(၄၁)
မောင်ထိန်လင်း(မြို့သာ)……………နေရာ
ငြိမ်းချမ်းရေးအသံဂျာနယ်(၃၀.၅.၂၀၁၇)
ဘာအတွက်များ အရေးပါသလဲ
ထိုင်စရာ
အိပ်စရာ
လဲလျောင်းစရာ
တွေးစရာ ငေးစရာ
စောင့်ဆိုင်းစရာ
ဘာက အရေးပါသလဲ…
ကန်နံဘေး လျှောက်ရင်းတွေး တွေးရင်းလျှောက်
အုတ်ခုံစိမ်းနုနုတွေ
အညှီနံအန်တုထိုင်နေကြတယ်
တချို့အတွက် ပန်းခြံ
တချို့အတွက် ရုပ်ရှင်ရုံ
တချို့အတွက် ကားမှတ်တိုင်
တချို့အတွက် လူအိုရုံ
တချို့အတွက် ဓမ္မာရုံ
တချို့အတွက် တည်းခိုခန်း
ဆန်းပြားစွာ ဝိသကြုံ ဖန်ဆင်းထားတယ်
ဘာလို့ နေရာက အရေးပါသလဲ။