စာနယ်ဇင်းကဗျာများ(၃၀)

(၃၀)

 

မောင်ထိန်လင်း(မြို့သာ)…………………… ဘာ့ကြောင့်များ

လွတ်လပ်လှိုင်း(၇.၆.၂၀၁၈)

 

.

နိဒါန်းဆည်းဆာ ထင်ခဲ့
ဘာကြောင့်များ လင်းကြက်မတွန်နိုင်တာလဲ၊

ကျေးငှက်သာရကာ နားစွင့်
ဘာကြောင့်များ အရင်လို ခွန်းမချိုတာလဲ၊

အလင်းပျို့ ရောင်ခြည်ဦးမှာ
ဘာကြောင့်များ ရွှေရည်မဖူးတာလဲ၊

ကားကူးကားဆက် သိမ်သိမ်မွေ့မွေ့

ဘဝသရုပ်ဖော် ပြတ်ပြတ်ထင်ထင်
မျက်မြင်အရုပ်ချပ်တွေ မသိမသာ

လက်ငင်းဆာလောင်မှုများ ဆက်သ
ဝါးမြိုသွားတဲ့ လောင်စာတွေ
ဘာကြောင့်များ ထစ်အသွားတာလဲ၊

ကြိုးတိုက်ရဲ့ ကဗျာနောက်ဆုံးပိုဒ်
ဘာ့ကြောင့်များ အလံဖြူ မစိုက်တာလဲ၊

နှလုံးသား ပြည်အိုင်းနာနဲ့လေ။

Leave a comment