စာနယ်ဇင်းကဗျာများ(၄၂)

(၄၂)

 

မောင်ထိန်လင်း(မြို့သာ)……………. ဝေမာနိကဘိုးတံနဲ့ထိုးတဲ့ တေးသွား

ပေါ်ပြူလာဂျာနယ်(၂၅.၁၀.၂၀၁၇)

 

ပါစပက်တစ်ကင်းဗက်တစ်ချက်ပေါ်မှာ

အပူရောင်ဆေးရောင်စုံ နေရာအနှံ လျှောက်ပုံပြီး

လက်နှစ်ဖက်နဲ့ အားကုန်စိတ်ကြိုက်ရေးခြစ်ပစ်ထားတယ်

ဆေးရုံတဲ့။

 

စရိတ်မျှပေး ကျန်းမာရေးကနေ

အခမဲ့ကျန်းမာရေးစနစ်ကို ခြံခုန်သွားတော့

စည်းရိုးကြားမှာ မညှပ်သင့်တာနဲ့ ဒုက္ခ တမိရဲ့

ဆေးရုံတဲ့။

 

အလကားကို တန်ဖိုးထားတဲ့ စိတ်ဓါတ်တွေနဲ့

တောမီးအားပေးချက်တွေ တဟုန်းဟုန်း

ဝန်ထမ်းတွေခမြာ မျက်နှာဖုံးကွာ ကွာကျလာတယ်

ပြည်သူ့ဆေးရုံတဲ့။

 

ဝန်ဆောင်မှုလှေကြီး နစ်တော့

အ၀တ်အစား၊ ပိုက်ဆံအိတ်အခြေနေကို မူတည်ပြီး

ဘောလီဘောပုတ်ထုတ်ရတာ အမော။

 

၉၆ ပါးကို တရားမွေ့လျော်တော့

ဓါးနဲ့ ကော်ထုတ်ရတဲ့ ဆူးချက်

တဆေးရုံလုံး ပွစာတက်ကုန်တာလဲ ကြည့်။

 

လူတိုင်း မူလတန်းစာ တက်ဖို့

ကပ်ထားတဲ့ ဆိုင်းဘုတ်တွေ လျှောက်ဖတ်ရုံနဲ့

ပညာတတ်ပုံဖမ်းနိုင်တယ်

အယ်အီးဒီတွေ ဘာတွေနဲ့။

 

လူနာတချို့က ဆံပင်ကောက်တော့

ပေါက်ပေါက် မြောက်မြောက် လာ

ဆေးလူမှုဆက်ဆံရေးတွေ ဘာတွေနဲ့

နေရာတကျ မပြုံးတတ်သူတွေကတော့ မပြုံးတတ်သေးပါဘူး

ခံယူချက်ဆိုတာ အောင်လက်မှတ်နဲ့ စာမတတ်ဘူး။

 

မောင်ထိန်လင်း(မြို့သာ)

၎.၂.၂၀၁၇ မနက် ၂း၁၇

Leave a comment