စာနယ်ဇင်းကဗျာများ(၂၈)

(၂၈)

 

မောင်ထိန်လင်း(မြို့သာ)…………………. သင်္ကြန်ကို ကျော်လွန်၍

သူရိယအလင်း(၂.၅.၂၀၁၈)

 

ကြံရည်ခွက်ထဲ ပြုတ်ကျသွားတဲ့ ယင်ကောင်တွေ

တစ်လောင်း

နှစ်လောင်း

သုံး လေးလောင်း

ဘယ်နေရာ ခေတ်မကောင်းတာလဲ ပြောခဲ့ဦး။

 

တဲအပြင်ထွက်တော့ မိတ်ကပ်အဖွေးသား

သလုံးသား ဝဲစို ဝဲခြောက်

ကမောက်ကမဝတ္ထုတွေ ခံစားဖူးပါရဲ့

ခုထိ ခေတ်မီနေတုန်း။

 

ပျော်ချင်ရင် ဘရိတ်ကလေးနဲ့ ပျော်ပေါ့

တိုင်းပြည်ကိုတော့ အရှိန်ကလေးနဲ့ မောင်းနှင်ပေါ့

သရုပ်ပျက်ကိုပဲ မော်ဒန်အမည်တပ်နေတော့

မော်ဒန်တိုင်းပြည်က မော်ဒန်လူတန်းစား

မော်ဒန်လူတန်းစားမှ မော်ဒန်အတွေးအခေါ်

မော်ဒန်အတွေးအခေါ်မှ မော်ဒန်သိမှုပညာ

ဘယ်နေရာက စ ဘယ်နေရာဆုံးမှာလဲ ပြောခဲ့ဦး။

 

စစ်တစ်ပွဲပြီး အလောင်းကောက်

ပွဲတစ်ပွဲပြီး အမှိုက်ကောက်

ဒါပဲ မက်လောက်စရာမဟုတ်လား။

Leave a comment