးရင်
မြင်​ကွင်းမျိုးစုံ​တွေ့နိုင်​တယ်
ဂါထာတစ်​ပိုင်းနဲ့
တရားထူးရနိုင်​တာပဲ ကြည့်
အရာအားလုံးပြည့်​စုံ​စေတဲ့​အရာ
ဘယ်​အရာလဲ
အရာအားလုံးပြည့်​စုံ​စေတဲ့​နေရာ
ဘယ်​​နေရာလဲ
စာကြည့်​တိုက်​သရဏံ ဂစ္ဆာမိ လို့​တောင်
ဂုဏ်​​တော်​ပွားလိုက်​ချင်​တယ်​။

 

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၂)

တန်​ဖိုးထားတတ်​သူရဲ့လက်​ထဲမှာသာ
တန်​ဖိုးရှိတဲ့အရာ
တန်​ဖိုးရှိ​နေ​လေရဲ့
ကျ​နော်​တို့
ဘာကို
ဘယ်​လို
တန်​ဖိုးထားမှာလဲ
တန်​ဖိုးထားတတ်​သူရဲ့လက်​ထဲမှာ​လေ။

မောင်ထိန်လင်း(မြို့သာ)

၂၃.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၅၃)

အသိတစ်​ခုကို သိလိုက်​ရတာ
ကြည်​နူးစရာ
အသိတစ်​ခုကို အသုံးကျတဲ့​နေရာမှာ
အသုံးချလိုက်​ရတာ
ပြုံးရွှင်​စရာ
စာကြည့်​တိုက်​ဆိုတာ ပြုံးရွှင်​​စေဖို့ ကြည်​နူးစရာ​တွေ

ဖြည့်​ဆည်း​ပေးတဲ့​နေရာပဲ​လေ၊
ကြည်​နူးပြုံးရွှင်​နိုင်​ပါ​စေ။

 

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၄)

တက်​ညီ လက်​ညီ တဲ့
တက်​ကညီ​ပေမယ့်​ လက်​မညီရင်
အ​ရွေ့တစ်​ခု ရမှာမဟုတ်​ဘူး
လက်​ညီ​ပေမယ့်​ တက်​မညီရင်
ပင်​ပန်းရကျိုး မနပ်​ဘူး
စာကြည့်​တိုက်​တည်​​ဆောက်​တဲ့အခါ
ပြောတာပါ​လေ။

 

မောင်ထိန်လင်း(မြို့သာ)

၂၅.၁၀.၂၀၁၇

 

 

စာကြည့်တိုက်(၅၅)

အဲသလို မျောက်လက်ထဲ
စက်သေနတ်ရောက်သွားတာဖြစ်ဖြစ်
အဲသလို မျောက် အုန်းသီးရသွားတာဖြစ်ဖြစ်
မဂ်အတုကို မဂ်အတုလို့ မသိရင်
ယမမင်းကြီး သိပ်ချော သိပ်ခန့်တာပဲ စကား
သမိုင်းတွင်သွားလိမ့်မယ်။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၆)

အမျိုးသားစာ​ပေဆုတို့
စာ​ပေဗိမာန်​ဆုတို့
စာ​ပေနဲ့ဆက်​စပ်​ မြင့်​မြတ်​တဲ့ဆု​တွေ
ထူးချွန်​သာလွန်​တာထက်
သက်​ရှိသက်​မဲ့ကမ္ဘာ
သာသာယာယာဖြစ်​​အောင်
တစ်​နည်းတစ်​ဖုံ​ဆောင်​ကြဉ်း​ပေးကြလို့
ရတဲ့ဆု​တွေ
ဒီလိုမှတ်​ယူခံစားမိတယ်​၊
သူတို့တ​တွေ
စာကြည့်​တိုက်​နဲ့ မကင်း
ရင်းနှီးကြမယ်​ထင်​ပါရဲ့။

 

မောင်ထိန်လင်း(မြို့သာ)

၂၇.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၅၇)

စာအုပ်စာပေက
အထပ်ထပ်စစ်ထားတဲ့ သောက်ရေ
အင်တာနက်စာပေက
အထပ်ထပ်စစ်သောက်ရမယ့် ရေ
H2O ဓါတ်သတ္တိတန်ဖိုးတူပေမယ့်
လက်တွေ့မျက်တွေ့တန်ဖိုး တူနိုင်ပါ့မလား
ဒါကြောင့် စာကြည့်တိုက်ကို အားပေးနေတာ။

မောင်ထိန်လင်း(မြို့သာ)

၂၈.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၈)

တီးဝိုင်း​တွေ
မြိုင်​မြိုင်​ဆိုင်​ဆိုင်
စီးချက်​ညီညီတီးခတ်​​နေတာ
စိတ်​လက်​ချမ်းသာ ခံစားရတယ်
တို့တ​တွေလည်း
ကိုယ်​ပိုင်​ရာနိုင်​ရာ
ညီညီညာညာတီးခတ်​​စေချင်​တယ်
သံစုံတီးဝိုင်းထဲမှာ​လေ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၀.၁၇

 

စာကြည့်တိုက်(၅၉)

နတ်ရေကန်ထဲ ချလိုက်သလိုမျိုး
ဝိသကြုံနတ်သား ဖန်ဆင်းသလိုမျိုး
သြပပါတိကပဋိသန္ဓေ ဘွားကနဲပေါ်သလိုမျိုး
တန်ခိုးအာဏာ မရှိတဲ့အထဲမှာ
တို့စာကြည့်တိုက်လေးလည်း ပါတယ်။
မောင်ထိန်လင်း(မြို့သာ)

၃၀.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၆၀)

တစ်​လစာမရှိတဲ့ လစာကို
လစာအဖြစ်​နဲ့ ​ကျေနပ်​ခဲ့
ငါသာ
စာကြည့်​တိုက်​ထဲမှာ အချိန်​ကြာကြာ
ဒိထပ်​အချိန်​ကြာကြာ 
လူ့စွမ်းအား​တွေ
ရှာ​ဖွေတည်​​ဆောက်​ခဲ့ရင်
ကျေနပ်​စရာ လစာ
ဒါမှမဟုတ်
သေးနုတ်​တဲ့ဥခွံထဲကခွဲထွက်
ဘ၀မားမတ်​ လူမားမတ်
အသက်​​မွေး​ကျောင်းလွယ်​မှာ​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၃၁.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၆၁)

မိသားစုစုံစုံလင်​လင်​ထမင်းဝိုင်းမှာ
မတင်းတိမ်​နိုင်​တာနဲ့
သူ​တော်​​ကောင်းကြီး​တွေ
ကောင်းမှုမြတ်​နိုးရာ မ​ရောင့်​ရဲနိုင်​တာ
မတူဘူး တူတယ်​​ပေါ့
စာချစ်​တဲ့သူ စာ​ပေရူးသွပ်​မှုအ​ပေါ်
အာသာမ​ပြေတာနဲ့​ရော
ဂုဏ်​ရည်​တန်းညှိနိုင်​ပါ့မလား။

 မောင်ထိန်လင်း(မြို့သာ)

၁.၁၁.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၆၂)

ဘုံလမ်း
ထွက်​ပြင်​တဲ့ရွာက ထွက်​ပြင်​​ပေးကြ
နို့သက်​ခံတဲ့ရွာ​တွေက
အ​ချောင်​ကြိုက်​ မရှက်​တတ်​ကြ
နို့မျက်​ နို့ငတ်​မှ သိမယ်​…..
အဲဒီပျက်​ချိန်​မှ
အနာပြ​ဆေးလိပ်​မ​သောက်​ရလို့
မ​ခြောက်​ချင်​ဘူး
ခု ၆၂ ​ရောက်​ပြီ။

မောင်​ထိန်​လင်း(မြို့သာ)

၂.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၃)

ဆေး​ပေါင်းခဖို့ဆိုတာ
ကြယ်​​တွေ ဂြိုလ်​​တွေ နက္ခတ်​​တွေ
အ​ကြောင်းတိုက်​ဆိုင်
အချိန်​အခါခဏ​လေးကြာမြင့်
တစ်​ဘ၀စာ​ဆေး​ပေါင်းခဖို့ဆိုတာ
ဇော်​ဂျီလို ​ဆေးရှာ​ဆေးကြိတ်​ဖို့မလို
စာတစ်​​ကြောင်းစာနားလည်​ရင်
တစ်​​ကြောင်းစာ
စာတစ်​ပိုဒ်​စာနားလည်​ရင်
တစ်​ပိုဒ်​စာ
စာတစ်​ပုဒ်​စာနားလည်​ရင်
တစ်​ပုဒ်​စာ
စာတစ်​အုပ်​စာနားလည်​ရင်
တစ်​အုပ်​စာ
ဘ၀​တွေဟာစာမျက်​နှာ​တွေပဲ​လေ။

 မောင်ထိန်လင်း(မြို့သာ)

၃.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၄)

ခရီးသွားခြင်းဟာ
စာဖတ်​ခြင်းတစ်​မျိုးတဲ့
ဘယ်​​နေရာမှာ ဘယ်​လိုလူ​တွေ
ဘယ်​လို​နေထိုင်​စား​သောက်​ကြတယ်
ကွင်းဆင်း​လေ့လာသလို​ပေါ့
ဒါ​ပေမယ့်
စာကြည့်​တိုက်​ထဲမှာ
တစ်​နိုင်​ငံလုံးစာ
တစ်​ကမ္ဘာစာ
တစ်​ဘ၀စာ
တစ်​သံသရာစာ
ခရီးသွားမှတ်​တမ်း​တွေရှိ​နေတယ်​၊
ခေတ်​နဲ့​အညီ
နှလုံးသွင်းတတ်​ဖို့​တော့လိုတာ​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၎.၁၁.၂၀၁၇

စာကြည့်​တိုက်​(၆၅)

မြေ၀ိုင်းသဘင်​က​နေ
အမျိုးသားကဇာတ်​ရုံ​တွေဘာ​တွေဖြစ်​လို့
ဇာတ်​သဘင်​ရဲ့အစီအစဉ်​ထဲမှာ
ဘုရားရှိခိုး၊ အပျို​တော်​၊ ​အော်​ပရာ၊
မြန်​မာသံစဉ်​၊ စတိတ်​ရှိုး၊ ပြဇာတ်​၊
နှစ်​ပါးသွား၊​နောက်​ပိုင်းဇာတ်​ထုပ်​…..
ခေတ်​ဆိုတာ အရှင်​​အ​ရွေ့
သေ​နေတဲ့အရာ​တွေ အနည်​ကျသွားမယ်
ပျောက်​ကွယ်​သွားမယ်
စာကြည့်​တိုက်​​တွေ
သေ​​ကုန်​တာ မဆန်းဘူး။

 မောင်ထိန်လင်း(မြို့သာ)

၅.၁၁.၂၀၁၇

 

စာကြည့်တိုက်(၆၆)

ကျော်အောင်ညာကြတာလား။
ဒီကြော်ငြာမှာ
ကိုယ်တိုင်ဇာတ်လိုက်ပေါ့
ပရိုမိုရှင်းတွေက
လူ့ပြည်
နတ်ပြည်
နိဗ္ဗာန်
ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး
ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ။
မောင်ထိန်လင်း(မြို့သာ)

၆.၁၁.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၆၇)

နေ့ခင်း​ကြောင်​​တောင်
အိမ်​ထဲက ပိုက်​ဆံအိတ်​​ပျောက်​သွားလို့
ATM ကဒ်​က​နေ ဘဏ်​စာအုပ်​ထဲ​ပြောင်း
စာကြည့်​တိုက်​အ​ကြောင်းမ​ရေးချင်​ဘူး
ခဏ စိတ်​ကို ​အေးပါ​စေ​ပေါ့
ဒါ​ပေမယ့်​ စာကြည့်​တိုက်​ဆိုတာ
သူခိုးဂျပိုး​ပျောက်​​ဆေးလို့သိထား​တော့
နောက်​ဆံမတင်းချင်​ဘူး​လေ။

 မောင်ထိန်လင်း(မြို့သာ)

၇.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၈)

ပိုက်​ဆံအိတ်​ခွံ ပြန်​ရ​ပေမယ့်
ယူသွားသူခမျာ
သိက္ခာအခွံ ကျန်​ပါ့မလား စိတ်​ပူမိတယ်
တစ်​နယ်​တည်းသား​တွေပဲ​လေ
တစ်​တိုင်းတည်း
တစ်​​မြေတည်း
တစ်​ကမ္ဘာတည်း
ဒီလိုချဲ့ကြည့်​လိုက်​​တော့
ကိုယ့်​အသားကိုယ်​ကြိတ်​လှီးရသလိုနာတယ်
ငါတို့ စာကြည့်​တိုက်​​တွေများများ​ဆောက်​ရမယ်​။

 မောင်ထိန်လင်း(မြို့သာ)

၈.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၉)

NLD အစိုးရကို မဲ​ပေးခဲ့တာ
နှစ်​နှစ်​ကြာခဲ့တဲ့​နေ့
ဟန်​ပြစာကြည့်​တိုက်​​တွေ အသံမမြည်​လို့
ဒေါ်ခင်​ကြည်​တို့​ရွေ့လျား​စေခဲ့
အကျိုးရလာဒ်​​တွေဟာ
ဂဏန်းသင်္ချာနဲ့မျက်​နှာမရ​သေး
ဧရာဝတီ
ငြိမ့်​ငြိမ့်​​လေးစီးဆင်း​နေတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၉.၁၁.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၇၀)

ကိုယ့်​ကုသိုလ်​ဟာ ကိုယ့်​ကုသိုလ်​ပဲ
သူတစ်​ပါး မျှ​ဝေလို့
တစ်​ပြားမှ​လျော့မသွားဘူး။

ကိုယ့်​အသိပညာဟာ ကိုယ့်​အသိပညာပဲ
သူတစ်​ပါး ​ဝေမျှလို့
အလကားဖြစ်​မသွားဘူး။

မောင်​ထိန်​လင်း(မြို့သာ)

၁၀.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၇၁)

အလှကိုယ်​စီရှိသတဲ့
အစွမ်းကိုယ်​ငှ ရကြတယ်​​ပေါ့​လေ
လက်​ရုံးရည်​ဆိုတာ နှလုံးရည်​ကို ကွင်းဝတ်​ထားတဲ့​ရွှေ
ဆိုချင်​တာက
လူ​ကောင်း​ရော လူ​တော်​​ရော ဖြစ်​ဖို့ပဲ
စာ​ပေမျိုးစုံဖတ်ဖို့ပဲ။

 မောင်ထိန်လင်း(မြို့သာ)

၁၁.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၂)

အဟောင်းတွေချည်းပဲလား
အမှိုက်ထဲမှာလည်း ရွှေ ပါတတ်တယ်
အသစ်ကိုမြတ်နိုးတာလား
ရေသန့်မှာလည်း အမှုန် ပါတတ်တယ်
ရင်ကိုဖွင့်ထားစမ်းပါ။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၁.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၇၃)

ဘုရားဖူး ကြည်နူးစရာကောင်းတယ်
သောကတူးတာ မဖြစ်ခဲ့ရင်ပေါ့၊
ဘုရားကို ဆင်းတုတော်မကွယ်ရင်
စာတစ်လုံးဘုရားတစ်ဆူပဲ။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၄)

စဉ်းစားကြည့်တော့ ရီစရာတော့အကောင်းသား
လူနာက လူနာကို ဆေးကုညွှန်ပြလို့……
ဆရာဖြစ်ချင်ရင် စာအရင်ဖတ်ရမယ်လေ
တစ်မိနစ်စော စာဖတ်မိရင် တစ်မိနစ်စော ဆရာဖြစ်မယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၇၅)

စိတ်​တူ​ပေမယ့်​ ကိုယ်​မတူရင်
ကိုယ်​တူ​ပေမယ့်​ စိတ်​မတူရင်
အဖူးပြူတစ်​​တောင်
ဖြစ်​မလာနိုင်​ဘူး
ကိုယ့်​အမျိုးကိုယ်​ချစ်​တယ်​ဆိုတာ
တကယ်​ပါလို့ ကျမ်းကျိမ်​ပြ​နေရမယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၅.၁၁.၂၀၁၇

 

 

 

 

 

 

 

စာကြည့်တိုက်(၇၅)

စာ
ကြည့်
တိုက်
တဲ့၊
စာကြည့်တဲ့သူတွေ တိုက်နဲ့နေရမယ်လား?
မောင်ထိန်လင်း(မြို့သာ)

၁၆.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၆)

ဘာဖြစ်တာလဲ ကိုပဲ စိတ်ဝင်စားကြတယ်
ဘာကြောင့်လဲလို့ မတွေးမိကြဘူး
ဘယ်သူမှမတွေးတဲ့အတွေးကိုတွေးမိကြသူတွေ
ထူးချွန်တဲ့အခွင့်အရေးကိုတွေးမိခဲ့ကြတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၇)

နေရာလေးတစ်နေရာပေါ့
ဒိသာပါမောက္ခရဲ့ ဦးနှောက်ထဲမှာ
တိုင်လေးလုံးနဲ့ဆောက်ထားတဲ့ တိုက်
အာဇာနည်မြင်းမ သားပေါက်ရာ အရပ်
ဘိုးဘိုးအောင်ရဲ့ အောင်ဓါတ်တွေ ကိန်းနေတဲ့ နေရာ
လိုတရကမ္ဘာပြုမိုးရွာ၊ ကြာဖူးကြာငုံတွေ အရောင်မျိုးစုံ စေ့ငုံနေတဲ့ ကန်တော်မင်္ဂလာ။
မောင်ထိန်လင်း(မြို့သာ)

၁၈.၁၁.၂၀၁၇

 

 

 

 

 

 

 

စာကြည့်​တိုက်​(၇၈)

လောကမှာ အံ့ဖွယ်​သရဲ​တွေ အများကြီး
အဲဒီအထဲမှာ
စာမဖတ်​ဘဲ စာတတ်​ချင်​တာ
ပိုအံ့ဩစရာပဲ။

 

မောင်ထိန်လင်း(မြို့သာ)

၁၉.၁၁.၂၀၁၇

 

စာကြည့်တိုက်(၇၉)

အိုင်တီခေတ်မှာ စာကြည့်တိုက် လိုသလား…
ဘယ်ခေတ်မဆို လိုတယ်
စာဖတ်တဲ့သူလာရင် စာကြည့်တိုက်
သုတေသီလာရင် သုတေသနဌာန
ကျောင်းသားတွေလာရင် ကျောင်းဥယျာဉ်
ဘယ်သူမှ မလာရင်လည်း
မော်ကွန်းတိုက်
ပြတိုက်
အောင်မြေ
လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုအမွေပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၀)

အ​မေး နွား​ကျောင်းသား…တဲ့
မေးခွန်း​တွေက ​ထောင့်​မျိုးစုံက​နေ
တ၀ှီးဝှီး ပျံဝဲလာနိုင်​တယ်
ဘုရား​လောင်းဖြစ်​ချင်​ရင်
အရင်​ စာကြည့်​တိုက်​ထဲ ၀င်​​နေလိုက်​။
 မောင်ထိန်လင်း(မြို့သာ)

၂၁.၁၁.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၈၁)

ဘာလို့ ငှက်ကလေးတွေ တေးမသီသလဲ
ဘာလို့ ပန်းကလေးတွေ ၀င့်မချီတာလဲ
ယေဘုယျသဘောတရားတွေနဲ့သာ
နှစ်သိမ့်ခဲ့ရ
တစ်ဦးတစ်ယောက်အတွက်
တစ်စုတစ်ဖွဲ့အတွက်
တစ်နယ်တပယ်အတွက်
တစ်တိုင်းတစ်ပြည်အတွက်
ပုဂ္ဂလဆန်ဆန်ထိုးထွင်းသိဖို့ဆိုတာ
လွယ်တော့မလွယ်ဘူး
မလွယ်တာကို လွယ်အောင်လုပ်နိုင်တာ ပညာပဲမို့လား။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၂)

သူတို့
မချိုးနိုင်​တဲ့ ထင်းစည်းမှာ
ချစ်​ခြင်း​မေတ္တာနဲ့စည်း​နှောင်​ထားတယ်
ချစ်​ခြင်းရဲ့အ​ကြောင်းအကျိုးကို
မီး​မောင်းထိုးပြနိုင်​တဲ့
စာ​ပေအနုပညာ​နဲ့
အဲဒီစာကြည့်​တိုက်​ကို
အလှဆင်​ထားမယ်​…
စာကြည့်​တိုက်​ဟာ
ငြိမ်းချမ်း​ရေးရဲ့မြစ်​ဖျားဆိုတာ
ထင်​ရှား​စေမယ်​​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၂၂.၁၁.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်​(၈၃)

ဘာမှမ​သေချာဘူး
ကြည့်​​လေ နှင်းပွင့်​လွှာပျို
မိုး​ရေလက်​မှာ ငို
သေချာတာက​တော့
စာဖတ်​တဲ့သူ စာသိမယ်
ငါသိဖြစ်​ဖို့လွယ်​မယ်​။

 မောင်ထိန်လင်း(မြို့သာ)

၂၃.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၈၄)

မပြည့်သောအိုးသည် ခြောက်ခြားတတ်၏…တဲ့
ဓမ္မပဒမှာ ဖတ်ခဲ့ဖူးပါရဲ့၊
မပြည့်ဝတဲ့တိုင်းပြည် ဘယ်မှာ တည်ငြိမ်မလဲ
ငြိမ်းချမ်းဖို့ဆိုတာ နှလုံးလှတွေ လိုတယ်
နှလုံးလှဖို့ဆိုတာ ပညာပြည့်ဝမှု လိုတယ်
ပညာပြည့်ဝဖို့ဆိုတာ စာကြည့်သူတွေ လိုတယ်
စာကြည့်ဖို့တာ စာရှိဖို့ လိုတယ် မဟုတ်လား။

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၁.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၈၅)

အစာပလာများတာ တချို့​နေရာ​တွေမှာ မ​ကောင်းဘူး
ဆိုင်းမှာ drum set အသံများ​နေတာမျိုး​ပေါ့
တချို့​နေရာ​တွေမှာ ​ကောင်းတယ်
လက်​ဖက်​သုတ်​မှာ ပဲ​ကြော်​များ​နေတာမျိုး​ပေါ့
စာကြည့်​တိုက်​မှာ စာအုပ်​များ​နေတာမျိုး​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၂၅.၁၁.၂၀၁၇

 

 

 

စာကြည့်တိုက်(၈၆)

အလှူရှင်က လူတစ်ယောက်ကို ကျွေးလှ
ထမင်း သုံးလေးနပ်ပေါ့
စာပေကတော့ လူတစ်ယောက်ကို အတွေးလှလှနဲ့
တဘ၀လုံး အိမ်ဦးခန်း ခေါ်တင်ထားတတ်တယ်။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၇)

ေ​ဗဒါပန်း​တွေ
စာကြည့်​တိုက်​ထဲမှာ ပွင့်​​နေရဲ့
ပန်​လိုသူ​တွေ အလိုကျ
ပွင့်​​နေ​လေရဲ့။

 မောင်ထိန်လင်း(မြို့သာ)

၂၇.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၈၈ )

ဆောင်းနဲ့နှင်း
ပန်းနဲ့ပျား
အလှနဲ့အပြုံး
အသက်နဲ့သီလ ယှဉ်တွဲပြအနုပညာလေ
မြို့၊ ရွာနဲ့ စာကြည့်တိုက်လည်း
လိုက်ဖက်တဲ့အလှပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၁.၂၀၁၇

 

 

 

 

 

 

စာကြည့်တိုက်(၈၉)

လောဘထဲမှာ
ပညာလောဘက
လောကကြီးမှာအမွန်မြတ်ဆုံး
လောကကြီးကို အလှဆင်နိုင်ဆုံး
လောကကြီးကို ငြိမ်းချမ်းစေနိုင်ဆုံး
သူတို့တတွေ နှလုံးသားမပျောက်ဆုံးရင်ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၉၀)

ထာဝရကုသိုလ်တွေမှာ လမ်းဖောက်၊ လမ်းပြင် ပါတယ်
နောင်လာနောက်သားတွေအတွက်
အနာဂတ်အထိ လမ်းဖောက်လိုက်ရအောင်။
အပယ်တံခါးပိတ်စေတဲ့ကုသိုလ်တွေမှာ ဘုရားတည် ပါတယ်
နှလုံးသားတွေပေါ်မှာ ဘုရားတည်ကြရအောင်။
မှောင်မှန်းသိရင် မီးထွန်းရမှာပေါ့။

မောင်ထိန်လင်း(မြို့သာ)
၃၀.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၉၁)

ချမ်းအေးမှ ခြုံစောင်ကို သတိရသလိုမျိုး
ငြီးငွေ့မှ အိမ်ထမင်းကို သတိရသလိုမျိုး
ခက်ခဲမှ အဖော်ကောင်းကို သတိရသလိုမျိုး
စာကြည့်တိုက် ဆိုတာ
အကြံဆင်းရဲ
ဉာဏ်ဆင်းရဲ
ကံဆင်းရဲမှ သတိရသလိုမျိုး။

မောင်ထိန်လင်း(မြို့သာ)

၁.၁၂.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်တိုက်(၉၂)

ဆေးဆရာတစ်ယောက်က လူ ဘယ်နှယောက်ကယ်တင်နိုင်သလဲ
ဆရာတစ်ယောက်က ပို ကယ်တင်နိုင်တယ်
အသက်ဝင်နေတဲ့စာကြည့်တိုက်က ပို ကယ်တင်နိုင်တယ်။

မောင်ထိန်လင်း(မြို့သာ)

၂.၁၂.၂၀၁၇

 

 

စာကြည့်​တိုက်​ ၉၃

ဘာလို့ ဒီလိုလုပ်​သလဲ ​မေးရင်
အ​ကြောင်းပြချက်​ ခိုင်​ခိုင်​လုံလုံရှိပါတယ်
လုပ်​ချင်​လို့ လုပ်​တာ
ဒီလို​ဖြေလိုက်​မယ်
လုပ်​သင့်​တယ်​ထင်​လို့ လုပ်​ချင်​လာတာပါ။

 မောင်ထိန်လင်း(မြို့သာ)

၃.၁၂.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၉၄)

ဘယ်နေရာများ စီးဝင်သွားတာလဲ
ဘယ်နေရာများ ပျောက်ကွယ်သွားတာလဲ
အဲဒီ အပိုင်းအစလေးတွေ
တမှုန်စီ တစစီ တဖဲ့စီ ကောက်ဆက်လိုက်ရင်
စာအုပ်တွေ ခန်းနားတဲ့ နေရာ
ဖြစ်လာမယ်ဆိုတာ
မေ့နေလိုက်ကြတာ။

မောင်ထိန်လင်း(မြို့သာ)

၅.၁၂.၂၀၁၇

 

 

 

 

 

 

 

စာကြည့်တိုက်(၉၅)

လူ့လောကမှာ ဖျင်းတဲ့လူဆိုတာ မရှိဘူး
စာညံ့တာကို ပြောတာလား
အယ်ဒီဆင် စာညံ့
ဘွဲ့မရတာကို ပြောတာလား
ဘီဂိတ်ကြီး ဘွဲ့မရ
ဝင်ငွေကို ပြောတာလား
ဂေါ်ဂင်က ငမွဲ
မြန်မာပြည်သား ကဗျာဆရာလည်း ငမွဲ
ပျင်းတဲ့လူဆိုတာပဲ ရှိတယ်
ဒီနေ့ စာဖတ်ပျင်းရင် စာဖတ်တဲ့လူ နောက်လိုက်ပဲ။

မောင်ထိန်လင်း(မြို့သာ)

၆.၁၂.၂၀၁၇

 

စာကြည့်တိုက်(၉၆)

စောင့်နေတယ် မဆိုင်းဘူး
စောင့်နေတယ် မျှော်လင့်နေတယ်
ပင်ပန်းနေတဲ့သူကို ခရီးတတိုင်သွားခိုင်းသလိုပဲ
မျှော် တ လင့် လင့် စောင့်နေခိုင်းတာ ပင်ပန်းတယ်
စာကြည့်တိုက်ကလေးရေ ထွက်လာပါတော့ ပန်းပေးတယ်။

မောင်ထိန်လင်း(မြို့သာ)

၈.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၉၇) 

ရှိမှာပါ
အနာဂတ်မြန်မာကို လှပစေချင်တဲ့ဆန္ဒ
တစ်ရာတစ်ယောက်မက ရှိမှာပါ
သော့နဲ့သော့တံလို မတိုက်ဆိုင်သေးလို့နေမှာပါ
တစ်ရာ တစ်ယောက်မက
တစ်ထောင် တစ်ယောက်မက
တစ်သောင်း တစ်ယောက်မက ဖူးကြပွင့်ကြလိမ့်ဦးမယ်။

မောင်ထိန်လင်း(မြို့သာ)

၈.၁၂.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၉၈)

တချို့နောင်တတွေက ပြုပြင်လို့မရတဲ့ အမှားတွေ
အဲဒီအထဲမှာ
စာကြည့်တိုက်ကလေးထဲ မလှူလိုက်ရဘူး ဆိုတာမျိုး
မပါစေချင်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၉.၁၂.၂၀၁၇

စာကြည့်တိုက်(၉၉)

ပွင့်နေ သီးနေတာသာ လူသိတာပါ
မျိုးစေ့ရှာ အပင်ပျိုး မြေဆွပေါင်းသင်ရတယ်ဆိုတာ
ဧည့်ခန်းထဲမှာချိပ်ထားတဲ့ဘွဲ့ဓါတ်ပုံလောက်

မလွယ်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၁၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၀)

အဖြေမှန်တာလေးကြည့်ပြီး
အောင်မြင်တယ် ကျရှုံးတယ် သတ်မှတ်မယ်ဆိုရင်
တစ်ထစ်ချင်းတက်လာတဲ့ ချွေးစက်တွေကို
မထီမဲ့မြင်ပြုရာရောက်တယ်။

မောင်ထိန်လင်း(မြို့သာ)

၁၁.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၁)

ကြည့်ရင် မြင်တယ်ဆိုတော့
မကြည့်ခဲ့လို့ မမြင်ခဲ့တာပေါ့လေ
ဘယ်ရွာ ဘယ်မြို့မှာ
စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားနေလဲ။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၂)

မျှော်မှန်းလူ့သက်တမ်းကိုတောင် မစေ့ဘဲ
သေဆုံးရသူတွေလား
မေးမနေနဲ့
`မသိလို့´သေတာများတယ် တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၀၃)

အစာမှားရင် သေတာ ခပ်ရှားရှား
ဆရာမှားရင်
စာမှားရင် သေတာ ခပ်များများရယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၀၄)

မျှော်လင့်ခြင်းဆိုတာ
မျှော်လင့်ချက်ထားသူအတွက်
သီးသန့်ဝေတဲ့ “နှင်း´´
ကဲ… သက်ပြင်းတွေချမနေတော့နဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၅)

ကိုယ့်ခြေထောက်တွေက
ဘယ်ကိုဆွဲခေါ်နေသလဲလို့ သိပါ
စာကြည့်တိုက်ထဲရောက်အောင်ခေါ်လာတဲ့ခြေထောက်
မိတ်ဆွေခြေထောက်။

မောင်ထိန်လင်း(မြို့သာ)

၁၆.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၆)

သေချာတယ်
ဒီအချိုး ဒီအကျင့်မျိုး ဆိုရင်
စာကြည့်တိုက်ထဲ ခြေမချဘူးတာ
သေချာတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၈)

ငါစွဲပြုတ်နေတဲ့ အချိန်တွေ ရှိတယ်
စာဖတ်နေပါ့လား
ငါစွဲပြုတ်နေတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၉)

သံကောင်းတိုင်း ဓါးကောင်းမရနိုင်ဘူး
စာကြည့်တိုက်ထဲက ထွက်လာရင်တော့
ဓါးကောင်းတစ်လက် ပိုင်နိုင်မှာပါ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၀)

စာအုပ်တွေနဲ့ ဘ၀ကို မတည်ဆောက်ဘဲ
အတ္တတွေနဲ့ တည်ဆောက်နေတော့
ဘယ်ကလာ တောက်ပြောင်နေမှာလဲ။

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၂.၂၀၁၇

 

 

 

စာကြည့်တိုက်(၁၁၁)

နိဗ္ဗာန်မကူးနိုင်သေးရင်
အရူးတွေချည်းပဲ
အရူးကြီး၊ အရူးလေး ဒါပဲ ကွာမယ်
အရူးတွေထဲမှာတော့ စာရူးပေရူးက တမူးသာတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၂.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၁၁၂)

မည်သို့ပင်ဆိုစေကာမူ……တဲ့
အဂတိလေးပါးဆိုတာ
စာပေပညာဗဟုသုတနည်းပါးရခြင်းကို
မြစ်ဖျားခံလာတာချည်းပဲ။
မောင်ထိန်လင်း(မြို့သာ)
(Whatever Law says= မည်သို့ပင်ဆိုစေကာမူ(

၂၃.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၃)

အဓိကကတော့ စာနာစိတ်ပါပဲ
ကိုယ့်တုန်းက ရခဲ့ရင်လည်း ကိုယ့်လို ရပါစေပေါ့
ကိုယ့်တုန်းက မရခဲ့ရင်လည်း သူတို့လေးတွေ ရပါစေပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၄)

အကြွေးမှန်သမျှ အတိုးပေးရတာချည်းပဲ
စာကြွေးက ပိုဆိုးတယ်၊
ဘ၀နဲ့ရင်း ဆပ်ရလိမ့်မယ်။

မောင်ထိန်လင်း(မြို့သာ)

၂၅.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၅)

မှတ်ကျောက်တွေက အများကြီး
အချိန်မရွေး စစ်ဆေးနေမှာပဲ
အမြဲ ရွှေ ဖြစ်နေပါစေ။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၆)

(ဗုဒ္ဓသာသနာ စိရံ တိဌတု ….ပါ ဘုရား(

ပြီးတော့လည်း ပြီးသွားတာမျိုး
မိရိုးဖလာမျိုး
တာဝန်ကျေအလှူမျိုး မလှူချင်ဘူး
အသက်ဝင်နေတဲ့စာကြည့်တိုက်လိုမျိုး
လင်းပွင့်စေချင်တာ။

မောင်ထိန်လင်း(မြို့သာ)

၂၇.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၇)

သမင်တွေကို ဘယ်သူ မျက်စဉ်းခပ်ပေးသလဲ….တဲ့
ဆီအိုးထဲကျတဲ့ ၀ါဂွမ်းလိုမျိုး သဒ္ဓါရှင်တွေကို
ကြည်ညိုတာ၊
နတ်မြင်းပျံတောင်ပံခတ်သလို မြင်တတ်စေချင်တာ။

မောင်ထိန်လင်း(မြို့သာ)

၂၈.၁၂.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၁၈)

တစ်နှစ်သာ ကုန်လို့သွားတယ်

ဘာတွေများ ရလိုက်သလဲ ဆန်းစစ်မိတယ်၊
ကျောင်းစာကြည့်တိုက်လေးအတွက်
တတ်နိုင်သလောက်လှူမိတယ်၊
ညောင်ပင်ကြီးတွေ ပေါက်တော့မှာပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၉)

ဆရာဆိုတာ
သက်ရှိ သက်မဲ့ အသက် ဂုဏ်ဝါနဲ့ မဆိုင်ဘူး
ဉာဏ်ရည်ထူး၊ စိတ်ခွန်အားနဲ့ပဲ ဆိုင်တယ်
သရက်ပင်ကြည့်ပြီး မဟာဇနက တောထွက်သွားပြီလေ။

မောင်ထိန်လင်း(မြို့သာ)

၃၀.၁၂.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၂၀)

လှူတဲ့သူက လှူပြီးပြီ​လေ
ယူတဲ့သူက
ယူနိုင်​​အောင်​ကြိုးစားရမယ်​မို့လား။

 မောင်ထိန်လင်း(မြို့သာ)

၃၁.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၂၁)

ကြည့်ပါ့လား
မြေကြီးမှီပြီး လုပ်ရတဲ့အလုပ်တွေက
အမှောင့်ပယောဂများတယ်
ဦးနှောက်ပေါ် စိုက်ပျိုးပါ။

မောင်ထိန်လင်း(မြို့သာ)

၂.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၂)

ကွန်ချက်ချည်းပဲပြမနေကြပါနဲ့…..
မနက်ဟင်းစာရအောင်
ငါးတစ်ကောင်၊ နှစ်ကောင်
အရင်ပေးပါ။

မောင်ထိန်လင်း(မြို့သာ)

၃.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၄)

မီး ပူတာပေါ့
ပညာနဲ့ကိုင်ရင် မပူဘူး။
(သီတဂူဆရာတော်(

မောင်ထိန်လင်း(မြို့သာ)

၅.၁.၂၀၁၈

 

 

စာကြည့်တိုက်)၁၂၅)

စိတ်ပါပြီးလက်မပါတဲ့အချိန်
လက်ပါပြီးစိတ်မပါတဲ့အချိန်
ခေါင်းနဲ့ကိုယ် အိုးစားကွဲနေတာပဲ။

မောင်ထိန်လင်း(မြို့သာ)

၆.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၆)

ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုတာ
မင်္ဂလာဆိုရင်
ခင်ဗျားဇာတိမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိပြီလား။

မောင်ထိန်လင်း(မြို့သာ)

၇.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၈)

ဘာအတွက်လှူကြတာလဲ……
လှူပြီး စိတ်ကျေနပ်
ကြည်နှူးဆွတ်ပျံ့နေရင်
နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့လေ။

မောင်ထိန်လင်း(မြို့သာ)

၉.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၃၀)

အဘိဓမ္မာမှာ
ရှောင်သင့်တာတင်မကဘူး
ပြုသင့်တာတွေပါ ဟောပြထားတယ်
သူ့အသတ် မသတ်ဘူး၊ သူ့အသက်လည်းရှည်စေရမယ်….တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၁.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၂)

လောကီအောင်မြင်မှုဆိုတာ
အောင်မြင်မှု သက်သက်မဟုတ်သလို
ကျဆုံးမှုဆိုတာလည်း ကျဆုံးမှုသက်သက်မဟုတ်ဘူး
အဲဒီလိုသိခဲ့တယ်။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၃၃)

တတ်နိုင်သူများအတွက် လွယ်လွန်းပြီး
မတတ်နိုင်သူတွေအတွက် ခက်လွန်းတယ်
အဲဒီ အစွန်းတွေကို မုန်းတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၄)

အပြောင်းအလဲကိုလိုလားရင်
ကိုယ်တိုင်လည်းအပြောင်းအလဲလုပ်ရမယ်….တဲ့
ဖောင်ဒေးရှင်းချပြီးမှ ဆောက်ပါ။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁.၂၀၁၈

 

 

 

 

စာကြည့်တိုက်(၁၃၆)

ဘာသာရေးက မလိုပါဘူး
ကိုယ်ချင်းစာစိတ်လေးပဲ လိုတာ
ဘာသာရေးက မပိုပါဘူး
အတ္တစိတ်တွေသာ ပိုနေတာ။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၇)

တောင်ကြီး ဖဝါးအောက်….
တစ်နေ့တစ်ခေါက် ဆိုကြည့်ရအောင်
စာကြည့်တိုက်လေး ဆောက်ချင်နေပြီ။

မောင်ထိန်လင်း(မြို့သာ)

၁၈.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၈)

လူမှောင်ခိုတွေသာမက
စာမှောင်ခိုတွေပါ ပေါများနေတဲ့အခါ
စာကြည့်တိုက်တွေက
အလင်းရောင်ကောင်းကောင်းရနေဖို့လိုတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၉)

အဲသလောက်ထိ ချစ်ပြ
အနစ်နာခံပြစရာ မလိုပါဘူး
အုတ်တစ်ချပ် သဲတစ်ပွင့်စာပဲလိုတာပါ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၄၁)

……… မှာ ……… သားတွေ နေတာ မဆန်းဘူး
……… သားတွေ နေတဲ့ ……… မှာ
စာကြည့်တိုက်မရှိတာ ဆန်းတယ်၊
ကယ်တင်ရှင်မျှော်နေကြတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၄၄)

ပျော်ချင်ရင်
လွတ်လွတ်လပ်လပ် ပျော်ချင်ရင်
ငိုချင်ရင်
အဓိပ္ပါယ်ရှိရှိ ငိုချင်ရင်
စာ များများဖတ်ရတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၅.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၅)

တချို့စကားလုံးတွေက ချရေးထားဖို့ မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားရင် မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ မလိုဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ လိုတယ်၊
ခေတ်အဆက်ဆက် ပြောင်လက်နေဖို့ဆိုတာ………။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၆)

အိမ်ထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
မြို့ထဲရွာထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
ပြည့်စုံပါစေ။

မောင်ထိန်လင်း(မြို့သာ)

၂၇.၁.၂၀၁၈

 

 

         

     

 

 

 

 

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၄၇)

ဖြစ်ရပါလို၏….ဆိုပြီး လှူလိုက်ကြတယ်
ဖြစ်ကြပါစေ….ဆိုပြီး မလှူမိကြဘူး
ထူးဆန်းတယ်
စာကြည့်တိုက်မှာ ဆုတောင်းနေစရာ မလိုတာပဲ၊
ပြည့်စုံသွားမယ်လေ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၈)

တချို့အလုပ်တွေကတော့
အချိန်ယူရတယ်
အချိန်ယူမှ ကောင်းတယ်
တချို့အလုပ်တွေကတော့
အရှိန်ယူရတယ်
အရှိန်ယူမှ ကောင်းမယ်
စာကြည့်တိုက်လေးကတော့ အရှိန်ယူနေရတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၉)

စောင့်တိုင်း မစားရဘူး
စောင့်စားတိုင်း ကောင်းတယ် မထင်နဲ့
စောင့်ပြီးမှ စားရရင်လည်း
ကောင်းမယ်မထင်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၃၀.၁.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၅၀)

ငပုပ်က လ ကို တစ်ခါတလေမှ ဖမ်းမိတာပါ
စိတ်ကိုတော့ ဖမ်းထားလိုက်တာ
စာကြည့်တိုက်လေး စုန်းစုန်းမြုပ်လှပေါ့။

မောင်ထိန်လင်း(မြို့သာ)

၃၁.၁.၂၀၁၈

 

စာကြည့်တိုက်(၁၅၁)

လောကဓံ ဆိုတာ လောကဒဏ် မဟုတ်ဘူး
အသံတူပေမယ့်
အကြောင်းကွဲ တွေ များပြား
အခါး ဆိုတာတောင်
မခါးပါလားလို့ သိလာနိုင်တယ်။

မောင်ထိန်လင်း(မြို့သာ)

၁.၂.၂၀၁၈

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၅၂)

ထမင်းဝအောင်စားဖို့
ဝမ်းဗိုက်က မတင်းတိမ်သလို
မိုက်စိတ်ကလည်း မိုက်လုံးကြီးဖို့ မတင်းတိမ်ပေမယ့်
စာကြည့်တိုက်ကလေးတော့
ထမင်းတစ်စေ့အတွက် နပ်ကျော်ခဲ့ရပေါင်းများပြီ။

မောင်ထိန်လင်း(မြို့သာ)

၂.၂.၂၀၁၈

 

 

စာကြည့်တိုက်(၁၅၄)

အသေဝနာစ ဗာလာနံ….. တဲ့
စာကြည့်တိုက်ထဲ
ဝင်နေကြပါ။

မောင်ထိန်လင်း(မြို့သာ)

၎.၂.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၆၀)

တစ်လောကလုံးကို ချစ်သောမျက်လုံးဖြင့်
ကြည့်ရှုတတ်ဖို့ဆိုတာ
ငါထဲမှာ စာကိုရှာနိုင်ရမယ်တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၁.၂.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၆၁)

အရိပ်

လောင်းရိပ်

အေးရိပ်…..။

မောင်ထိန်လင်း(မြို့သာ)

၁၁.၂.၂၀၁၈

 

 

(၁၆၃) စာကြည့်တိုက်

လူတွေရဲ့ သဘောထား
နေရာဒေသ
အချိန်ကာလပေါ်မူတည်ပြီး
တန်ဖိုး
ပြောင်းလဲသွားတယ်နော်!

မောင်ထိန်လင်း(မြို့သာ)

၁၇.၂.၂၀၁၈

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၆၅)

 

ဒုက္ကရစရိယာကျင့်နေတဲ့

စာကြည့်တိုက်လေး

ဘယ်နေ့တရားဦးဟောမလဲ

ကျွတ်တမ်းဝင်မယ့်သူတွေ

တချို့ မြေကြီးဖြစ်ကုန်ပြီ။

 

မောင်ထိန်လင်း(မြို့သာ)

၁၉.၃.၂၀၁၈

 

 

စာကြည့်တိုက် (၁၆၆)

မွေးနေ့မှာ
မမေ့သင့်တာတွေ မမေ့တာ
ဉာဏ်ပညာရဲ့ သော့တံပဲလေ
စာကြည့်တိုက်ကို ဖွင့်ခဲ့တယ်မို့လား။

အလှူရှင်၊ မွေးနေ့ရှင်ကိုမျိုးနေဇာအတွက်…..

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၁.၂၀၁၈

 

 

 

 

 

တချို့ကဗျာလေးတွေကို ရှာမတွေ့တော့ပါဘူး။ တောထဲကို စွန့်ပစ်ခံရဖို့ သွားတဲ့ သူဆင်းရဲမိဘနှစ်ပါးရဲ့ ကလေးငယ်လေး၊ ပေါင်မုန့်လေးတွေ ဖဲ့ပြီး လမ်းမှတ်မိအောင် ကြိုးစားသလို….

တွေ့သလောက် ပြန်ကောက်ပြီး လာလမ်းကို မှန်းပြန်ခဲ့တယ်…..။

 

 

မောင်ထိန်လင်း(မြို့သာ)

စာကြည့်တိုက်(၁)

 

အဲဒီနေရာက

မိခင်လောင်းရဲ့သားအိမ်မြတ်လို

သားသမီးရတနာတွေ

ထွန်းကားလာမယ့်နေရာ

ရွှေထုပ်တဲ့ပုဝါဆိုတော့

ဒိုင်ယာနာ ကိုယ်ဝန်ဆောင်သလို

ကျက်သရေရှိဖို့လည်း လိုတယ်လေ။

 

မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂)

စာသင်​တဲ့​ကျောင်းဆိုတာ
လယ်​ယာ​မြေ​ကောင်းဆိုရင်
ပေါင်း​တွေမြက်​​တွေရှင်းလင်း
သိခြင်းဆိုတဲ့ပညာ
ဆင်​ခြင်​ခြင်းဆိုတဲ့ပညာ
ဘယ်​​နေရာကလာသလဲ?
ခုလိုမိုး​ကောင်းတဲ့ရက်​မြတ်
မေတ္တာအစိုဓာတ်​​တွေ
နူးအိ​နေတဲ့ကာလ
အနာဂါတ်​မျိုး​စေ့​တွေကျဲချတဲ့အခါ
အဖျင်းအ​လေး​တွေကင်း​ဝေး​စေတဲ့
ပေါင်းသတ်​​ဆေးပိုးသတ်​​ဆေးဆိုတာ
စာကြည့်​တိုက်​လို့ ​ခေါ်ချင်​ပါတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၃)

သူ့ခ​မျာ
ပွင့်​ချင်​တိုင်းလည်းမပွင့်​ရ
ရင့်​ချင်​တိုင်းလည်းမရင့်​ရ
မွှေးချင်​တိုင်းလည်းမ​မွှေးရ
သွေးချင်​တိုင်းလည်းမ​သွေးရ
လန်းချင်​တိုင်းလည်းမလန်းရ
ဆန်း​ချင်​တိုင်းလည်းမဆန်းရ
ဝဋ်​နာကံနာတစ်​ခုလို
နုလျှက်​နဲ့ ​နေ​လောင်
ရင့်​မှည့်​ချင်​​ယောင်​​ဆောင်​ခဲ့ရတဲ့
လူစဉ်​မမီသစ်​သီး​တွေ
ဘ၀​ပေတံကြားမှာ ခါးမှာစိုးသတဲ့​လေ။
သူက။

 မောင်ထိန်လင်း(မြို့သာ)

၉.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၄)

ရွှေသိုက်​ ​ငွေသိုက်
ရတနာသိုက်​မဟုတ်​​တော့
မြန်​မာပြည်​မှာ
စာကြည့်​တိုက်​​လေးခမျာ အားငယ်​​နေရရှာတယ်
ပြိုးပြိုးပျက်​ပျက်
ဇိုးဇိုးဇက်​ဇက်​​တွေမပါဘူး
မီဒီယာအင်​အားသုံး
မျက်​နှာဖုံး​ပေါ်က မဟုတ်​ဘူး
လူမှု​ရေးဝက်​ဆိုက်​​ပေါ်က
မ​အေး​သောင်းမဟုတ်​ဘူး
မအိမ်​ကံမဟုတ်​ဘူး
သိုက်​ကလာတာမဟုတ်​ဘူး
ဂျင်း​ကောင်​မဟုတ်​ဘူး
ဒါ​ပေမယ့်​ 
ညောင်​​စေ့​လေး​​လောက်​ပျိုးရုံနဲ့
ညောင်​ပင်​ကြီး​လောက်​ပြန်​​မိုး​ပေးတတ်​တယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၀.၉.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၅)

စာအုပ်​စာ​ပေ လူ့မိတ်​​ဆွေ”တဲ့
ဒီလိုဆို​တော့
စာအုပ်​​တွေအများကြီးရှိတဲ့
စာကြည့်​တိုက်​က
မိတ်​​ဆွေအင်​ပါယာကြီး​ပေါ့
ရန်​သူတစ်​​ယောက်​ရှိတာ များပြီး
မိတ်​​ဆွေတစ်​ရာရှိတာ နည်းသတဲ့
ဒါဆို စာကြည့်​တိုက်​​တွေ
အများကြီးလိုတာ​ပေါ့
ထူးတာ​ပေါ့
ခင်​​ဗျား ​ကောက်​ပစ်​လိုက်​တဲ့
ကြယ်​ငါး​လေးအတွက်​ ထူးတာ​ပေါ့။

မောင်​ထိန်​လင်း (မြို့သာ)

၁၀.၉.၂၀၁၇

 

စာကြည့်​တိုက်​(၆)

ဒီလို​ဗမာဂျပု​လေးကို
ကုလသမဂ္ဂအတွင်း​ရေးမှူးလို
အဆင့်​မြင့်​​နေရာ​ပေးရသလား …
ရှုတ်​ချ​တော့
ကျုပ်​ အရပ်
နပိုလီယံထက်​ တစ်​လက်​မ သာသတဲ့
အဲဒီ စာ​ပေချစ်​တဲ့ ဦးသန့်
ဒီ​နေရာက​နေ ​တောင်​ပံဖြန့်​ခဲ့တာ​ပေါ့။

မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၇)

တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
ပွဲစားတစ်​​ယောက်​လိုပဲ
နိ​ဗ္ဗာန်​​ရောက်​​ကြောင်း​တွေ​တောင်
ရွှန်း​ရွှန်းေ​၀ကုန်​တာပဲ
တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
မိုး​မျှော်​​လှေကားလိုပဲ
တက်​သ​လောက်
အမြင့်​​ရောက်​​တော့တာပဲ
တကယ့်​စာကြည့်​တိုက်​များ
အသက်​၀င်​ရင်
မျက်​စိပြန်​မြင်​တဲ့သူလိုပဲ
တန်​ဖိုးရှိရှိ
ကြည့်​တတ်​သွားတာပဲ။

မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၈)

သူက ၀န်​ဇင်းမင်းရာဇာကို
ပြုံးပြီး ​ခေါင်းခါတယ်
စာရှည်​ငညိုသာဆို
ကမ္ဘာ​ကျော်​မယ်​တဲ့​လေ
သူက ဟစ်​တလာကိုလည်း
ပြုံးပြီး ​ခေါင်းခါတယ်
သမိုင်းစာ စိတ်​၀င်​စားရင်
ကောင်းစွာ​ကျော်​ကြားမယ်​တဲ့​လေ
သူက နို​ဗယ်​လ်​ရဲ့ ဒိုင်းနမိုက်​ထဲ
အတွင်း​အောင်​ခြင်း​တွေ
ထည့်​​ပေးချင်​သတဲ့
သူက ​ကင်​ဂျုံအန်းရဲ့ ပဲ့ထိန်းဒုံးကျည်​ထဲ
အနန္တဂရုဏာ​တွေ
ထည့်​​ပေးချင်​သတဲ့
ဝင်းတံခါးဖွင့်​ပြီး
ကမ္ဘာပတ်​ဖို့ ထွက်​လာခဲ့တယ်​။
မောင်​ထိန်​လင်း(မြို့သာ)

၁၁.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၉)

ဘယ်​လိုဖက်​မျိုးက စပယ်​ရနံ့​မွှေးမှာလဲ
ကတ်​မီးလှုံသူ ဘယ်​နှ​ယောက်
အောင်​သင်း ဖြစ်​ခဲ့သလဲ
ဆိုးသွမ်းသူ ဘယ်​နှ​ယောက်
ပခုက္ကူ ဦးအုံး​ဖေ ဖြစ်​ခဲ့သလဲ
အရက်​ဆိုင်​ထဲက ဘယ်​နှ​ယောက်
စာကြည့်​တိုက်​ထဲက ဘယ်​နှ​ယောက်
ပေါက်​​ရောက်​​အောင်​မြင်​သလဲ
မဲခွဲဆုံးဖြတ်​စရာမလိုဘူး​လေ
စာ​ပေမျက်​လုံး​တွေ
မျက်​စဉ်းခပ်​စရာမလိုဘူး​လေ။

 မောင်​ထိန်​လင်း(မြို့သာ)

၁၂.၉.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၁၀)

သူ့ရင်​ဘတ်​ကိုကြည့်​ပြီး
ဒေး​ဗစ်​ကိုပါဖီး ဖြုံသွားတယ်
ယုံ​တောင်​မယုံနိုင်​ပါလားကွယ်​”တဲ့
သမ္မတကြီး​တွေထုတ်​ပြလိုက်
လူထု​ခေါင်း​ဆောင်​ကြီး​တွေထုတ်​ပြလိုက်
သိပ္ပံပညာရှင်​​တွေ
ဝိဇ္ဇာကြီး​တွေ
အနုပညာရှင်​​တွေ မကုန်​နိုင်​မခမ်းနိုင်
အ​ဆောက်​အဦး ​သေး​သေး​လေးကို
ငေးကြည့်​​နေရတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၂.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၁)

ချို့တဲ့သူ​တွေအတွက်​ အရင်းအနှီး
ကြွယ်​၀သူ​တွေအတွက်​ အကျိုးအမြတ်
ဒီလိုအနက်​ဖွင့်​ကြ​တော့
ဒါက
ကမ္ဘာ့သမ္မာသမာဓိပွဲရုံကြီး​ပေါ့​နော်
ဖရန်​စစ်​​ဘေဂွန်​က
ပါဝါအစစ်​အမှန်​ကို
မီး​မောင်းထိုးပြလိုက်​​တော့
ဒါက
စွမ်းအင်​သို​လှောင်​ရုံကြီးကို ဖြစ်​လို့
ကိုယ်​က မီးမကျွမ်းတဲ့ မီးသီးပဲ
ဖြစ်​ဖို့လို​တော့တယ်​။

မောင်​ထိန်​လင်း(မြို့သာ)

၁၃.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၂)

ပညာဟာ 
ခေတ်​တစ်​​ခေတ်​ကို ထူ​ထောင်​ပြီး
ယစ်​မူးမ​နေ
ကမ္ဘာအနှံ့​ခြေဆန့်​ပြီး
သဲပုံမှာ သစ်​ခက်​စိုက်​ထိုးပစ်​ခဲ့တယ်
ဦး​နှောက်​ယိုစီးတာတို့
ဦး​နှောက်​ ​ဖောက်​စားတာတို့
ခေတ်​စားလာချိန်​မှာ
စာကြည့်​တိုက်​ကို
ကိုယ့်​အိမ်​ကိုယ့်​ယာလို့ သ​ဘောထားလာကြတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၄.၉.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်​(၁၃)

နေရိပ်​လိုချင်​ရင်​ ​နေပူက​စောင့်​တဲ့
စာကြည့်​တိုက်​ထဲမှာ​တော့
အမြဲအရိပ်​ရ​နေရဲ့
အသာစံရဖို့ အနာခံရမယ်​ဆိုတာ
ဘုရား​ဟောမဟုတ်​ဘူး
ငရြဲပည်​က​နေ
ြ​ဗဟ္မာနှစ်​ဆယ်
တန်းမ​ရောက်​ဘူး​လေ
စာကြည့်​တိုက်​က​တော့
အမြဲအသာရ​နေရဲ့။

 မောင်ထိန်လင်း(မြို့သာ)

၁၅.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၄)

တောင်​​ချောက်​ကြားကဆူးကို
ဘယ်​သူ ချွန်​​ပေးခဲ့သလဲ
သူ့ဘာသာသူချွန်​​စေတာတဲ့
သဘာဝအတိုင်းဆို
ထက်​လှ တစ်​​ချောင်း နှစ်​​ချောင်း​ပေါ့
သံမှိုစက်​က ထွက်​သမျှထဲမှ
ပျက်​လှ တစ်​​ချောင်း နှစ်​​ချောင်း​ပေါ့
စာကြည့်​တိုက်​ထဲက ထွက်​လာရင်
မိဘ​တွေ ရင်​​အေးရတယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၁၆.၉.၂၀၁၇

 

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၁၅)

ဘယ်​လိုပဲ အ​ရောင်​​တွေ စွန်းထင်း​နေပါ​စေ
သူ့လက်​ဖ၀ါးထဲမှာ ဖြူ​ဖွေးသန့်​စင်​ကုန်​တယ်
ဘယ်​လိုပဲ ​မှေးမှိန်​​ဖျော့​တော့​နေပါ​စေ
သူ့အ​မွှေးသူ့အ​တောင်​အတိုင်း
တောက်​​ပြောင်​​ပေါ်လွင်​​စေတယ်
ရောင်​စုံပန်းတစ်​ခင်း​ရှိတယ်​​လေ
မွှေးရနံ့ကလည်း
ပဲရစ်​က လာသလားလို့ မိန်း​မောသွား​စေတယ်
ြ​ဗဟ္မာ့ပြည်​အထိလှုပ်​ခတ်​လို့
ထိ​တွေ့မိသူ​တိုင်း
ပါးနှစ်​ဖက်​ ၀င်း​ပြောင်​​နေတယ်​​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၁၇.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၆)

ငါတို့ ဘာမှ မစွမ်းနိုင်​ပါလား”
ငြီးတွားရတဲ့အခါ
သတိရလာတယ်
ငါတို့ ​ချောက်​ထဲ​ရောက်​​နေပါလား”
သတိရတဲ့အခါ
ငြီးတွားမိပြန်​တယ်
နောင်​တ​မုတ်​သုန်​မိုးစက်​ထဲမှာ
ဖိနပ်​​တောင်​မပါကြပါလားကွယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၈.၉.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၁၇)

ငါတို့
ဘယ်​သူ့ဘက်​ကရပ်​တည်​ရမယ်
ဘာ​ကြောင့်​ရပ်​တည်​ရတယ်
ဘယ်​အချိန်​ထိရပ်​တည်​ရမယ်
ဆိုတာ
ဆင်​ခြင်​နိုင်​စွမ်းမရှိဘဲ
မဆုံးဖြတ်​နိုင်​ဘူး
သင်​ယူရမယ်
လေ့လာရမယ်
ချိန်​ဆရမယ်
ညှိယူရမယ်
ကျင့်​သုံးရမယ်
ပြီး​တော့ မျှ​ဝေရမယ်
ဒီဖြစ်​စဉ်​ကြီးစဖို့အတွက်
အ​ခြေခံ​ဗဟုသုတလိုတယ်​​လေ
ဗဟုသုတအ​ခြေခံနိုင်​ဖို့အတွက်
စာကြည့်​တိုက်​​တွေလည်း လိုတယ်​​လေ
အားလုံးလက်​လှမ်းမီဖို့အ​ရေးဟာ
လူ့အခွင့်အရေးတစ်​ရပ်​ပဲမို့လား။

 မောင်​ထိန်​လင်း(မြို့သာ)

၁၉.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၈)

သတိတရရှိကြသူ​တွေ
ထပ်​ပြန်​တလဲလဲ သတိတရရှိကြသူ​တွေကို
မေးကြည့်​တယ်
ဘာ​ကြောင့်​လဲ
မ​မေ့မ​လျော့ခြင်းကို ​မေ့​လျော့​နေတဲ့အထဲမှာ
သတိရခြင်းအမြစ်​တွယ်​​နေကြလဲ
ကျေးဇူးတရား​ကြောင့်​တဲ့
ငါတို့
မ​မေ့သင့်​ဘူး​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၂၀.၉.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၁၉)

ကျား​သေကိုအသက်​သွင်းတာမှ
မဟုတ်​တာ
နောင်​တရစရာမရှိဘူး​လေ
အိပ်​မက်​ကိုအသက်​သွင်းတဲ့လက်
နှလုံးသား​ရဲ့ကကွက်
ပညာဆန်​တဲ့စုတ်​ချက်​တိုင်းမှာ
လှိုင်း​တွေ
မရပ်​မနား လှိုင်း​တွေ
ရင်​ခွင်​ကမ်းစပ်​ရိုက်​ခတ်​​နေမယ်
နား​ထောင်​ကြည့်​ပါ့လား
ပီတိရွှန်းလဲ့သံစဉ်​​တွေဝဲပျံ…..

 မောင်​ထိန်​လင်း(မြို့သာ)

၂၁.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၀)

နာမည်​​ကျော်​ကြား
ထရိတ်​ဒါး​ဟော်​တယ်​​လောက်​လား
ပြည့်​စုံခမ်းနား
ဆီဒိုနား​ဟော်​တယ်​​လောက်​လား
မဟုတ်​ဘူး
မဟုတ်​ဘူး
သူ​ဌေးတစ်​ဦးရဲ့ကားဂို​ထောင်
မီးဖို​ချောင်​​လောက်​ပါပဲ
ကြံဖန်​ပြီးဝမ်းမနည်းဘူး
ခု​ရေတွင်းတူး
မပြန်​မ​ဖောက်
ချက်​ချင်း​ရေကြည်​​သောက်​ချင်​တဲ့သူ​တွေကြားမှာ
မြို့ငယ်​​လေးကို​တော့အားနာပါရဲ့
တစ်​မြို့နယ်​လုံး
ကျောင်းသားအများဆုံး
အောင်​ချက်​အ​ကောင်းဆုံးဂုဏ်
ဖုန်​​နေတဲ့လမ်း
စန်းပွင့်​​နေတဲ့​ဈေးကွက်
ဈေးအတက်​ကြမ်းတဲ့​မြေ…..
ဒါ​တွေ ထားလိုက်​ပါ​တော့၊
အဲဒီစာသင်​​ကျောင်းထဲမှာ
ကားဂို​ထောင်​​လောက်​​ဆောက်​ပြီး
စာအုပ်​က​လေး​တွေထားချင်​တယ်​။

 မောင်​ထိန်​လင်း(မြို့သာ)

၂၁.၉.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၂၁)

ကြည့်​စမ်း
ကောင်းကင်​​ပျောက်​​နေတဲ့
ငှက်​က​လေး​တွေ
ကြည့်​စမ်း
ရင်​ခွင်​​ပျောက်​​နေတဲ့
က​လေး​တွေ
ကြည့်​စမ်း
လေ​ကြောင်း​ပျောက်​​နေတဲ့
ရွက်​​လှေ​လေး​တွေ
ကြည့်​စမ်း
ဘ၀လမ်းမှာ ပန်းမပါ နံ့သာကင်း
ခေါင်းမစားရလို့ မင်း”မဖြစ်​ရတဲ့
မင်း​လောင်း​တွေ
ရှိ​နေပါ့လား
ဒီတစ်​ခါ​တော့
မရဘူး။

 မောင်​ထိန်​လင်း(မြို့သာ)

၂၂.၉.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်

“ငြိမ်းချမ်း​ရေးအစ
သင့်​နှလုံးသားက”တဲ့။

“ပညာပြည့်​ဝ၊ နှလုံးလှ​သော်
ကိစ္စကြီးငယ်​၊ ​ဆောက်​သဖွယ်​လျှင်
ကျဉ်းကျယ်​ထွင်း​ဖောက်​၊ ဖြတ်​​တောက်​လိုရာ
ပြီးနိုင်​စွာ၏”တဲ့။

ဦး​နှောက်​နဲ့နှလုံးသား၊ဆတူကြီးထွားမှ
မုသားကမ္ဘာမှာ
ဘာကအ​ကောင်း၊ ဘာကအဆိုး
ရှု​ထောင့်​အမျိုးမျိုးသုံးသပ်
တည့်​တည့်​ မတ်​နိုင်​​ပေလိမ့်​။

သုတစာ​ပေ၊ အသိပန်း ​ဝေ
ရသစာ​ပေ၊ စာနာတတ်​​ပေ
မြနဲ့​ရွှေပမာ
စာ​ပေနှစ်​ပါး၊ ရင်​၀ယ်​ထားက
တစ်​​ယောက်​စ တစ်​ရာ
ငြိမ်းချမ်း​ရေးကမ္ဘာ ​မွေးဖွား​ပေလိမ့်​။

အမျိုးသားစည်းကမ်းအစ
စာသင်​​ကျောင်းက…ဆိုရင်
အမျိုးသားငြိမ်းချမ်း​ရေးအစ
စာကြည့်​တိုက်​က…လို့ ဆိုချင်​ပါတယ်​၊
မြန်​မာပြည်​အနှံ့၊ ​မြေပြန့်​​တောင်​​ပေါ်
စာကြည့်​တိုက်​​တွေ​ပေါ်​ပေါက်
တောက်​ပရှင်​သန်​၊ တာဝန်​​ကျေပွန်
မွန်​မြတ်​လုပ်​ငန်း၊ ပန်း​ရနံ့​မွှေး
ငြိမ်းချမ်း​ရေးလည်းပွင့်​​ဝေလိမ့်​။

 မောင်​ထိန်​လင်း(မြို့သာ)

၂၂.၉.၂၀၁၇

စာကြည့်​တိုက်​(၂၂)

ဘယ်​လိုလူမျိုးက ဗုဒ္ဓလဲ
ဘယ်​လိုဌာနက ​စေတီထိုက်​သလဲ
မဲခွဲဆုံးဖြတ်​စရာမလိုဘူး
ပရိသတ်​အ​ယောက်​တစ်​ရာ
ရှာစရာမလိုဘူး
လက်​၀ယ်​တင်​ထား ပတ္တမြား”လို၊
နှလုံးသား​တွေမှာ တည်​တဲ့ ဘုရား
လင်းတ ဘယ်​လို နားနိုင်​မယ်
နေ​ရောင်​မစားနိုင်​ဘူး​လေ။

 မောင်​ထိန်​လင်း(မြို့သာ)

၂၃.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၃)

စာ= စာနာတတ်သူတို့
ကြည့်​= ကြည့်​ရှု​စောင်​မမှုဖြင့်
တိုက်= တိုက်တစ်လုံးဖြစ်လာသော
စာကြည့်​တိုက်
အဲသလို ၀ိ​သေသလက္ခဏာနဲ့
ဘာသာပြန်​ကြည့်​လိုက်​​တော့
တို့စာကြည့်​တိုက်​က​လေးခမျာ
စာနာ​ထောက်​ထားတတ်​သူ​တွေကို
မေးက​လေး​ထောက်
စောင့်​​မျှော်​​နေရှာ​ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၄.၇.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၂၄)

သုံးနှစ်​​လောက်​မိုး​ခေါင်​​နေတဲ့
ကိုး​ချောင်းရွာ​လေး သိလား
စာကြည့်​တိုက်​ရှိလို့ သတိထားမိတယ်
တခမ်းတနား
မြင့်​မားတဲ့ရည်​ရွယ်​ချက်​နဲ့
အ​အေးဓာတ်​​တွေ စွတ်​စို​နေပုံက
တစ်​ရွာလုံးစာ​ရေခပ်​ထားသလို
တစ်​ရွာလုံးစာစိုက်​ပျိုးထားသလို
တစ်​ရွာလုံးစာ…
တစ်​ရွာလုံးစာ…
ပျောက်​​နေတဲ့ရွာထဲ​ရောက်သွားကြသလို
စာကြည့်​တိုက်​ကိုစိုက်​ပျိုးထားတယ်​။

မောင်​ထိန်​လင်း(မြို့သာ)

၂၅.၉.၂၀၁၇

 

 

စာကြည့်​တိုက်​(၂၅)

ဝမ်းစာမိုးတွင်းကြီးထဲမှာ
ပွဲမပြီး​သေးခင်
မီးက ​သေချင်​​နေတယ်
ကိုယ်​ပဲ အဆမတန်​ မြိုမိထားသလား
တစ်​ခါတ​လေ​တွေးမိတယ်​၊
အ​မှောင်​ကျင့်​သားရ မျက်​လုံး​တွေ
လျှပ်​စီးတပြက်​ လျှပ်​ရုံနဲ့
ဘ၀ပျက်​မတတ်​​ခြောက်​ခြားသလို
ကိုယ့်​ကြမ္မာကိုယ်​ဖန်​တီးဖို့
ဝန်​​လေး​နေကြတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၂၆.၉.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၂၆)

စာထဲမှာ ဆား”​တွေ အများကြီး
လူ​ပေါ့​တွေ ​လေး​အောင်
စာအုပ်​လိုက်​ပစ်​ထည့်​လိုက်​တယ်
စိတ်​လျှာနဲ့
လိပ်​ပြာက​လေး​တွေ မြည်းစမ်းကြည့်
သိတယ်​​လေ… သိတယ်
ပြောတဲ့သူ​တွေ
ထိမိပါ​စေ။

 မောင်ထိန်လင်း(မြို့သာ)

၂၇.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၇)

ဝမ်းစာပြည့်​ဝသူ​တွေသာ
ထွက်​​ပေါ်လာ
ထွက်​​ပေါ်လာသူ​တွေသာ
ခေတ်​ကိုထူမတ်
ထူမတ်​လာတဲ့​ခေတ်​သာ
သမိုင်းဖြစ်​တည်
ဖြစ်​တည်​လာတဲ့သမိုင်းထဲမှာ
ဝမ်းစာရှာ​ဖွေတဲ့သူ​တွေ
ဒုနဲ့​ဒေး
သွေး​နွေးသူ​တွေသာ
စာကြည့်​တိုက်​ကို ရှာ​ဖွေနိုင်​လိမ့်​။

 မောင်ထိန်လင်း(မြို့သာ)

၂၈.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၈)

နိုင်​ငံ​တော်​ကို
ဒီလိုပဲ နိုင်​ငံနဲ့ချီပြီး ​ပြောလိုက်​​တော့မယ်
နိုင်​ငံ​တော်​ကို
ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ် ဆွဲတင်​တဲ့အခါ
နိုင်​ငံသား​တွေကိုယ်​တိုင်​ ကြိုးစကိုင်​ရမှာ
ဘယ်​ကြိုးစ ဘယ်​လိုကိုင်​ ဘယ်​လိုဆွဲဆိုတာ
စာကြည့်​တိုက်​​တွေကလည်း တစ်​ခန်းတစ်​ကဏ္ဍပဲ​လေ။

 မောင်ထိန်လင်း(မြို့သာ)

၂၉.၉.၂၀၁၇

 

စာကြည့်​တိုက်​(၂၉)

ထုတ်​ကုန်​​ကောင်း​ကောင်း​တွေ
သောင်း​သောင်းဖြဖြကြိုဆိုကြ
ချီးကျူးကြ
အား​ပေးကြ
စားသုံးသူဘ၀နဲ့​လေ
ထုတ်​ကုန်​​ကောင်းဖို့
ကုန်​ကြမ်း​ကောင်း​ကောင်းလိုတာ
မေ့​နေလိုက်​ကြတာ။

 မောင်ထိန်လင်း(မြို့သာ)

၃၀.၉.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၃၀)

မသိလိုက်​ကြဘူး
အနစ်​နာခံသွားတဲ့ သူရဲ​ကောင်း​တွေ
အများကြီး
မသိလိုက်​ကြဘူး
စ​တေးခံလိုက်​တဲ့ အနုပညာသမား​တွေ
အများကြီး
မသိလိုက်​ကြဘူး
မပိုင်​ဆိုင်​ရတဲ့ ကြွယ်​၀မှု​တွေ
အများကြီး
မသိလိုက်​ကြဘူး
မတူး​ဖော်​ရတဲ့ သယံဇာတတွေ
အများကြီး
မသိလိုက်​ကြဘူး
မသိလိုက်​တာ​တွေ
အများကြီး
မသိလိုက်​ကြဘူး။

 

မောင်ထိန်လင်း(မြို့သာ)

၁.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၃၁)

ကြည့်​တတ်​သူ မြင်​လိမ့်
ဒီလို ကျိမ်​စာဆိုလိုက်​တယ်
ပန်းက​လေး​တွေ လှလိုက်​တာ…တဲ့
သူ့မှာ
ဓာတ်​ကြီး​လေးပါး နဲ့ အာကာသ
မျှမျှတတ​ပေါင်းစပ်​တတ်​ဖို့
အကြိမ်​​ပေါင်း​ထောင်​​သောင်းမက
ထုဆစ်​ခဲ့ရရှာ​တယ်
ကြည့်​တတ်​သူ မြင်​လိမ့်
ဒီလို ကျိမ်​စာဆိုလိုက်​တယ်​။

မောင်ထိန်လင်း(မြို့သာ)

၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၂)

ဘာမှ​ရေးမထား​တော့ ​ဗလာစာအုပ်
က​ဗျာ​ရေးထား​တော့ က​ဗျာစာအုပ်
ဝတ္ထု​ရေး​ထား​တော့ ၀တ္ထုစာအုပ်
ဆောင်းပါး​ရေးထား​တော့
ဆောင်းပါးစာအုပ်
ပြဇာတ်​​ရေး​ထား​တော့ ပြဇာတ်​စာအုပ်
သမိုင်း​ရေးထား​တော့ သမိုင်းစာအုပ်
ဘ၀က
စာအုပ်​တစ်​အုပ်​ ဆိုပါ​တော့
ကျောင်းတစ်​​ကျောင်း ​ကျောင်းက
စာတစ်​​ကြောင်း နှစ်​​ကြောင်း 
ရေး​ပေးဖူးမှာပါ
စာလုံး​ပေါင်းဖတ်​ကြည့်​။

 

မောင်ထိန်လင်း(မြို့သာ)

၃.၁၀.၂၀၁၇

စာကြည့်​တိုက်​(၃၃)

ရည်​ရွယ်​ချက်​နဲ့
အသက်​မ၀င်​​အောင်​ အမိန့်​​ပေးထားခဲ့တယ်
ခုချိန်​ထိ
အရှိန်​​ ​သေ
လေလွင့်​သူ​တွေ ​လေလွင့်​သူစာအုပ်​ထက်​ များပြား
ရေ​သောက်​ရင်​​တောင်​မချို​အောင်
ဘ၀​တွေခါးကုန်​တာကြည့်
ရှင်​သန်​နိုင်​ချိန်​မှာ
ပျံဝဲကြည့်​လိုက်​ပါ
ကောင်းကင်​ကြီးက ပြာ လို့။

 

မောင်ထိန်လင်း(မြို့သာ)

၎.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၄)

ပျော်​စရာသီတင်းကျွတ်​​ညလေး
ဆီမီး​လေး​တွေ စီစီရီရီ ပူ​ဇော်​လို့
အလှနဲ့အလင်းပြိုင်​တူထွန်းညှိထား
ပါဖို့မင့်​ပန်းချီကားတစ်​ချပ်
ကြည်​နှူးမှုဓာတ်​ကူး
မီးရှူးမီးပန်း​တွေ
တဒိုင်းဒိုင်း ရှူးဒိုင်း​တွေ
လှပ်​ကနဲ ဆတ်​ကနဲ ​ပျော်​စရာ
စာကြည့်​တိုက်​​လေး​ရှေ့
မီးထွန်းပြီးပြီလား
တကမ္ဘာလုံး လင်းသွားမယ်
ထာဝရ​ပျော်​ရမယ်​။

မောင်ထိန်လင်း(မြို့သာ)

၅.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၅)

စာဖတ်​​သောလူမျိုး​သည်​ တိုးတက်​သည်​…တဲ့
ဒါဆို စာအုပ်​​တွေက ​လှေကားထစ်​​တွေ
စာကြည့်​တိုက်​က ဘာလဲ
ဒါဆို စာကြည့်​တိုက်​က ဘယ်​လဲ
ဒါ ဆို
စာ
ကြည့်
တိုက်
က
ဘာ လုပ်​ ဖို့ လဲ….

 

မောင်ထိန်လင်း(မြို့သာ)

၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၆)

ရိုလာကိုစတာ စီးသလို​ပေါ့​လေ
အဖက်​ဖက်​က ပြည့်​စုံ​နေရင်​​တောင်
ကိုယ့်​အ​နေအထား မထားတတ်​ရင်
ဇတ်​နာ ပုခုံးနာရသလို​ပေါ့
တိုင်းပြည်​ကို ပြည့်​စုံ​အောင်​ကြိုးစားဆဲကာလမှာ
ဇတ်​နာ ပုခုံးနာမဖြစ်​​ဖို့
အ​နေအထားမှန်​မှန်​​နေတတ်​ရမယ်​။
မောင်ထိန်လင်း(မြို့သာ)

၇.၁၀.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၃၇)

ပုံပြင်​​ခေတ်​တုန်းက
သူရဲ​ကောင်းဇာတ်​လိုက်
ကာတွန်း​ခေတ်​တုန်းက
ကာတွန်းဇာတ်​လိုက်
ဗီဒီယိုရာဇ၀င်​​ခေတ်​တုန်းက
မင်းသားဇာတ်​လိုက်
စူပါမင်း
ပါဝါရိန်းဂျား
သိပ္ပံနယ်​လွန်​လူစွမ်း​ကောင်း​တွေ
စိတ်​ကူးယဉ်​အိပ်​မက်​မက်​ခဲ့ကြ
အ​ဖြေဟာ လက်​​တွေ့ဘ၀ထဲ​ရောက်​လာခဲ့
မြေ၊​ရေ၊​လေ…အာကာသအထိ
ဘာလို့ပိုင်​စိုးနိုင်​တာလဲ?

မောင်ထိန်လင်း(မြို့သာ)

၈.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၃၈)

စာ​ပေဆိုတာ ထင်းပဲ
ပညာမီး ​မွှေးရတယ်​​လေ
မီးကို ​ကောင်းကျိုးအတွက်​ သုံးမလား
ဆိုးကျိုးအတွက်​ သုံးမလားဆိုတာမှာ
စာ​ပေက မီး ဖြစ်​သွားပြန်​တယ်
ဒါ​တော့ အလင်းအတွက်​​လေ။

မောင်ထိန်လင်း(မြို့သာ)

၉.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၃၉)

အချိန်​ရထားကြီးက
သူ့ဘာသာအလံစိမ်းချိုး ထွက်​ခွာသွား​ချေ​ပေါ့
နောင်​တလက်​မှတ်​​လေး
ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားသူ​တွေ
ငေးကြည့်​​နေကြဆဲ
ကိုယ်​တိုင်​ခူး ကိုယ်​တိုင်​ပန်​မယ်​ဆိုရင်
ဆံတုံးရှိပြီး
အုန်းဆီမရှိတဲ့ ​ကျောင်းက​လေးရှိတယ်
သူ့ရင်
လွင်​ပြင်​ထဲ
စံပယ်​ပန်း​တွေ ​ဖွေး​ဖွေးလှုပ်​​နေ​ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၁၀.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၀)

ကျီး​တွေက မကန်းဘူး
ကမ်းတာ
အုပ်​လိုက်​ ပျံသန်း
အစာ​တွေ့ရင်​၊ ဒုက္ခ​တွေ့ရင်​ ၀ိုင်းအာ
သမဂ္ဂစိတ်​နဲ့
ရင်​ဘတ်​တံဆိပ်​ထိုး မျိုးချစ်​သူ​တွေ
ကျီး​တွေလို မကမ်းဘဲ ကန်း​နေတဲ့သူ​တွေ
ရှိ​နေကြတယ်​။

 

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၀.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၄၁)

ကိုယ်​ မရခဲ့တဲ့ အခွင့်​အ​ရေး
သူတပါးလည်း မရ​စေဘူး စိတ်ယုတ်မာ…
ကိုယ်​ မရခဲ့တဲ့ အခွင့်​အ​ရေး
သူတို့ စံစားရပါ​စေ….  မုဒိတာ
မဟြာ​ဗဟ္မာတို့ရဲ့ ​ပေးမှတ်
၁၀၀ ပြည့်​ဖို့ခက်​တယ်​။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၂)

အရင်​က​လေး​တွေက
မိုး ဘာကြောင့်ရွာ

သိကြားမင်းကြီးကြောင့် ရွာ၊
ခုက​လေး​တွေက
မိုးဆိုတာ…အစချီပြီး
အ​ကြောင်းအကျိုးပြ၊
သိပ္ပံနည်းကျကျရှင်းပြလိမ့်​မယ်
စာကြည့်​တိုက်​ထဲက စာအုပ်​​တွေကို ​ထောက်​ ​ထောက်​ပြီး​တော့​လေ။

 

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၄၃)

သက်​ကြီး​ကောင်​ဘ၀​ရောက်​မှ
ခြင်​​တွေကိုနှိမ်​နင်းနိုင်​ဖို့ ခက်​တယ်
မသွန်​ မလှယ်​နိုင်​တဲ့ ​ရေအိုး​တွေ
အဘိတ်​​ဆေးခပ်​ထားရုံပဲ၊
က​လေး​တွေ
စာကြည့်​တိုက်​ကို ​ခေါ်ခဲ့ပါ။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၄)

မရှိမဖြစ်​လား? ဆို​တော့
မဟုတ်​ဘူး
မရှိမဖြစ်​လား? ဆို​တော့
ဟုတ်​တယ်
စိန်​နဲ့ ပုလင်းကွဲ ခွဲခြားတတ်​ပါ​စေ။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၄၅)

လက်လွှတ်တာပဲ ဖြစ်ဖြစ်
လက်လွတ်တာပဲ ဖြစ်ဖြစ်
ဘာလို့ လွှတ်တယ်၊ လွတ်တယ်ဆိုတာ အဖြေရှိရမယ်
အဖြေမရှိတာပဲ ဖြစ်ဖြစ်
အဖြေမသိတာပဲ ဖြစ်ဖြစ်
လုပ်ပြီးရင်တော့ ပြန်ပြင်မရတော့ဘူး
သင်ခန်းစာအဖြစ်
ကျန်ရစ်ခဲ့မယ်
အမြှော်အမြင်ရှိတဲ့သူတွေ ချန်ထားခဲ့တယ်။

 

မောင်ထိန်လင်း(မြို့သာ)

၁၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၄၆)

အသံ​ကောင်းဟစ်​တယ်​ဆိုရာမှာ
အသံ​ကောင်းတဲ့သူ ဟစ်​ရမှာမို့လား?
ကီး​ချော်​​နေတဲ့ လမ်း​ပေါ်က
ကီး​ချော်​​နေတဲ့သူ​တွေအတွက်
ကီး​ကြောင်​​နေတဲ့အဆို​တော်​တွေရှိတယ်
စာကြည့်​တိုက်​က​လေး​တောင်
အသံဝင်​ဖို့ကြိုးစား​နေသတဲ့။

 

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၄၇)

အုတ်သက်သက်
ဘိလပ်မြေသက်သက်
သဲသက်သက်
ကျောက်သက်သက် မဟုတ်ဘူး
စာအုပ်တွေချည်းထည့်ထားမှာ မဟုတ်ဘူး
အနာဂတ်ပန်းတွေအတွက်
လမ်းခင်းထားမယ့် စေတနာတွေ
နွေးထွေးမှုတွေ ပေါင်းစပ်ထားတဲ့
ဓါတုဓါတ်ပေါင်းစု
နှလုံးသားနုနုကလေးတွေနဲ့ တည်ဆောက်ကြမှာလေ။

မောင်ထိန်လင်း(မြို့သာ)

၁၈.၁၀.၂၀၁၇

 

စာကြည့်တိုက်(၄၈)

အားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေ
အားလုံးက မသက်ဆိုင်ဘူးလို့
မှတ်ယူထားကြ
သက်ဆိုင်တဲ့အရာတွေကိုသာ
ပိုက်ထွေးကွယ်ဝှက်
မနက်ဖြန်အတွက် ချန်ရစ်ခဲ့တဲ့ ဒိန်ခဲတွေ
မနက်ဖြန်မှာ မသက်ဆိုင်နိုင်မှန်း
မသိကြဘူး အားလုံးက။

မောင်ထိန်လင်း(မြို့သာ)

၁၉.၁၀.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၄၉)

ဘာသာ​ရေးမှိုင်းတိုက်​မှု​တွေ
ဥပ​ဒေအလွဲသုံးစားမှု​တွေ
ကာမလိမ်​လည်​မှု​တွေ
ဆင်းရဲမွဲ​တေမှု​တွေ
အားလုံးကို
တစ်​လုံးထဲနဲ့ စွပ်​စွဲလို့ရတယ်
စာကြည့်​တိုက်​ယဉ်​​ကျေးမှု
မထွန်းကားတဲ့အမှုလို့။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၀)

ကိုယ့်​တာဝန်​ကိုယ်​ယူတဲ့
လူ့ယဉ်​​ကျေးဆိုတာ
ခြုံကြား ထဲကထွက်​လာမဟုတ်​ဘူး
စာအုပ်​ပုံကြား ထဲကထွက်​လာတာ။

 

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၀.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၅၁)

က​ဗျာဆိုတာ
ရှု​ထောင့်​​ပေါင်းစုံက ​တွေးရင်
မြင်​ကွင်းမျိုးစုံ​တွေ့နိုင်​တယ်
ဂါထာတစ်​ပိုင်းနဲ့
တရားထူးရနိုင်​တာပဲ ကြည့်
အရာအားလုံးပြည့်​စုံ​စေတဲ့​အရာ
ဘယ်​အရာလဲ
အရာအားလုံးပြည့်​စုံ​စေတဲ့​နေရာ
ဘယ်​​နေရာလဲ
စာကြည့်​တိုက်​သရဏံ ဂစ္ဆာမိ လို့​တောင်
ဂုဏ်​​တော်​ပွားလိုက်​ချင်​တယ်​။

 

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၂)

တန်​ဖိုးထားတတ်​သူရဲ့လက်​ထဲမှာသာ
တန်​ဖိုးရှိတဲ့အရာ
တန်​ဖိုးရှိ​နေ​လေရဲ့
ကျ​နော်​တို့
ဘာကို
ဘယ်​လို
တန်​ဖိုးထားမှာလဲ
တန်​ဖိုးထားတတ်​သူရဲ့လက်​ထဲမှာ​လေ။

မောင်ထိန်လင်း(မြို့သာ)

၂၃.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၅၃)

အသိတစ်​ခုကို သိလိုက်​ရတာ
ကြည်​နူးစရာ
အသိတစ်​ခုကို အသုံးကျတဲ့​နေရာမှာ
အသုံးချလိုက်​ရတာ
ပြုံးရွှင်​စရာ
စာကြည့်​တိုက်​ဆိုတာ ပြုံးရွှင်​​စေဖို့ ကြည်​နူးစရာ​တွေ

ဖြည့်​ဆည်း​ပေးတဲ့​နေရာပဲ​လေ၊
ကြည်​နူးပြုံးရွှင်​နိုင်​ပါ​စေ။

 

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၄)

တက်​ညီ လက်​ညီ တဲ့
တက်​ကညီ​ပေမယ့်​ လက်​မညီရင်
အ​ရွေ့တစ်​ခု ရမှာမဟုတ်​ဘူး
လက်​ညီ​ပေမယ့်​ တက်​မညီရင်
ပင်​ပန်းရကျိုး မနပ်​ဘူး
စာကြည့်​တိုက်​တည်​​ဆောက်​တဲ့အခါ
ပြောတာပါ​လေ။

 

မောင်ထိန်လင်း(မြို့သာ)

၂၅.၁၀.၂၀၁၇

 

 

စာကြည့်တိုက်(၅၅)

အဲသလို မျောက်လက်ထဲ
စက်သေနတ်ရောက်သွားတာဖြစ်ဖြစ်
အဲသလို မျောက် အုန်းသီးရသွားတာဖြစ်ဖြစ်
မဂ်အတုကို မဂ်အတုလို့ မသိရင်
ယမမင်းကြီး သိပ်ချော သိပ်ခန့်တာပဲ စကား
သမိုင်းတွင်သွားလိမ့်မယ်။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၆)

အမျိုးသားစာ​ပေဆုတို့
စာ​ပေဗိမာန်​ဆုတို့
စာ​ပေနဲ့ဆက်​စပ်​ မြင့်​မြတ်​တဲ့ဆု​တွေ
ထူးချွန်​သာလွန်​တာထက်
သက်​ရှိသက်​မဲ့ကမ္ဘာ
သာသာယာယာဖြစ်​​အောင်
တစ်​နည်းတစ်​ဖုံ​ဆောင်​ကြဉ်း​ပေးကြလို့
ရတဲ့ဆု​တွေ
ဒီလိုမှတ်​ယူခံစားမိတယ်​၊
သူတို့တ​တွေ
စာကြည့်​တိုက်​နဲ့ မကင်း
ရင်းနှီးကြမယ်​ထင်​ပါရဲ့။

 

မောင်ထိန်လင်း(မြို့သာ)

၂၇.၁၀.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၅၇)

စာအုပ်စာပေက
အထပ်ထပ်စစ်ထားတဲ့ သောက်ရေ
အင်တာနက်စာပေက
အထပ်ထပ်စစ်သောက်ရမယ့် ရေ
H2O ဓါတ်သတ္တိတန်ဖိုးတူပေမယ့်
လက်တွေ့မျက်တွေ့တန်ဖိုး တူနိုင်ပါ့မလား
ဒါကြောင့် စာကြည့်တိုက်ကို အားပေးနေတာ။

မောင်ထိန်လင်း(မြို့သာ)

၂၈.၁၀.၂၀၁၇

 

စာကြည့်​တိုက်​(၅၈)

တီးဝိုင်း​တွေ
မြိုင်​မြိုင်​ဆိုင်​ဆိုင်
စီးချက်​ညီညီတီးခတ်​​နေတာ
စိတ်​လက်​ချမ်းသာ ခံစားရတယ်
တို့တ​တွေလည်း
ကိုယ်​ပိုင်​ရာနိုင်​ရာ
ညီညီညာညာတီးခတ်​​စေချင်​တယ်
သံစုံတီးဝိုင်းထဲမှာ​လေ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၀.၁၇

 

စာကြည့်တိုက်(၅၉)

နတ်ရေကန်ထဲ ချလိုက်သလိုမျိုး
ဝိသကြုံနတ်သား ဖန်ဆင်းသလိုမျိုး
သြပပါတိကပဋိသန္ဓေ ဘွားကနဲပေါ်သလိုမျိုး
တန်ခိုးအာဏာ မရှိတဲ့အထဲမှာ
တို့စာကြည့်တိုက်လေးလည်း ပါတယ်။
မောင်ထိန်လင်း(မြို့သာ)

၃၀.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၆၀)

တစ်​လစာမရှိတဲ့ လစာကို
လစာအဖြစ်​နဲ့ ​ကျေနပ်​ခဲ့
ငါသာ
စာကြည့်​တိုက်​ထဲမှာ အချိန်​ကြာကြာ
ဒိထပ်​အချိန်​ကြာကြာ 
လူ့စွမ်းအား​တွေ
ရှာ​ဖွေတည်​​ဆောက်​ခဲ့ရင်
ကျေနပ်​စရာ လစာ
ဒါမှမဟုတ်
သေးနုတ်​တဲ့ဥခွံထဲကခွဲထွက်
ဘ၀မားမတ်​ လူမားမတ်
အသက်​​မွေး​ကျောင်းလွယ်​မှာ​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၃၁.၁၀.၂၀၁၇

 

 

စာကြည့်​တိုက်​(၆၁)

မိသားစုစုံစုံလင်​လင်​ထမင်းဝိုင်းမှာ
မတင်းတိမ်​နိုင်​တာနဲ့
သူ​တော်​​ကောင်းကြီး​တွေ
ကောင်းမှုမြတ်​နိုးရာ မ​ရောင့်​ရဲနိုင်​တာ
မတူဘူး တူတယ်​​ပေါ့
စာချစ်​တဲ့သူ စာ​ပေရူးသွပ်​မှုအ​ပေါ်
အာသာမ​ပြေတာနဲ့​ရော
ဂုဏ်​ရည်​တန်းညှိနိုင်​ပါ့မလား။

 မောင်ထိန်လင်း(မြို့သာ)

၁.၁၁.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်​တိုက်​(၆၂)

ဘုံလမ်း
ထွက်​ပြင်​တဲ့ရွာက ထွက်​ပြင်​​ပေးကြ
နို့သက်​ခံတဲ့ရွာ​တွေက
အ​ချောင်​ကြိုက်​ မရှက်​တတ်​ကြ
နို့မျက်​ နို့ငတ်​မှ သိမယ်​…..
အဲဒီပျက်​ချိန်​မှ
အနာပြ​ဆေးလိပ်​မ​သောက်​ရလို့
မ​ခြောက်​ချင်​ဘူး
ခု ၆၂ ​ရောက်​ပြီ။

မောင်​ထိန်​လင်း(မြို့သာ)

၂.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၃)

ဆေး​ပေါင်းခဖို့ဆိုတာ
ကြယ်​​တွေ ဂြိုလ်​​တွေ နက္ခတ်​​တွေ
အ​ကြောင်းတိုက်​ဆိုင်
အချိန်​အခါခဏ​လေးကြာမြင့်
တစ်​ဘ၀စာ​ဆေး​ပေါင်းခဖို့ဆိုတာ
ဇော်​ဂျီလို ​ဆေးရှာ​ဆေးကြိတ်​ဖို့မလို
စာတစ်​​ကြောင်းစာနားလည်​ရင်
တစ်​​ကြောင်းစာ
စာတစ်​ပိုဒ်​စာနားလည်​ရင်
တစ်​ပိုဒ်​စာ
စာတစ်​ပုဒ်​စာနားလည်​ရင်
တစ်​ပုဒ်​စာ
စာတစ်​အုပ်​စာနားလည်​ရင်
တစ်​အုပ်​စာ
ဘ၀​တွေဟာစာမျက်​နှာ​တွေပဲ​လေ။

 မောင်ထိန်လင်း(မြို့သာ)

၃.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၄)

ခရီးသွားခြင်းဟာ
စာဖတ်​ခြင်းတစ်​မျိုးတဲ့
ဘယ်​​နေရာမှာ ဘယ်​လိုလူ​တွေ
ဘယ်​လို​နေထိုင်​စား​သောက်​ကြတယ်
ကွင်းဆင်း​လေ့လာသလို​ပေါ့
ဒါ​ပေမယ့်
စာကြည့်​တိုက်​ထဲမှာ
တစ်​နိုင်​ငံလုံးစာ
တစ်​ကမ္ဘာစာ
တစ်​ဘ၀စာ
တစ်​သံသရာစာ
ခရီးသွားမှတ်​တမ်း​တွေရှိ​နေတယ်​၊
ခေတ်​နဲ့​အညီ
နှလုံးသွင်းတတ်​ဖို့​တော့လိုတာ​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၎.၁၁.၂၀၁၇

စာကြည့်​တိုက်​(၆၅)

မြေ၀ိုင်းသဘင်​က​နေ
အမျိုးသားကဇာတ်​ရုံ​တွေဘာ​တွေဖြစ်​လို့
ဇာတ်​သဘင်​ရဲ့အစီအစဉ်​ထဲမှာ
ဘုရားရှိခိုး၊ အပျို​တော်​၊ ​အော်​ပရာ၊
မြန်​မာသံစဉ်​၊ စတိတ်​ရှိုး၊ ပြဇာတ်​၊
နှစ်​ပါးသွား၊​နောက်​ပိုင်းဇာတ်​ထုပ်​…..
ခေတ်​ဆိုတာ အရှင်​​အ​ရွေ့
သေ​နေတဲ့အရာ​တွေ အနည်​ကျသွားမယ်
ပျောက်​ကွယ်​သွားမယ်
စာကြည့်​တိုက်​​တွေ
သေ​​ကုန်​တာ မဆန်းဘူး။

 မောင်ထိန်လင်း(မြို့သာ)

၅.၁၁.၂၀၁၇

 

စာကြည့်တိုက်(၆၆)

ကျော်အောင်ညာကြတာလား။
ဒီကြော်ငြာမှာ
ကိုယ်တိုင်ဇာတ်လိုက်ပေါ့
ပရိုမိုရှင်းတွေက
လူ့ပြည်
နတ်ပြည်
နိဗ္ဗာန်
ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး
ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ။
မောင်ထိန်လင်း(မြို့သာ)

၆.၁၁.၂၀၁၇

 

 

 

 

 

စာကြည့်​တိုက်​(၆၇)

နေ့ခင်း​ကြောင်​​တောင်
အိမ်​ထဲက ပိုက်​ဆံအိတ်​​ပျောက်​သွားလို့
ATM ကဒ်​က​နေ ဘဏ်​စာအုပ်​ထဲ​ပြောင်း
စာကြည့်​တိုက်​အ​ကြောင်းမ​ရေးချင်​ဘူး
ခဏ စိတ်​ကို ​အေးပါ​စေ​ပေါ့
ဒါ​ပေမယ့်​ စာကြည့်​တိုက်​ဆိုတာ
သူခိုးဂျပိုး​ပျောက်​​ဆေးလို့သိထား​တော့
နောက်​ဆံမတင်းချင်​ဘူး​လေ။

 မောင်ထိန်လင်း(မြို့သာ)

၇.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၈)

ပိုက်​ဆံအိတ်​ခွံ ပြန်​ရ​ပေမယ့်
ယူသွားသူခမျာ
သိက္ခာအခွံ ကျန်​ပါ့မလား စိတ်​ပူမိတယ်
တစ်​နယ်​တည်းသား​တွေပဲ​လေ
တစ်​တိုင်းတည်း
တစ်​​မြေတည်း
တစ်​ကမ္ဘာတည်း
ဒီလိုချဲ့ကြည့်​လိုက်​​တော့
ကိုယ့်​အသားကိုယ်​ကြိတ်​လှီးရသလိုနာတယ်
ငါတို့ စာကြည့်​တိုက်​​တွေများများ​ဆောက်​ရမယ်​။

 မောင်ထိန်လင်း(မြို့သာ)

၈.၁၁.၂၀၁၇

 

စာကြည့်​တိုက်​(၆၉)

NLD အစိုးရကို မဲ​ပေးခဲ့တာ
နှစ်​နှစ်​ကြာခဲ့တဲ့​နေ့
ဟန်​ပြစာကြည့်​တိုက်​​တွေ အသံမမြည်​လို့
ဒေါ်ခင်​ကြည်​တို့​ရွေ့လျား​စေခဲ့
အကျိုးရလာဒ်​​တွေဟာ
ဂဏန်းသင်္ချာနဲ့မျက်​နှာမရ​သေး
ဧရာဝတီ
ငြိမ့်​ငြိမ့်​​လေးစီးဆင်း​နေတယ်​။

 မောင်ထိန်လင်း(မြို့သာ)

၉.၁၁.၂၀၁၇

 

 

 

 

စာကြည့်​တိုက်​(၇၀)

ကိုယ့်​ကုသိုလ်​ဟာ ကိုယ့်​ကုသိုလ်​ပဲ
သူတစ်​ပါး မျှ​ဝေလို့
တစ်​ပြားမှ​လျော့မသွားဘူး။

ကိုယ့်​အသိပညာဟာ ကိုယ့်​အသိပညာပဲ
သူတစ်​ပါး ​ဝေမျှလို့
အလကားဖြစ်​မသွားဘူး။

မောင်​ထိန်​လင်း(မြို့သာ)

၁၀.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၇၁)

အလှကိုယ်​စီရှိသတဲ့
အစွမ်းကိုယ်​ငှ ရကြတယ်​​ပေါ့​လေ
လက်​ရုံးရည်​ဆိုတာ နှလုံးရည်​ကို ကွင်းဝတ်​ထားတဲ့​ရွှေ
ဆိုချင်​တာက
လူ​ကောင်း​ရော လူ​တော်​​ရော ဖြစ်​ဖို့ပဲ
စာ​ပေမျိုးစုံဖတ်ဖို့ပဲ။

 မောင်ထိန်လင်း(မြို့သာ)

၁၁.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၂)

အဟောင်းတွေချည်းပဲလား
အမှိုက်ထဲမှာလည်း ရွှေ ပါတတ်တယ်
အသစ်ကိုမြတ်နိုးတာလား
ရေသန့်မှာလည်း အမှုန် ပါတတ်တယ်
ရင်ကိုဖွင့်ထားစမ်းပါ။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၁.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၇၃)

ဘုရားဖူး ကြည်နူးစရာကောင်းတယ်
သောကတူးတာ မဖြစ်ခဲ့ရင်ပေါ့၊
ဘုရားကို ဆင်းတုတော်မကွယ်ရင်
စာတစ်လုံးဘုရားတစ်ဆူပဲ။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၄)

စဉ်းစားကြည့်တော့ ရီစရာတော့အကောင်းသား
လူနာက လူနာကို ဆေးကုညွှန်ပြလို့……
ဆရာဖြစ်ချင်ရင် စာအရင်ဖတ်ရမယ်လေ
တစ်မိနစ်စော စာဖတ်မိရင် တစ်မိနစ်စော ဆရာဖြစ်မယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၇၅)

စိတ်​တူ​ပေမယ့်​ ကိုယ်​မတူရင်
ကိုယ်​တူ​ပေမယ့်​ စိတ်​မတူရင်
အဖူးပြူတစ်​​တောင်
ဖြစ်​မလာနိုင်​ဘူး
ကိုယ့်​အမျိုးကိုယ်​ချစ်​တယ်​ဆိုတာ
တကယ်​ပါလို့ ကျမ်းကျိမ်​ပြ​နေရမယ်​။

 မောင်ထိန်လင်း(မြို့သာ)

၁၅.၁၁.၂၀၁၇

 

 

 

 

 

 

 

စာကြည့်တိုက်(၇၅)

စာ
ကြည့်
တိုက်
တဲ့၊
စာကြည့်တဲ့သူတွေ တိုက်နဲ့နေရမယ်လား?
မောင်ထိန်လင်း(မြို့သာ)

၁၆.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၆)

ဘာဖြစ်တာလဲ ကိုပဲ စိတ်ဝင်စားကြတယ်
ဘာကြောင့်လဲလို့ မတွေးမိကြဘူး
ဘယ်သူမှမတွေးတဲ့အတွေးကိုတွေးမိကြသူတွေ
ထူးချွန်တဲ့အခွင့်အရေးကိုတွေးမိခဲ့ကြတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၇၇)

နေရာလေးတစ်နေရာပေါ့
ဒိသာပါမောက္ခရဲ့ ဦးနှောက်ထဲမှာ
တိုင်လေးလုံးနဲ့ဆောက်ထားတဲ့ တိုက်
အာဇာနည်မြင်းမ သားပေါက်ရာ အရပ်
ဘိုးဘိုးအောင်ရဲ့ အောင်ဓါတ်တွေ ကိန်းနေတဲ့ နေရာ
လိုတရကမ္ဘာပြုမိုးရွာ၊ ကြာဖူးကြာငုံတွေ အရောင်မျိုးစုံ စေ့ငုံနေတဲ့ ကန်တော်မင်္ဂလာ။
မောင်ထိန်လင်း(မြို့သာ)

၁၈.၁၁.၂၀၁၇

 

 

 

 

 

 

 

စာကြည့်​တိုက်​(၇၈)

လောကမှာ အံ့ဖွယ်​သရဲ​တွေ အများကြီး
အဲဒီအထဲမှာ
စာမဖတ်​ဘဲ စာတတ်​ချင်​တာ
ပိုအံ့ဩစရာပဲ။

 

မောင်ထိန်လင်း(မြို့သာ)

၁၉.၁၁.၂၀၁၇

 

စာကြည့်တိုက်(၇၉)

အိုင်တီခေတ်မှာ စာကြည့်တိုက် လိုသလား…
ဘယ်ခေတ်မဆို လိုတယ်
စာဖတ်တဲ့သူလာရင် စာကြည့်တိုက်
သုတေသီလာရင် သုတေသနဌာန
ကျောင်းသားတွေလာရင် ကျောင်းဥယျာဉ်
ဘယ်သူမှ မလာရင်လည်း
မော်ကွန်းတိုက်
ပြတိုက်
အောင်မြေ
လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုအမွေပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၀)

အ​မေး နွား​ကျောင်းသား…တဲ့
မေးခွန်း​တွေက ​ထောင့်​မျိုးစုံက​နေ
တ၀ှီးဝှီး ပျံဝဲလာနိုင်​တယ်
ဘုရား​လောင်းဖြစ်​ချင်​ရင်
အရင်​ စာကြည့်​တိုက်​ထဲ ၀င်​​နေလိုက်​။
 မောင်ထိန်လင်း(မြို့သာ)

၂၁.၁၁.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၈၁)

ဘာလို့ ငှက်ကလေးတွေ တေးမသီသလဲ
ဘာလို့ ပန်းကလေးတွေ ၀င့်မချီတာလဲ
ယေဘုယျသဘောတရားတွေနဲ့သာ
နှစ်သိမ့်ခဲ့ရ
တစ်ဦးတစ်ယောက်အတွက်
တစ်စုတစ်ဖွဲ့အတွက်
တစ်နယ်တပယ်အတွက်
တစ်တိုင်းတစ်ပြည်အတွက်
ပုဂ္ဂလဆန်ဆန်ထိုးထွင်းသိဖို့ဆိုတာ
လွယ်တော့မလွယ်ဘူး
မလွယ်တာကို လွယ်အောင်လုပ်နိုင်တာ ပညာပဲမို့လား။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၂)

သူတို့
မချိုးနိုင်​တဲ့ ထင်းစည်းမှာ
ချစ်​ခြင်း​မေတ္တာနဲ့စည်း​နှောင်​ထားတယ်
ချစ်​ခြင်းရဲ့အ​ကြောင်းအကျိုးကို
မီး​မောင်းထိုးပြနိုင်​တဲ့
စာ​ပေအနုပညာ​နဲ့
အဲဒီစာကြည့်​တိုက်​ကို
အလှဆင်​ထားမယ်​…
စာကြည့်​တိုက်​ဟာ
ငြိမ်းချမ်း​ရေးရဲ့မြစ်​ဖျားဆိုတာ
ထင်​ရှား​စေမယ်​​လေ။

မောင်​ထိန်​လင်း(မြို့သာ)

၂၂.၁၁.၂၀၁၇

 

 

 

 

 

 

စာကြည့်​တိုက်​(၈၃)

ဘာမှမ​သေချာဘူး
ကြည့်​​လေ နှင်းပွင့်​လွှာပျို
မိုး​ရေလက်​မှာ ငို
သေချာတာက​တော့
စာဖတ်​တဲ့သူ စာသိမယ်
ငါသိဖြစ်​ဖို့လွယ်​မယ်​။

 မောင်ထိန်လင်း(မြို့သာ)

၂၃.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၈၄)

မပြည့်သောအိုးသည် ခြောက်ခြားတတ်၏…တဲ့
ဓမ္မပဒမှာ ဖတ်ခဲ့ဖူးပါရဲ့၊
မပြည့်ဝတဲ့တိုင်းပြည် ဘယ်မှာ တည်ငြိမ်မလဲ
ငြိမ်းချမ်းဖို့ဆိုတာ နှလုံးလှတွေ လိုတယ်
နှလုံးလှဖို့ဆိုတာ ပညာပြည့်ဝမှု လိုတယ်
ပညာပြည့်ဝဖို့ဆိုတာ စာကြည့်သူတွေ လိုတယ်
စာကြည့်ဖို့တာ စာရှိဖို့ လိုတယ် မဟုတ်လား။

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၁.၂၀၁၇

 

 

 

စာကြည့်​တိုက်​(၈၅)

အစာပလာများတာ တချို့​နေရာ​တွေမှာ မ​ကောင်းဘူး
ဆိုင်းမှာ drum set အသံများ​နေတာမျိုး​ပေါ့
တချို့​နေရာ​တွေမှာ ​ကောင်းတယ်
လက်​ဖက်​သုတ်​မှာ ပဲ​ကြော်​များ​နေတာမျိုး​ပေါ့
စာကြည့်​တိုက်​မှာ စာအုပ်​များ​နေတာမျိုး​ပေါ့။

 မောင်ထိန်လင်း(မြို့သာ)

၂၅.၁၁.၂၀၁၇

 

 

 

စာကြည့်တိုက်(၈၆)

အလှူရှင်က လူတစ်ယောက်ကို ကျွေးလှ
ထမင်း သုံးလေးနပ်ပေါ့
စာပေကတော့ လူတစ်ယောက်ကို အတွေးလှလှနဲ့
တဘ၀လုံး အိမ်ဦးခန်း ခေါ်တင်ထားတတ်တယ်။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၁.၂၀၁၇

 

 

စာကြည့်​တိုက်​(၈၇)

ေ​ဗဒါပန်း​တွေ
စာကြည့်​တိုက်​ထဲမှာ ပွင့်​​နေရဲ့
ပန်​လိုသူ​တွေ အလိုကျ
ပွင့်​​နေ​လေရဲ့။

 မောင်ထိန်လင်း(မြို့သာ)

၂၇.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၈၈ )

ဆောင်းနဲ့နှင်း
ပန်းနဲ့ပျား
အလှနဲ့အပြုံး
အသက်နဲ့သီလ ယှဉ်တွဲပြအနုပညာလေ
မြို့၊ ရွာနဲ့ စာကြည့်တိုက်လည်း
လိုက်ဖက်တဲ့အလှပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၁.၂၀၁၇

 

 

 

 

 

 

စာကြည့်တိုက်(၈၉)

လောဘထဲမှာ
ပညာလောဘက
လောကကြီးမှာအမွန်မြတ်ဆုံး
လောကကြီးကို အလှဆင်နိုင်ဆုံး
လောကကြီးကို ငြိမ်းချမ်းစေနိုင်ဆုံး
သူတို့တတွေ နှလုံးသားမပျောက်ဆုံးရင်ပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၉၀)

ထာဝရကုသိုလ်တွေမှာ လမ်းဖောက်၊ လမ်းပြင် ပါတယ်
နောင်လာနောက်သားတွေအတွက်
အနာဂတ်အထိ လမ်းဖောက်လိုက်ရအောင်။
အပယ်တံခါးပိတ်စေတဲ့ကုသိုလ်တွေမှာ ဘုရားတည် ပါတယ်
နှလုံးသားတွေပေါ်မှာ ဘုရားတည်ကြရအောင်။
မှောင်မှန်းသိရင် မီးထွန်းရမှာပေါ့။

မောင်ထိန်လင်း(မြို့သာ)
၃၀.၁၁.၂၀၁၇

 

 

စာကြည့်တိုက်(၉၁)

ချမ်းအေးမှ ခြုံစောင်ကို သတိရသလိုမျိုး
ငြီးငွေ့မှ အိမ်ထမင်းကို သတိရသလိုမျိုး
ခက်ခဲမှ အဖော်ကောင်းကို သတိရသလိုမျိုး
စာကြည့်တိုက် ဆိုတာ
အကြံဆင်းရဲ
ဉာဏ်ဆင်းရဲ
ကံဆင်းရဲမှ သတိရသလိုမျိုး။

မောင်ထိန်လင်း(မြို့သာ)

၁.၁၂.၂၀၁၇

 

 

 

 

 

 

 

 

စာကြည့်တိုက်(၉၂)

ဆေးဆရာတစ်ယောက်က လူ ဘယ်နှယောက်ကယ်တင်နိုင်သလဲ
ဆရာတစ်ယောက်က ပို ကယ်တင်နိုင်တယ်
အသက်ဝင်နေတဲ့စာကြည့်တိုက်က ပို ကယ်တင်နိုင်တယ်။

မောင်ထိန်လင်း(မြို့သာ)

၂.၁၂.၂၀၁၇

 

 

စာကြည့်​တိုက်​ ၉၃

ဘာလို့ ဒီလိုလုပ်​သလဲ ​မေးရင်
အ​ကြောင်းပြချက်​ ခိုင်​ခိုင်​လုံလုံရှိပါတယ်
လုပ်​ချင်​လို့ လုပ်​တာ
ဒီလို​ဖြေလိုက်​မယ်
လုပ်​သင့်​တယ်​ထင်​လို့ လုပ်​ချင်​လာတာပါ။

 မောင်ထိန်လင်း(မြို့သာ)

၃.၁၂.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၉၄)

ဘယ်နေရာများ စီးဝင်သွားတာလဲ
ဘယ်နေရာများ ပျောက်ကွယ်သွားတာလဲ
အဲဒီ အပိုင်းအစလေးတွေ
တမှုန်စီ တစစီ တဖဲ့စီ ကောက်ဆက်လိုက်ရင်
စာအုပ်တွေ ခန်းနားတဲ့ နေရာ
ဖြစ်လာမယ်ဆိုတာ
မေ့နေလိုက်ကြတာ။

မောင်ထိန်လင်း(မြို့သာ)

၅.၁၂.၂၀၁၇

 

 

 

 

 

 

 

စာကြည့်တိုက်(၉၅)

လူ့လောကမှာ ဖျင်းတဲ့လူဆိုတာ မရှိဘူး
စာညံ့တာကို ပြောတာလား
အယ်ဒီဆင် စာညံ့
ဘွဲ့မရတာကို ပြောတာလား
ဘီဂိတ်ကြီး ဘွဲ့မရ
ဝင်ငွေကို ပြောတာလား
ဂေါ်ဂင်က ငမွဲ
မြန်မာပြည်သား ကဗျာဆရာလည်း ငမွဲ
ပျင်းတဲ့လူဆိုတာပဲ ရှိတယ်
ဒီနေ့ စာဖတ်ပျင်းရင် စာဖတ်တဲ့လူ နောက်လိုက်ပဲ။

မောင်ထိန်လင်း(မြို့သာ)

၆.၁၂.၂၀၁၇

 

စာကြည့်တိုက်(၉၆)

စောင့်နေတယ် မဆိုင်းဘူး
စောင့်နေတယ် မျှော်လင့်နေတယ်
ပင်ပန်းနေတဲ့သူကို ခရီးတတိုင်သွားခိုင်းသလိုပဲ
မျှော် တ လင့် လင့် စောင့်နေခိုင်းတာ ပင်ပန်းတယ်
စာကြည့်တိုက်ကလေးရေ ထွက်လာပါတော့ ပန်းပေးတယ်။

မောင်ထိန်လင်း(မြို့သာ)

၈.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၉၇) 

ရှိမှာပါ
အနာဂတ်မြန်မာကို လှပစေချင်တဲ့ဆန္ဒ
တစ်ရာတစ်ယောက်မက ရှိမှာပါ
သော့နဲ့သော့တံလို မတိုက်ဆိုင်သေးလို့နေမှာပါ
တစ်ရာ တစ်ယောက်မက
တစ်ထောင် တစ်ယောက်မက
တစ်သောင်း တစ်ယောက်မက ဖူးကြပွင့်ကြလိမ့်ဦးမယ်။

မောင်ထိန်လင်း(မြို့သာ)

၈.၁၂.၂၀၁၇

 

 

 

 

 

စာကြည့်တိုက်(၉၈)

တချို့နောင်တတွေက ပြုပြင်လို့မရတဲ့ အမှားတွေ
အဲဒီအထဲမှာ
စာကြည့်တိုက်ကလေးထဲ မလှူလိုက်ရဘူး ဆိုတာမျိုး
မပါစေချင်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၉.၁၂.၂၀၁၇

စာကြည့်တိုက်(၉၉)

ပွင့်နေ သီးနေတာသာ လူသိတာပါ
မျိုးစေ့ရှာ အပင်ပျိုး မြေဆွပေါင်းသင်ရတယ်ဆိုတာ
ဧည့်ခန်းထဲမှာချိပ်ထားတဲ့ဘွဲ့ဓါတ်ပုံလောက်

မလွယ်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၁၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၀)

အဖြေမှန်တာလေးကြည့်ပြီး
အောင်မြင်တယ် ကျရှုံးတယ် သတ်မှတ်မယ်ဆိုရင်
တစ်ထစ်ချင်းတက်လာတဲ့ ချွေးစက်တွေကို
မထီမဲ့မြင်ပြုရာရောက်တယ်။

မောင်ထိန်လင်း(မြို့သာ)

၁၁.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၁)

ကြည့်ရင် မြင်တယ်ဆိုတော့
မကြည့်ခဲ့လို့ မမြင်ခဲ့တာပေါ့လေ
ဘယ်ရွာ ဘယ်မြို့မှာ
စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားနေလဲ။

မောင်ထိန်လင်း(မြို့သာ)

၁၂.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၂)

မျှော်မှန်းလူ့သက်တမ်းကိုတောင် မစေ့ဘဲ
သေဆုံးရသူတွေလား
မေးမနေနဲ့
`မသိလို့´သေတာများတယ် တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၀၃)

အစာမှားရင် သေတာ ခပ်ရှားရှား
ဆရာမှားရင်
စာမှားရင် သေတာ ခပ်များများရယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၀၄)

မျှော်လင့်ခြင်းဆိုတာ
မျှော်လင့်ချက်ထားသူအတွက်
သီးသန့်ဝေတဲ့ “နှင်း´´
ကဲ… သက်ပြင်းတွေချမနေတော့နဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၅)

ကိုယ့်ခြေထောက်တွေက
ဘယ်ကိုဆွဲခေါ်နေသလဲလို့ သိပါ
စာကြည့်တိုက်ထဲရောက်အောင်ခေါ်လာတဲ့ခြေထောက်
မိတ်ဆွေခြေထောက်။

မောင်ထိန်လင်း(မြို့သာ)

၁၆.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၆)

သေချာတယ်
ဒီအချိုး ဒီအကျင့်မျိုး ဆိုရင်
စာကြည့်တိုက်ထဲ ခြေမချဘူးတာ
သေချာတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၈)

ငါစွဲပြုတ်နေတဲ့ အချိန်တွေ ရှိတယ်
စာဖတ်နေပါ့လား
ငါစွဲပြုတ်နေတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၀၉)

သံကောင်းတိုင်း ဓါးကောင်းမရနိုင်ဘူး
စာကြည့်တိုက်ထဲက ထွက်လာရင်တော့
ဓါးကောင်းတစ်လက် ပိုင်နိုင်မှာပါ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၀)

စာအုပ်တွေနဲ့ ဘ၀ကို မတည်ဆောက်ဘဲ
အတ္တတွေနဲ့ တည်ဆောက်နေတော့
ဘယ်ကလာ တောက်ပြောင်နေမှာလဲ။

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၂.၂၀၁၇

 

 

 

စာကြည့်တိုက်(၁၁၁)

နိဗ္ဗာန်မကူးနိုင်သေးရင်
အရူးတွေချည်းပဲ
အရူးကြီး၊ အရူးလေး ဒါပဲ ကွာမယ်
အရူးတွေထဲမှာတော့ စာရူးပေရူးက တမူးသာတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁၂.၂၀၁၇

 

 

 

 

စာကြည့်တိုက်(၁၁၂)

မည်သို့ပင်ဆိုစေကာမူ……တဲ့
အဂတိလေးပါးဆိုတာ
စာပေပညာဗဟုသုတနည်းပါးရခြင်းကို
မြစ်ဖျားခံလာတာချည်းပဲ။
မောင်ထိန်လင်း(မြို့သာ)
(Whatever Law says= မည်သို့ပင်ဆိုစေကာမူ(

၂၃.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၃)

အဓိကကတော့ စာနာစိတ်ပါပဲ
ကိုယ့်တုန်းက ရခဲ့ရင်လည်း ကိုယ့်လို ရပါစေပေါ့
ကိုယ့်တုန်းက မရခဲ့ရင်လည်း သူတို့လေးတွေ ရပါစေပေါ့။

မောင်ထိန်လင်း(မြို့သာ)

၂၄.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၄)

အကြွေးမှန်သမျှ အတိုးပေးရတာချည်းပဲ
စာကြွေးက ပိုဆိုးတယ်၊
ဘ၀နဲ့ရင်း ဆပ်ရလိမ့်မယ်။

မောင်ထိန်လင်း(မြို့သာ)

၂၅.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၅)

မှတ်ကျောက်တွေက အများကြီး
အချိန်မရွေး စစ်ဆေးနေမှာပဲ
အမြဲ ရွှေ ဖြစ်နေပါစေ။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၆)

(ဗုဒ္ဓသာသနာ စိရံ တိဌတု ….ပါ ဘုရား(

ပြီးတော့လည်း ပြီးသွားတာမျိုး
မိရိုးဖလာမျိုး
တာဝန်ကျေအလှူမျိုး မလှူချင်ဘူး
အသက်ဝင်နေတဲ့စာကြည့်တိုက်လိုမျိုး
လင်းပွင့်စေချင်တာ။

မောင်ထိန်လင်း(မြို့သာ)

၂၇.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၇)

သမင်တွေကို ဘယ်သူ မျက်စဉ်းခပ်ပေးသလဲ….တဲ့
ဆီအိုးထဲကျတဲ့ ၀ါဂွမ်းလိုမျိုး သဒ္ဓါရှင်တွေကို
ကြည်ညိုတာ၊
နတ်မြင်းပျံတောင်ပံခတ်သလို မြင်တတ်စေချင်တာ။

မောင်ထိန်လင်း(မြို့သာ)

၂၈.၁၂.၂၀၁၇

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၁၈)

တစ်နှစ်သာ ကုန်လို့သွားတယ်

ဘာတွေများ ရလိုက်သလဲ ဆန်းစစ်မိတယ်၊
ကျောင်းစာကြည့်တိုက်လေးအတွက်
တတ်နိုင်သလောက်လှူမိတယ်၊
ညောင်ပင်ကြီးတွေ ပေါက်တော့မှာပဲ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁၂.၂၀၁၇

 

 

စာကြည့်တိုက်(၁၁၉)

ဆရာဆိုတာ
သက်ရှိ သက်မဲ့ အသက် ဂုဏ်ဝါနဲ့ မဆိုင်ဘူး
ဉာဏ်ရည်ထူး၊ စိတ်ခွန်အားနဲ့ပဲ ဆိုင်တယ်
သရက်ပင်ကြည့်ပြီး မဟာဇနက တောထွက်သွားပြီလေ။

မောင်ထိန်လင်း(မြို့သာ)

၃၀.၁၂.၂၀၁၇

 

 

စာကြည့်​တိုက်​(၁၂၀)

လှူတဲ့သူက လှူပြီးပြီ​လေ
ယူတဲ့သူက
ယူနိုင်​​အောင်​ကြိုးစားရမယ်​မို့လား။

 မောင်ထိန်လင်း(မြို့သာ)

၃၁.၁၂.၂၀၁၇

 

စာကြည့်တိုက်(၁၂၁)

ကြည့်ပါ့လား
မြေကြီးမှီပြီး လုပ်ရတဲ့အလုပ်တွေက
အမှောင့်ပယောဂများတယ်
ဦးနှောက်ပေါ် စိုက်ပျိုးပါ။

မောင်ထိန်လင်း(မြို့သာ)

၂.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၂)

ကွန်ချက်ချည်းပဲပြမနေကြပါနဲ့…..
မနက်ဟင်းစာရအောင်
ငါးတစ်ကောင်၊ နှစ်ကောင်
အရင်ပေးပါ။

မောင်ထိန်လင်း(မြို့သာ)

၃.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၄)

မီး ပူတာပေါ့
ပညာနဲ့ကိုင်ရင် မပူဘူး။
(သီတဂူဆရာတော်(

မောင်ထိန်လင်း(မြို့သာ)

၅.၁.၂၀၁၈

 

 

စာကြည့်တိုက်)၁၂၅)

စိတ်ပါပြီးလက်မပါတဲ့အချိန်
လက်ပါပြီးစိတ်မပါတဲ့အချိန်
ခေါင်းနဲ့ကိုယ် အိုးစားကွဲနေတာပဲ။

မောင်ထိန်လင်း(မြို့သာ)

၆.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၆)

ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုတာ
မင်္ဂလာဆိုရင်
ခင်ဗျားဇာတိမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိပြီလား။

မောင်ထိန်လင်း(မြို့သာ)

၇.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၂၈)

ဘာအတွက်လှူကြတာလဲ……
လှူပြီး စိတ်ကျေနပ်
ကြည်နှူးဆွတ်ပျံ့နေရင်
နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့လေ။

မောင်ထိန်လင်း(မြို့သာ)

၉.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၃၀)

အဘိဓမ္မာမှာ
ရှောင်သင့်တာတင်မကဘူး
ပြုသင့်တာတွေပါ ဟောပြထားတယ်
သူ့အသတ် မသတ်ဘူး၊ သူ့အသက်လည်းရှည်စေရမယ်….တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၁.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၂)

လောကီအောင်မြင်မှုဆိုတာ
အောင်မြင်မှု သက်သက်မဟုတ်သလို
ကျဆုံးမှုဆိုတာလည်း ကျဆုံးမှုသက်သက်မဟုတ်ဘူး
အဲဒီလိုသိခဲ့တယ်။

မောင်ထိန်လင်း(မြို့သာ)

၁၃.၁.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၃၃)

တတ်နိုင်သူများအတွက် လွယ်လွန်းပြီး
မတတ်နိုင်သူတွေအတွက် ခက်လွန်းတယ်
အဲဒီ အစွန်းတွေကို မုန်းတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၄.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၄)

အပြောင်းအလဲကိုလိုလားရင်
ကိုယ်တိုင်လည်းအပြောင်းအလဲလုပ်ရမယ်….တဲ့
ဖောင်ဒေးရှင်းချပြီးမှ ဆောက်ပါ။

မောင်ထိန်လင်း(မြို့သာ)

၁၅.၁.၂၀၁၈

 

 

 

 

စာကြည့်တိုက်(၁၃၆)

ဘာသာရေးက မလိုပါဘူး
ကိုယ်ချင်းစာစိတ်လေးပဲ လိုတာ
ဘာသာရေးက မပိုပါဘူး
အတ္တစိတ်တွေသာ ပိုနေတာ။

မောင်ထိန်လင်း(မြို့သာ)

၁၇.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၇)

တောင်ကြီး ဖဝါးအောက်….
တစ်နေ့တစ်ခေါက် ဆိုကြည့်ရအောင်
စာကြည့်တိုက်လေး ဆောက်ချင်နေပြီ။

မောင်ထိန်လင်း(မြို့သာ)

၁၈.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၈)

လူမှောင်ခိုတွေသာမက
စာမှောင်ခိုတွေပါ ပေါများနေတဲ့အခါ
စာကြည့်တိုက်တွေက
အလင်းရောင်ကောင်းကောင်းရနေဖို့လိုတယ်။

မောင်ထိန်လင်း(မြို့သာ)

၁၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၃၉)

အဲသလောက်ထိ ချစ်ပြ
အနစ်နာခံပြစရာ မလိုပါဘူး
အုတ်တစ်ချပ် သဲတစ်ပွင့်စာပဲလိုတာပါ။

မောင်ထိန်လင်း(မြို့သာ)

၂၀.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၄၁)

……… မှာ ……… သားတွေ နေတာ မဆန်းဘူး
……… သားတွေ နေတဲ့ ……… မှာ
စာကြည့်တိုက်မရှိတာ ဆန်းတယ်၊
ကယ်တင်ရှင်မျှော်နေကြတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၂.၁.၂၀၁၈

 

 

 

 

 

 

စာကြည့်တိုက်(၁၄၄)

ပျော်ချင်ရင်
လွတ်လွတ်လပ်လပ် ပျော်ချင်ရင်
ငိုချင်ရင်
အဓိပ္ပါယ်ရှိရှိ ငိုချင်ရင်
စာ များများဖတ်ရတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၅.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၅)

တချို့စကားလုံးတွေက ချရေးထားဖို့ မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားရင် မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ မလိုဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ လိုတယ်၊
ခေတ်အဆက်ဆက် ပြောင်လက်နေဖို့ဆိုတာ………။

မောင်ထိန်လင်း(မြို့သာ)

၂၆.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၆)

အိမ်ထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
မြို့ထဲရွာထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
ပြည့်စုံပါစေ။

မောင်ထိန်လင်း(မြို့သာ)

၂၇.၁.၂၀၁၈

 

 

         

     

 

 

 

 

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၄၇)

ဖြစ်ရပါလို၏….ဆိုပြီး လှူလိုက်ကြတယ်
ဖြစ်ကြပါစေ….ဆိုပြီး မလှူမိကြဘူး
ထူးဆန်းတယ်
စာကြည့်တိုက်မှာ ဆုတောင်းနေစရာ မလိုတာပဲ၊
ပြည့်စုံသွားမယ်လေ။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၈)

တချို့အလုပ်တွေကတော့
အချိန်ယူရတယ်
အချိန်ယူမှ ကောင်းတယ်
တချို့အလုပ်တွေကတော့
အရှိန်ယူရတယ်
အရှိန်ယူမှ ကောင်းမယ်
စာကြည့်တိုက်လေးကတော့ အရှိန်ယူနေရတယ်။

မောင်ထိန်လင်း(မြို့သာ)

၂၉.၁.၂၀၁၈

 

 

စာကြည့်တိုက်(၁၄၉)

စောင့်တိုင်း မစားရဘူး
စောင့်စားတိုင်း ကောင်းတယ် မထင်နဲ့
စောင့်ပြီးမှ စားရရင်လည်း
ကောင်းမယ်မထင်ဘူး။

မောင်ထိန်လင်း(မြို့သာ)

၃၀.၁.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၅၀)

ငပုပ်က လ ကို တစ်ခါတလေမှ ဖမ်းမိတာပါ
စိတ်ကိုတော့ ဖမ်းထားလိုက်တာ
စာကြည့်တိုက်လေး စုန်းစုန်းမြုပ်လှပေါ့။

မောင်ထိန်လင်း(မြို့သာ)

၃၁.၁.၂၀၁၈

 

စာကြည့်တိုက်(၁၅၁)

လောကဓံ ဆိုတာ လောကဒဏ် မဟုတ်ဘူး
အသံတူပေမယ့်
အကြောင်းကွဲ တွေ များပြား
အခါး ဆိုတာတောင်
မခါးပါလားလို့ သိလာနိုင်တယ်။

မောင်ထိန်လင်း(မြို့သာ)

၁.၂.၂၀၁၈

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၅၂)

ထမင်းဝအောင်စားဖို့
ဝမ်းဗိုက်က မတင်းတိမ်သလို
မိုက်စိတ်ကလည်း မိုက်လုံးကြီးဖို့ မတင်းတိမ်ပေမယ့်
စာကြည့်တိုက်ကလေးတော့
ထမင်းတစ်စေ့အတွက် နပ်ကျော်ခဲ့ရပေါင်းများပြီ။

မောင်ထိန်လင်း(မြို့သာ)

၂.၂.၂၀၁၈

 

 

စာကြည့်တိုက်(၁၅၄)

အသေဝနာစ ဗာလာနံ….. တဲ့
စာကြည့်တိုက်ထဲ
ဝင်နေကြပါ။

မောင်ထိန်လင်း(မြို့သာ)

၎.၂.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၆၀)

တစ်လောကလုံးကို ချစ်သောမျက်လုံးဖြင့်
ကြည့်ရှုတတ်ဖို့ဆိုတာ
ငါထဲမှာ စာကိုရှာနိုင်ရမယ်တဲ့။

မောင်ထိန်လင်း(မြို့သာ)

၁၁.၂.၂၀၁၈

 

 

 

စာကြည့်တိုက်(၁၆၁)

အရိပ်

လောင်းရိပ်

အေးရိပ်…..။

မောင်ထိန်လင်း(မြို့သာ)

၁၁.၂.၂၀၁၈

 

 

(၁၆၃) စာကြည့်တိုက်

လူတွေရဲ့ သဘောထား
နေရာဒေသ
အချိန်ကာလပေါ်မူတည်ပြီး
တန်ဖိုး
ပြောင်းလဲသွားတယ်နော်!

မောင်ထိန်လင်း(မြို့သာ)

၁၇.၂.၂၀၁၈

 

 

 

 

 

 

 

 

 

စာကြည့်တိုက်(၁၆၅)

 

ဒုက္ကရစရိယာကျင့်နေတဲ့

စာကြည့်တိုက်လေး

ဘယ်နေ့တရားဦးဟောမလဲ

ကျွတ်တမ်းဝင်မယ့်သူတွေ

တချို့ မြေကြီးဖြစ်ကုန်ပြီ။

 

မောင်ထိန်လင်း(မြို့သာ)

၁၉.၃.၂၀၁၈

 

 

စာကြည့်တိုက် (၁၆၆)

မွေးနေ့မှာ
မမေ့သင့်တာတွေ မမေ့တာ
ဉာဏ်ပညာရဲ့ သော့တံပဲလေ
စာကြည့်တိုက်ကို ဖွင့်ခဲ့တယ်မို့လား။

အလှူရှင်၊ မွေးနေ့ရှင်ကိုမျိုးနေဇာအတွက်…..

မောင်ထိန်လင်း(မြို့သာ)

၂၁.၁၁.၂၀၁၈

 

 

 

 

 

တချို့ကဗျာလေးတွေကို ရှာမတွေ့တော့ပါဘူး။ တောထဲကို စွန့်ပစ်ခံရဖို့ သွားတဲ့ သူဆင်းရဲမိဘနှစ်ပါးရဲ့ ကလေးငယ်လေး၊ ပေါင်မုန့်လေးတွေ ဖဲ့ပြီး လမ်းမှတ်မိအောင် ကြိုးစားသလို….

တွေ့သလောက် ပြန်ကောက်ပြီး လာလမ်းကို မှန်းပြန်ခဲ့တယ်…..။

 

 

မောင်ထိန်လင်း(မြို့သာ)