စာနယ်ဇင်းကဗျာများ(၃၉)

(၃၉)

မောင်ထိန်လင်း(မြို့သာ)………….ဆေးရုံပုံပြင်

သူရိန်နေမင်းတို့ရဲ့ ထွန်းလင်းရာ(ဇီးပင်ကြီး သင်တန်းသားများ) ၁၀.၅.၂၀၁၇

 

နဖူးက ဆံပင်စ မြှောက်ကြွ မြှောက်ကြွ လမ်းလျှောက်တတ်တော့

ငါ့ကို ဆရာဝန်တစ်ယောက် ထင်သတဲ့

အဲဒီဥပဓိ ခက်ပါဘိကွယ်

ငါ့မယ် ဆေးရုံအုပ်ကြီးက ငယ်ဆရာလို့ မပြောရဲဘူး

မိန်းမနဲ့ စကားများတိုင်း ဥပကကြီး ချေပတဲ့

ငါ့မှာ မိတ်ဆွေ ဇိန´´ ရှိတယ်ဆိုပြီး

နှစ်ပေါင်း ၄၅ ကြာမှ တွေ့ရသလိုမျိုး စိုးတယ်

အားကိုးကြတော့လည်း ထုံးစံအတိုင်း

သာဌေယျလှိုင်းတွေ ထလာတာပေါ့။

ကျတော်က….တဲ့

သူက ပြောတယ်၊ အရင် ၆ နှစ်လောက်က တစ်ခါ

မုန့်ဆိုဒါ အဖောက်ခံဖူးသတဲ့

သီတဂူမှာ ၄၅ ရက်လောက် ပျောက်သလို ကုဖူး

ပူစီပေါင်းအရုပ်ကြီး ဆူးထိုးခံ

သောက်ဆေးတစ်ထုပ်နဲ့ အိမ်ပြန်လှခဲ့တယ်

ဆရာဝန်က နားခိုင်းပေမယ့်

ယောက်ျားမာန နားမရဘူး

အညာကနေ ခြေဖျားကူး ကော့သောင်းမှာ ရွှေသွားတူးလိုက်တယ်

ဖူးဖူးယောင်ထ ကျောက်ကပ်က ပညာပြလာတော့

သုံးလမကြာတဲ့ အလုပ်သမား

အူယားဖားယားနဲ့ ဆေးရုံရောက်လာရသတဲ့။

ဆေးရုံဆင်း လက်မှတ်နဲ့

ပြန်တက်ရမယ့် ရက်ရောက်လာပေမယ့်

အဲနေ့က ကျနော့ချဲဂဏန်း မထွက်ဘူးတဲ့

လှေထိန်းကြိုး မဖြေပဲ ဒီအတက် စောင့်နေတဲ့သူ

လူကြားထဲ ထိန်ဝါလာမှ

ရှိသမျှ ခြစ်ခြုတ် ကုပ်ကုပ်အလေး တက်လာတယ်တဲ့။

ဒီတစ်ခါ ဆင်းပေမယ့်

အင်္ဂါ မှ ပြန်လာရဦးမှာ…..တဲ့

အပြီးပိုင် နှုတ်မဆက်နိုင်တဲ့သူတွေ၊

ကျောက်ကပ်ဆေးတာ

၇ ခါ ရှိပြီ …..ဆိုတဲ့ သူတွေ၊

အိမ်ဦး၊ ကြမ်းပြင်

အကြင်လင်မယား ဖြစ်နေတဲ့ သူတွေ၊

ဆေးရုံတံခါးပေါက်

မကြောက်တဲ့ သူတွေ။

ကျနော်…..ပြောရဦးမယ်

ခပ်ဖောဖောလေး ရောက်လာတော့

မွဲခြောက်ခြောက်တွေက အံ့ဖွယ်ဘနန်း

လာစမ်းကြည့်ကြတယ်

….အသားအရည် မပြောင်း၊ အံ့ဖွယ်ကောင်း…လို့တဲ့

စိတ်ထဲ ဆို့တတ် ပြောမထွက်ဘူး

ကျနော်က ဆေးဦးတာကိုး တိုးတိုးလေးမှ တိုးတိုးလေး

ပြောပြီး ပြေးထွက်ခဲ့တယ်။

ဆိုကရေးတီးလို အဆိပ်ခွက်ကို

လက်နဲ့ တည်ငြိမ်ငြိမ် စိမ်ပြေနပြေ မော့မချဘဲ

ရေတစ်ခွက်ကို ချိန်စက်သောက်နေရသူတွေ အကြောင်း

နောက်မှ ကောင်းကောင်းကြီးပြောပြဦးမယ်။

Leave a comment