(၂၇)
မောင်ထိန်လင်း(မြို့သာ)…………………………. မိမိကိုယ်ကို ခြေထိုးခြင်း
သစ်ခက်သံလွင်(၂၀.၁၂.၂၀၁၆)
ကမ္ဘာ့မြေဆွဲအားနဲ့ ကင်းလွတ်ခွင့်
အမြင့်ပေ နာနိုစက္ကန့် အရေအတွက်
အသက် ဒိတ် ဒိတ် တိုး
မိုးကောင်းကင် မျက်တောင်မခပ်
သွေးမပျက်ဘူး။
ရှူ သွင်း ရှူ ထုတ်ပေါင်း များစွာနဲ့
တကမ္ဘာတည်ခဲ့
ရှူ သွင်းပေါင်း များစွာနဲ့
နှလုံးသွေး နီခဲ့
ရှူ ထုတ်ပေါင်း များစွာနဲ့
ဆံပင်ဖွေးဖြူခဲ့
ခေါင်းစဉ်ပေါင်း များစွာနဲ့
ကျားကန်ခဲ့
လက်ညှိုးပေါင်း များစွာနဲ့
အားမာန်ဖွဲ့
ဘဝဆိုတာ…များစွာနဲ့ များခဲ့တယ်။
အသက်ရှူ နည်း သင်တန်းဆင်း
ဒီပလိုမာ၊ ဘွဲ့တံဆိပ်၊ ပီအိပ်ခ်ျဒီ…
ရင်ဘတ်ပေါ် ညီညာတင်ပြီး
ငါ သေနေတာ
ခုနှစ်ပေါင်းများစွာ…
ဒါလည်း များစွာပဲ။