(၂၅)
မောင်ထိန်လင်း(မြို့သာ)…………………. ဓာတ်ပုံ
သစ်ခက်သံလွင်(၁၁.၄.၂၀၁၇)
ဖျတ်…ဖျတ်…ဖျတ်
တချို့အမှတ်တရတွေက
ကြည်နှူးမှုရသပေးစွမ်းနိုင်ကြ
အတိတ်ပြန်ပြောင်း
ဘဝဟောင်းထံ ပြန်ရောက်
နုနယ်ခြင်းအတောင်ပေါက်လာတယ်။
ချပ်…ချပ်…ချပ်
ဓာတ်ပုံမှတ်တမ်းတချို့က
လက်ရှိကာလထိအရေးပါ
သမိုင်းအထောက်အထား၊
ပြစ်မှုထင်ရှားရှိ မရှိ၊
လက်နက်ကိရိယာတခု
အသုံးပြုနိုင်တယ်။
ထက်…ထက်…ထက်
အသက်ဝင်နေတဲ့ ဓာတ်ပုံတွေ
ရင်ခုန်စရာ အနုပညာ
အရသာ ဝေမျှကြ
ပါရမီရှင်ရဲ့စာဂမှာ ဈာန်ဝင်စီးမျော
ဘဝအမောတွေ
ချေဖျက်နိုင်တယ်။
ဖျက်…ဖျက်…ဖျက်
ဒီဓာတ်ပုံတွေ ဖျက်ပစ်လိုက်
အဆွေးကွက် အရူးဇာတ်တွေ
မြင်ရသူ ကူးစက်
အေးဖို့ တစက်မရှိ
ထိမိတိုင်း လောင်မယ့် ငရဲမီး
ဖျက်ဆီးလိုက်မှကောင်းမယ်။