စာနယ်ဇင်းကဗျာများ(၂၃)

(၂၃)

မောင်ထိန်လင်း(မြို့သာ)…………….. မျိုးချစ်ရခြင်းအကြောင်း

ပြည်ချစ်သား(၂၆.၁၁.၂၀၁၆)

 

ဂလိုဘယ်လိုက်ဇေးရှင်း

ပေါက်ကွဲခြင်းအဆင့်ဆင့်

ရူပဗေဒပညာ ရင့်မှည့်လာတော့

ရေစီးဟာ ကြမ်း ကြမ်းလာတယ်။

 

အလှဒဿနမှာ

ယဉ်ကျေးမှုပဋိပက ဖြစ်

စိန်ခေါ်မှုအသစ်တွေကြားမှာ

ရိုးဂုဏ်ပျောက်သွားမှာ စိုးကြ။

တွဲရေး ခွဲရေးမှာ

စီးမျောရမှာလား၊

တသားတည်းလား၊

တန်းညှိမှာလား၊

လက်ခံနိုင်ဖွယ်အသစ် ထွင်မှာလား၊

လား… တွေကြားမှာ

အမျိုးဂုဏ်ပျောက်သွားမှာ စိုးကြ။

 

ဘယ်နေရာ ဘယ်ရောက်ရောက်

စည်းမပေါက်ခြင်းသည်သာ

မိုးခါးရေ မသောက်ခြင်းသည်သာ

ထနောင်းရိပ်ညို ကွန်းခိုစဉ်ခဏ

သောက်ခဲ့ရတဲ့ ရေချမ်းစဉ် သတိရ

အေးမြစေလိုတဲ့ စိတ်သာ

အဓိကဆိုတဲ့အကြောင်း… ။

Leave a comment