(၃၁)
မောင်ထိန်လင်း(မြို့သာ)……………….. မင်္ဂလာဆောင်ကြမယ်
Family life မဂ္ဂဇင်း(ဧပြီလ၊ ၂၀၁၇)
တဦးနဲ့တဦး
ကြည်နှူးရွှင်ပြ
မေတ္တာမျှကြတာ မင်္ဂလာပေါ့။
သွေးဆာရက်စက်
အမူအယာနဲ့
စကားလုံးတွေနဲ့
လက်နက်အမျိုးမျိုးနဲ့
အာဏာတန်ခိုးနဲ့
လူ့တန်ဖိုး ခိုးဆိုးလုနှိုက်တာ
အမင်္ဂလာပေါ့။
ကမ္ဘာ
အရှေ့ခြမ်းနဲ့ အနောက်ခြမ်း
နိုင်ငံ
အထက်ပိုင်းနဲ့ အောက်ပိုင်း
မြို့ရွာ
မြို့တွင်းနဲ့ မြို့ပြင်
အဆင်ပြေလက်ဆက်ပေါင်းဖက်နိုင်ပါစေ။
တိတ်တခိုးပေါင်းသင်း
မရိုးသားခြင်းတွေ ကင်းစင်
လောကတခွင် မားမားမတ်
သစ္စာမြောက်ချစ်တတ်သူတွေအဖြစ်
ဂုဏ်ယူနိုင်အောင်
မင်္ဂလာဆောင်ကြမယ်…..
စကြ၀ဠာကို ဖိတ်ကြားမယ်။
မောင်ထိန်လင်း(မြို့သာ)
၁၉.၂.၂၀၁၇ မနက် ၅း၀၉နာရီ